NCA စာချုပ် လက်မှတ်ရေးထိုးရန် ဝ နှင့် မိုင်းလားအား ဦးသိန်းဇော် သွားရောက်စည်းရုံး
ဒီဇင်ဘာ ၁၉ - ၂၁ ရက်နေ့အထိ သျှမ်းပြည် အရှေ့ပိုင်း ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်နှင့် သျှမ်းပြည်အရှေ့ပိုင်း အမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် ဌာနချုပ်များသို့ UPWC ဒုဥက္ကဌ ၂ ဦးသိန်းဇော် ဦးဆောင်သည့်အဖွဲ့က သွားရောက်ကာ လာမည့်နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်နိုင်ရန်အတွက် NCA စာချုပ် လက်မှတ်ရေးထိုးရန် သွားရောက် စည်းလုံးခဲ့သည်ဟု သိရသည် ။
ပန်ဆန်းမြို့သို့ ဦးသိန်းဇော်ရောက်ရှိစဉ် |
ဒီဇင်ဘာ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကောင်စီ ဒုတိယ ဥက္ကဌ ၂ ဦးသိန်းဇော်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ရဟတ်ယာဉ်နှစ်စီးဖြင့် ၀ ပြည်သွေးစည်းညီညွတ် ရေးပါတီ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSP/UWSA ဌာနချုပ်သို့ ရောက်ရှိခဲ့ကြောင်း ၊ ဒီဇင် ဘာ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင်မူ ပန်ဆန်းဌာနချုပ်မှ မိုင်းလားမြို့သို့ ကား ၁၃ စီးဖြင့် ဦးသိန်းဇော်နှင့်အဖွဲ့ ရောက်ရှိလာ ကြောင်း ၊ မိုင်းလားမြို့တွင် တည အိပ်ပြီး ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်း၌ မိုင်းလားမှ ကျိုင်းတုံသို့ ကားဖြင့်ထွက်ခွါသွားကြောင်း ၀ အရာရှိတဦးက ပြောသည် ။
ဦးသိန်းဇော်တို့အဖွဲ့၏ ခရီးစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ၂ အထူးစစ်ဆင်ရေး အဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် ၊ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဘုန်းမြင့် ၊ ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး တို့လည်းပါဝင်သည်ဟု သိရသည် ။
“ ကျနော်တို့က ထိုးဖို့မထိုးဖို့ ဘာမှ မဆုံးဖြတ်သေးဘူး ။ ဒါပေမယ့်ခေါင်းဆောင်တွေကိုလေ့ လာကြည့် တာတော့ နောင်တက်လာမယ့်အစိုးရမှာ ပိုပြီး အယုံအကြည် ပိုရှိနေတဲ့သဘော ။ အဓိက ကတော့ အပြော ၊ စာချုပ် နဲ့ အလုပ် ညီမျှဖို့လိုတယ်လေ ။ ဒါကြောင့်ပါ ” - ဟု အမည် မဖေါ်လိုသည့် ၀ အရာရှိ နောက်တဦး ကပြောသည် ။
အထူးဒေသ ၄ မိုင်းလား ခေါ် NDAA-ESS နှင့် အထူးဒေသ ၂ ၀ တပ်ဖွဲ့ UWSA တို့ သည် ၁၉၈၉ က ငြိမ်းချမ်းရေးစားချုပ် ၊ ၂၀၁၁ ခု ပြည်ထောင်စု အဆင့် အပစ်ခတ်ရပ်စဲရေး လက်မှတ် ငြိမ်းချမ်းရေး စာချုပ် လက်မှတ်ရေးထိုးထားပြီး ဖြစ်သောကြောင့် NCA လက်မှတ်မထိုး လိုတော့ဘဲ နိုင်ငံရေးတွင် တခါတည်းဆွေးနွေးပွဲတွင် တိုက်ရိုက်ပါဝင်ဖို့ရန် ဆန္ဒရှိသည် ။ အစိုးရဘက်ကမူ NCA စာချုပ် လက်မှတ် မထိုးလျှင် လာမည့်နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ခွင့်ပေးမည်ဖြစ်သော်လည်း အဆုံးအဖြတ်အတွက် မဲပေးပိုင်ခွင့် အခွင့်အရေးရှိမည် မဟုတ်ဟု ဆိုသည် ။
Tags: News, politic