လူထုအသံမှသည် နိုင်ငံရေးအပြောင်းအလဲဆီသို့ (တွေ့ဆုံမေးမြန်းခန်း)



“ ငြိမ်းချမ်းရေးနှင့်  ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုင်ရာ သျှမ်းပြည်နယ်လူ ထု၏အသံ ”  အလုပ်ရုံဆွေး နွေးပွဲကို သျှမ်းပြည်တောင်ပိုင်း မြို့တော်တောင်ကြီးမှာ ဒီဇင်ဘာလ ၁၅ ရက်ကနေ ၁၇ ရက်အထိကျင်းပခဲ့ပါ တယ် ။ မြန်မာလူထုမဟာမိတ် (MPA) မှ ဦးစီးပြီးကျင်းပတဲ့ဒီ ဆွေးနွေးပွဲကို သျှမ်းရှေ့ ၊ သျှမ်းတောင် ၊ သျှမ်းမြောက် မှ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ ပါတီများနိုင်ငံရေးအဖွဲ့ အစည်းများ ရာကျော်တက်ရောက်ခဲ့ကြကြောင်း သိရှိရပါတယ် ။ အလုပ်ရုံဆွေးနွေးကိုတက်ရောက်တဲ့ SNLD ကျားခေါင်း ပါတီ၏အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင် ကို သျှမ်းသံတော်ဆင့်က ယိင်းတိုင်းက တွေ့ဆုံမေးမြန်းထားပါတယ် ။


မေး ။  ။ “ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဆိုင်ရာ သျှမ်းပြည်နယ်လူ ထု၏အသံ ” အလုပ်ရုံဆွေးနွေးပွဲမှာ SNLD ပါတီကကိုယ်စားလှယ်လောင်းတွေ အများဆုံးတက်ရောက်ဖြစ် တယ်လို့ သိရ တယ် ဘာကြောင့်လို့ထင်လဲ ။ နောက်ပြီး ဒီဆွေးနွေးပွဲမှာ အများဆုံးကြားရတဲ့ ပြဿနာကဘာဖြစ်မလဲ ။


ဖြေ ။  ။ အားလုံးကတော့ မြေယာပြဿနာကိစ္စရပ်တွေများတယ် ။ လက်ရှိအနိုင်ရထားတဲ့ ကိုယ်စားလှယ်တွေဟာ ပြည်သူ့ကိုယ်စားလှယ်တွေပါ ၊ သူတို့တွေဟာ  လုထုနဲ့ကင်းကွာလို့မရပါဘူး ၊ သျှမ်းပြည် လူထုရဲ့အသံ သူတို့တွေဘာဖြစ်ချင်လဲ လာနားထောင်တာပေါ့ ၊ ဘယ်ဟာကို ဦးစားပေးရမလဲဆိုတော့ အကုန် လုံးနီးပါး ဦးစားပေးတွေရမယ့် ကိန်း ဖြစ်နေတယ် ။ ကံသေ ကံမ ပြောလို့မရဘူး ။ အတတ်နိုင်ဆုံးတော့ လုပ်သွားမယ် ။


မေး ။  ။ SNLD ပါတီရဲ့ ရှေ့လုပ်ငန်းစဉ် အကြောင်းသိပါရစေ ။


ဖြေ ။  ။ SNLD ကတော့လူထုရဲ့အသံကို နားထောင်ပြီးလုပ်သွားရမှာပဲ ၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး ၊ အမျိုးသားရင်ကြားစေ့ရေး ၊ ပြည်တွင်းစစ်တွေရပ် တန့်ဖို့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ဖြစ်တယ် ။


မေး ။  ။ SNLD ပါတီအနေနဲ့ ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေအပေါ် ဘယ်လိုထိန်းကျောင်း သွားဖို့ရှိလဲ ၊ ချုပ်ကိုင်မှုတွေရှိလား ။


ဖြေ ။  ။ ကျနော်တို့ ပါတီရဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး မတိမ်းမစောင်း အောင်ထိန်းကျောင်း ပေးတဲ့ အဆင့်တော့ရှိမယ် ၊ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားတာ ထိန်းချုပ်ထားတာမျိုး မရှိပါဘူး ။ လွတ်လွတ် လပ် လပ်ပဲဖြစ်ရမယ် ။ လူထုအသံအတိုင်းသူတို့လုပ်ရမယ် ။ လူထုအသံကိုလွှတ်တော်ပို့ရမယ် ။ ဒီလိုပဲ တစ်ပြိုင် နက်ထဲ ဌာနချုပ်ကိုလဲပို့ရမယ် ။ ပါတီကနေ အထောက်အကူ ပေးတာတွေ ၊ အကူအညီပေးတာတွေရှိမယ် ။


မေး ။  ။ ပါတီကနေ ကိုယ်စားလှယ်လောင်းတွေ အပေါ်ဘယ်လို ထောက်ပံ့မှုတွေ ၊ ပံ့ပိုးမှုတွေရှိ မလဲ ။


ဖြေ ။  ။ အကူအညီပေးဖို့တော့ ကျနော်တို့လွှတ်တော်ရေးရာ အထောက်အကူပြုအဖွဲ့တော့ဖွဲ့ ထားတယ် ။ အဲ့ဒီအတွက်ရန်ပုံငွေကိုလဲ သပ်သပ်ရှာထားတယ် ။ အဲ့ဒီအဖွဲ့ရဲ့ အပြင်ဖက်မှာလဲ အလွတ်တန်း ဥပဒေ အကြံပေးတွေရှိမယ် ။ ကိုယ်စားလှယ်လောင်းတွေကို ဥပဒေနဲ့ပတ်သက်တာတွေကို လေ့ကျင့် သင်ကြားပေးမယ် ။ အခြားသောသင်တန်းတွေပေးဖို့ လဲရှိပါတယ် ။


မေး ။  ။ SNLD ပါတီ နဲ့ NLD ပါတီ တို့ရှေ့ဆက်ပြီးဘယ်လိုပူးပေါင်း ဆောင်ရွက်သွားဖို့ရှိမလဲ ။


ဖြေ ။  ။ လောလောဆယ် ခုထိတော့ဘာမှ တွေ့ဆုံဆွေးနွေးတာမျိုးမရှိ သေးပါဘူး ။ ခါတိုင်းလဲဒီလို ပဲ တိုင်တိုင်ပင်ပင် လုပ်လာခဲ့တယ်ဆိုတော့ သူတို့တွေအလုပ်ပြီးတဲ့အချိန် ကျရင်တော့ တိုင်ပင်တာတွေ ရှိလာမှာပါ ။


မေး ။  ။ SNLD ပါတီကနေ သျှမ်းပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာနိုင် တယ်လို့နိုင်ငံရေး အသိုင်းအဝိုင်းရဲ့ထင်ကြေးပေးနေကြတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ ။


ဖြေ ။  ။ ဖြစ်သင့်တာကတပိုင်းပေါ့ ၊ ဖြစ်နိုင်တာကတော့ NLD က သမ္မတဖြစ်မယ် ၊ သမ္မတကသာ သျှမ်းပြည်နယ်ဝန်ကြီးချုပ်ကို ရွေးရမှာလေ သူ့သဘောအပေါ်မှာပဲ အများကြီးမူတည်ပါတယ် ။ ကျားခေါင်းပါတီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ လူထုကရွေးချယ်လို့အနိုင်ရရှိသွားတဲ့ ကိုယ်စားလှယ် ၄၀ ဦး ရှိပါတယ် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates