မိုင်းရှူးမြို့နယ် စစ်ဘေးရှောင် အမျိုးသားတဦး ကြိုးဆွဲချသေဆုံး
သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းရှူးမြို့နယ် ဟိုင်းပါကျေးရွာတွင် စစ်ဘေးရှောင်နေသည့် အသက် ၄၈ နှစ်အရွယ် စစ်ဘေးရှောင် တဦးက ဒုက္ခသည် စခန်းအနီးရှိသစ်ပင်ပေါ်တက်ကာ မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင် လိုက်သည်ဟု သိရသည် ။
ကြိုးဆွဲချသေဆုံးနေသည့် အိုက်နပ်ခေါ်အိုက်ယီ နှင့် အလောင်းလာယူသည့် ရွာသားများ သံဃာတော်များနှင့် အိုက်နပ်၏ ဇနီး
|
မိုင်းရှူးမြို့နယ် ဟိုင်းပါကျေးရွာအုပ်စု ကုန်းနိမ်ရွာသား အိုက်နပ် ခေါ် ယီမွန်း အသက် ၄၈ နှစ်သည် အလုပ်မလုပ်ရ ၊ ရပ်ရွာမပြန်ရသောကြောင့် မိသားစု အရေး အတွက် စိတ်ရောဂါ စွဲကပ်ကာ ပြီးခဲ့သည့်စနေနေ့ ဒီဇင်ဘာ ၁၉ ရက် က မိမိကိုယ်မိမိ အဆုံးစီရင်သွားသည်ဟု ဒုက္ခသည်အရေး ကူညီပေးနေသည့် နန်းစိန်က ပြောသည် ။
“ သူကပလောင် ၊ သူ့မိန်းမ က ၀မ့်ဆော့က။ နေ့တိုင်း ငူငူငိုင်ငိုင်နဲ့ လေ ။ တိုက်ပွဲကြောင့် စိတ်ရောဂါ စွဲသွားတယ်လို့ပြောတယ် ”- ဟု နန်းစိန် က ပြောသည် ။
သေဆုံးသူ အိုက်နပ်တွင် သားတဦးရှိပြီး လက်ရှိတွင် ဇနီးဖြစ်သူမှာလည်း ကိုယ်ဝန်ဆောင်ထားသည်ဟု ဆိုသည် ။ သီးခြားအတည်ပြုချက်မရသေးသည့် သတင်းအရ အိုက်နပ်သည် မူးယစ်ေ ဆးဝါးသုံးစွဲ သူတဦး လည်း ဖြစ်သည်ဟု ဆိုသည် ။
သျှမ်းပြည်တပ်မတော် SSPP/SSA အား အောက်တိုဘာ ၆ ရက်နေ့မှ စ၍ မြန်မာအစိုးရတပ် မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ကျေးသီး ၊ မိုင်းရှူး ၊ မိုင်းနောင် ၊ မိုင်းစံ ဒေသခံ တသောင်းကျော် စစ်ဘေးရှောင်ရသည် ။
နိုင်ဝင်ဘာလနှောင်းပိုင်းနှင့် ဒီဇင်ဘာလဆန်းပိုင်းက နှစ်ဘက်တွေ့ဆုံ ညှိနှိုင်းမှုကြောင့် တိုက်ပွဲ မဖြစ်တော့သော်လည်း ကျန်ရှိသည့် ဒုက္ခသည် သုံးထောင် နေရပ်ပြန်ရေးအတွက် တပ်မတော် စစ်ကြောင်းမှ ဟန့်တား ထားသည်ဟုလည်းစစ်ဘေးရှောင်များကပြောသည် ။
Tags: Crime, News