အနာဂါတ်အပြောင်းအလဲ မှာ လူထုပါဝင်ခွင့်ရရေး တောင်ကြီးတွင် ဆွေးနွေး



“ ငြိမ်းချမ်းရေးနှင့်  ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုင်ရာ သျှမ်းပြည်နယ်လူ ထု၏အသံ ” အလုပ်ရုံ ဆွေးနွေးပွဲတွင် သဘာဝသယံဇာတနှင့် သတ္တုတူးဖော်ခြင်းကိစ္စရပ်များ ၊ မြေယာသိမ်းဆည်း မှုပြဿနာများ ၊ တရားဥပဒေစိုးမိုးရေး နှင့်အုပ်ချုပ်ရေးဆိုင်ရာ ပြဿနာများဆွေးနွေးခဲ့ ကြောင်းသိရသည် ။


“ လူထုတွေခံစားနေရတဲ့ ပြဿနာတွေကို အခြေခံပြီး အနာဂါတ် အပြောင်း အလဲမှာ လူထုဟာ ဘယ်လိုပါဝင် ခွင့်ရမလဲဆိုတာကို ဆွေးနွေးဖို့အတွက် နောက်တက်မယ့် အစိုးရသစ်ကို ဒီကလူထုရဲ့အသံ တွေကိုကြား စေချင်လို့ဒီညီလာ ခံကိုကျင်း ပရခြင်းဖြစ်တယ် ” ဟု ယင်းဖိုရမ်ကျင်းပရေးကော်မတီမှ တာဝန် ရှိသူ တစ်ဦးဖြစ်သော ကိုမိုး ကပြောသည် ။


လက်ရှိ သျှမ်းပြည်နယ်တွင် မြေယာပြဿနာသည် အကြီးမား ဆုံးပြဿနာ တရပ်ဖြစ်ကြောင်း ၊ မြေယာပြသနာများ ဖြေရှင်းပေးဖို့အတွက် အာဏာပိုင်များထံ တိုင်ကြားစာများ အကြိမ်ကြိမ် ပေးပို့ခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိ ထူးခြားခြင်းမရှိသည့် အပေါ်များလည်း ဆွေးနွေး ကြပြီး လာမည့်အစိုးရသစ်တွင် တင်ပြမည်ဖြစ်ကြောင်း - သျှမ်းပြည်နယ်တောင် သူလယ် သမားများ နှင့်လယ်ယာလုပ်သားများသမဂ္ဂ အဖွဲ့မှ မငယ်ငယ်က ပြောသည် ။


“ သတ္တုနဲ့သယံဇာတ တူးဖော်တဲ့ကိစ္စရပ်တွေမှာလဲ ပွင့်လင်းမြင်သာမှု မရှိတာ တွေ လူထုကို အသိပေးခြင်းမရှိတာတွေ ကို လာမယ့်အစိုးရသစ်မှာ မဖြစ်စေ ချင်တော့ဘူး ၊ ကျနော်တို့ သျှမ်း ပြည်မှာ လက်ရှိသတ္တုတွင်းတွေနဲ့ ပတ်သက်ပြီး အက်ဆစ်တွေ ၊ ယမ်းတွေကို ဥပဒေမဲ့ သိုလှောင်တဲ့ ကိစ္စတွေ ဟာ ခုချိန်အရမ်းကို အန္တရာယ်များနေပြီ ” ဟု ရွာငံမြို့နေ ကိုမျိုးအောင်က ပြော သည် ။


သိန္ဒီမြို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ နန်းမွန်းဆိုင်ကမူ - “ ဒီကိစ္စတွေကို နောက်တက်မယ့် အစိုးရသစ်ကလည်း  ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ သိပ်မယုံကြည်ဘူး ။ ဒါပေမယ့်  လုပ်ရမှာက ကိုယ်တို့တာဝန်ဖြစ်နေတာကြောင့်  ဒီကအသံတွေကို လာမယ့်အစိုးရသစ်ကြား အောင်လုပ် ရမှာဖြစ်တယ် ။” ဟု ပြောသည် ။


“ ငြိမ်းချမ်းရေးနှင့်  ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုင်ရာ သျှမ်းပြည်နယ်လူ ထု၏အသံ ” အလုပ်ရုံ ဆွေးနွေးပွဲအား မြန်မာလူထုမဟာမိတ် (MPA) မှ ဦးစီးဦးဆောင်ကာ ဒီဇင်ဘာ (၁၅) ရက်မှ (၁၇) ရက် နေ့အထိ  တောင်ကြီးမြို့ ၊ သျှမ်းစာပေနှင့် ယဉ်ကျေးမှုခန်း ၌ ကျင်းပပြုလုပ် ခဲ့ပြီး သျှမ်းရှေ့ ၊ သျှမ်းတောင် ၊ သျှမ်းမြောက် မှ အရပ်ဖက်လူမှုအဖွဲ့အစည်းနှင့် ပါတီများနိုင်ငံ ရေး အဖွဲ့အစည်းများ ရာကျော်တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည် ။








 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates