ထိုင်းရောက် သျှမ်းအနုပညာရှင်များ စစ်ဘေးရှောင် သျှမ်းလူထုအတွက် ချင်းမိုင်တွင် အလှူခံထွက်



သျှမ်းပြည်အလယ်ပိုင်း စစ်ဘေးရှောင်များအား ကူညီရန်အတွက် ထိုင်းနိုင်ငံချင်းမိုင်မြို့မှ နာမည်ကြီး သျှမ်းအဆိုတော်နှင့် သျှမ်းမော်ဒယ်လ်မလေးမှ ဦးဆောင်ကာ ချင်းမိုင်ကတ်လုံဈေးကြီး နှင့်မြန်မာ နိုင်ငံသားများ အနေများသော နာမည်ကြီးဈေးများရှေ့တွင် အလှူခံထွက်ကြ ပါသည် ။


“ နိုဝင်ဘာလ ၂၉ ရက်ကစပြီးကျနော်တို့ အလှူခံစ ထွက်ပါတယ် ။ တော်လှန်ရေးတေးသီချင်းအဆို တော်ဆခဟ ရဲ့မျိုးဆက်လည်းဖြစ် တပည့်တပန်းလည်းဖြစ်တဲ့ အခု သျှမ်းအသိုင်းအဝိုင်းမှာရော ထိုင်းအသိုင်းအဝိုင်းမှာပါ နာမည်ကြီးနေတဲ့ စိုင်းလွမ့်ဝန်း ပေါ့နော် ။ သူက ဦးဆောင်တယ် ။ နောက်ပြီး တော့ ထိုင်းမော်ဒယ်လောကမှာ လူသိများတဲ့ သျှမ်းမော်ဒယ်မလေး နောင့်နဲန်း လည်းပါတယ် ။ ဒါ့အပြင် ကျနော်တို့ သိကျွမ်းခင်မင်တဲ့ ဓါတ်ပုံသမား ၊ တီးဝိုင်းသမား တွေထဲက လူငယ် အယောက် ၂၀ လောက်ပါ ပါတယ် ။ ကတ်လုံဈေးကြီး ၊ ချန့်ခင့် ဈေး ၊ ထနွန်ခွန်းတိန်း လို့ခေါ်ကြတဲ့ တနင်္ဂနွေနေ့  walking market  တွေမှာ အလှူခံပါတယ် ။” - ဟု ပါဝင်လှုပ်ရှားသည့်ချင်းမိုင်မှ သျှမ်းလူငယ်တဦး ဖြစ်သည့်  စိုင်းလှထွန်းက သျှမ်းသံတော်ဆင့်အား ပြောပြသည် ။


ထို့အပြင် တပတ်တခါဈေးဖြစ်သော ကတ်နတ်နှင့် မြန်မာနိုင်ငံသားနှင့် သျှမ်းလူမျိုးများ အဝင်များ သော စားသောက်ဆိုင်တို့တွင်လည်းဝင်ရောက် အလှူခံသွားမည်ဖြစ်ကြောင်း ၊ ယနေ့အထိ အလှူငွေ ဘတ် ၁ သောင်းနီးပါးရရှိပြီဖြစ်ကြောင်း ဆိုပါသည် ။


အလှူခံရာတွင် ဟော်လိုဂစ်တာတီးခတ်၍ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး သျှမ်းတေးသီချင်း သီဆိုခဲ့ကြကြောင်း သိရသည် ။


"ဇာတိချက်ကြွေ မွေးရပ်မြေနဲ့ ဝေးကွာနေရတဲ့ ကျနော်တို့  သျှမ်းရွှေ့ပြောင်းအလုပ်သမား လူငယ်တွေကလည်း ကျနော်တို့ သျှမ်းပြည်တွင်းမှာဖြစ်ပွါးနေတဲ့တိုက်ပွဲကြောင့် နေရပ်စွန့်ခွါ စစ်ဘေးရှောင်နေတဲ့သူတွေအတွက် တဖက်တလမ်းကနေ ကူညီချင်ပါတယ် ။ နည်း များ မဆို တတ်နိုင်တဲ့ဘက်ကပေါ့နော် ။ စစ်ဘေးရှောင်နေရတဲ့ ကျနော်တို့ အမျိုးတွေ အမြန်ဆုံးအိမ်ပြန်နိုင်ကြပါစေလို့လည်း အမြဲဆုတောင်းပေးတယ် ။ အခြေအနေလည်း အမြန်ဆုံး တည်ငြိမ်အေးချမ်းပါစေလို့ဆိုတောင်းပေးတယ် ။ ဒီကိုရောက်နေတဲ့ ရပ်နီးရပ်ဝေးက လူငယ်တွေကို ကျနော်တို့နဲ့လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ် ။" - ဟု စိုင်းလွမ့်ဝန်းက ပြောသည် ။


အလှူခံကာလကို တစ်လတိတိ အချိန်ထားရှိမည်ဖြစ်ပြီး အလှူခံငွေကိုလည်း ဘတ်ငွေ ၅ သောင်းရ အောင် အလှူခံသွားမည်ဖြစ်ကြောင်း အလှူခံသည့်အဖွဲ့မှ လှုပ်ရှားသူ လူငယ်များက ပြောသည် ။


အောက်တိုဘာလဆန်းက စတင်ဖြစ်ပွါးခဲ့သည့် သျှမ်းပြည်တိုးတက်ရေးပါတီနှင့် အစိုးရတပ်မတော် ကြား တိုက်ပွဲများကြောင့် နေရပ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံ တစ်သောင်း ကျော်ရှိပြီး ယနေ့တိုင် အိမ်မပြန်ကြရသေးကြောင်း ၊ ယခု တစ်ရက် နှစ်ရက်အတွင်း တိုက်ပွဲသံပစ်ခတ် တိုက်ခိုက် မှု သံငြိမ်နေသည်ဟုဆိုသော်လည်းငြားလည်း  တပ်အင်အားများဖြည့်တင်းနေမှုများကြောင့် မည်သူမှ ပြန်မနေရဲသေးကြောင်း ၊ လယ်ယာထွက်သီးနှံများ ပြန်သွားရိတ်သိမ်းပြီး စခန်းသို့ပြန်လာ ခိုလှုံနေကြ ကြောင်း စစ်ဘေးရှောင်များအရေး အကူအညီပေးနေသည့် လူငယ် စိုင်းကောန်းကပြောပြသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates