ကော်တောဝ်လူသတ်မှု သေဒဏ်ချမှတ်မှုကြောင့် ထိုင်းအစိုးရအား လူထုထောင်ကျော်က တာချီလိတ်၌ ဆန္ဒပြ
ထိုင်းနိုင်ငံတောင်ပိုင်း ကော်တောဝ် ကျွန်းတွင် နိုင်ငံခြားသား ၂ ဦးအား သတ်ြ ဖတ် မှုဟုဆိုကာ ထိုင်းတရားရုံးက မြန်မာနိုင်ငံသား ၂ ဦးအား သေဒဏ်ပေးလိုက် သည့်အပေါ် လူထုထောင်ကျော်က တာချီလိတ်မြို့ နယ်စပ်တံတား ထိပ်၌ ဆန္ဒပြကြသည်ဟု သိရသည် ။
ဒီဇင်ဘာလ ၂၆ ရက်က တာချီလိတ်-မယ်ဆိုင်တံတားတွင် ဆန္ဒပြမှုတွေ့ရစဉ် |
ထိုင်းနိုင်ငံတောင်ပိုင်း ကော်တောဝ်ကျွန်း လူသတ်မှုတွင် ပြစ်မှုထင်ရှား သည်ဟုဆိုကာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား မောင်ဇော်လင်း နှင့် မောင်ဝင်းဇော်ထွန်း နှစ်ဦးအား သေဒဏ်ပေးလိုက်သည့် ထိုင်းနိုင်ငံတရား ရုံး၏ ဆုံးဖြတ်ချက်သည် မတရားသော စီရင်ချက် ဖြစ်သောကြောင့် အမှုပြန် လည်ဆန်းစစ်ပြီး ပစ်ဒဏ်လျှော့ချပေးပါရန် တောင်းဆိုကြသည်ဟု ဆိုသည် ။
တာချီလိတ်မြို့နေ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ စိုင်းအေး က “ လူထု က ဆန္ဒပြတဲ့ကိစ္စက ထိုင်းနိုင်ငံအစိုးရကနေ အမှုပြန်ဆန်း စစ်ပေး ဖို့တောင်းဆိုတာပါ ။ အဓိက ကတော့ သေဒဏ်ကနေထောင်ဒဏ် တသက် တကျွန်း ၊ ထောင်ဒဏ်တသက်တကျွန်း ကနေ ထောင်ဒဏ်နှစ်ရှည် အဲဒီ ကနေ နှစ် ၂၀ ၊ ၁၀ နှစ် စသဖြင့် ပစ်ဒဏ်လျှော့ပေါ့ပေးဖို့ ဆန္ဒပြကြ တာဖြစ်တယ် ” - သျှမ်းသံတော်ဆင့်သို့ပြောသည် ။
ကုန်သည်တဦးဖြစ်သူ စိုင်းနွန်းက - “ ဆန္ဒပြတာ ၁၀ - ၁၁ ကြားလေ ။ အဲဒီအချိန် တံတားပိတ် သွားတယ် ။ လုံခြုံရေးကိစ္စကြောင့်လို့ပြောတယ် ။ လူထုက ရာဂဏန်းကနေ ထောင်ဂဏန်း ဖြစ် သွားလို့ နှစ်နိုင်ငံအစိုးရက လန့်သွားပုံရပါတယ် ။ အဲဒီ့အချိန်ပြီးတော့ နေ့တိုင်းလိုဘဲ ပုံမှန်ပြန်ဖြစ် သွားတယ် ။ ပြသနာလဲ မရှိပါဘူး အေးအေးဆေးဆေးနဲ့ ပြီးသွားတယ် ”- ဟု ပြောသည် ။
၂၀၁၄ ခုနှစ်နှောင်းပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော်ေ တာဝ် ကျွန်းတွင် ဗြိတိန်နိုင်ငံသား စုံတွဲတတွဲအသတ် ခံရပြီးနောက် ဇော် လင်းနှင့် ဝင်းဇော်ထွန်းအား ထိုင်းအာဏာပိုင်များဖမ်းဆီးကာ တနှစ်ေ ကျာ် ထောင်ချခဲ့ပြီးနောက် ယခုနှစ် ဒီဇင်ဘာ ၂၄ ရက်က ၎င်းတို့ ၂ ဦး အား ကော်ဆမွီ တရားရုံးမှ သေဒဏ်ချမှတ်လိုက်သည် ။ ထိုင်းတရားရုံး၏ တရားစီရင်ချက်မှာ တရားမျှတမှုမရှိဟုဆိုကာ ဒီဇင်ဘာ ၂၄ နေ့ လည်ပိုင်း ကစပြီး မြန်မာနိုင်ငံရှိ ထိုင်းသံရုံးရှေ့တွင် စုဝေးကာဆန္ဒပြခဲ့ကြရာ မှာ ယနေ့အထိ ဆန္ဒ ပြမှုပျံ့ပွါးကြီးထွားလာခဲ့ပါသည် ။
Tags: Human Right, News