သေဒဏ်ချမှတ်ခံရသူ မြန်မာနိုင်ငံသား ၂ ဦးအတွက် တောင်ကြီးတွင် ဆုတောင်းပွဲလုပ်
ထိုင်းနိုင်ငံတွင် ဗြိတိန်နိုင်ငံသား ၂ ဦးအား သတ်ဖြတ်သည်ဟုဆိုကာ ထိုင်းအစိုးရမှ ဖမ်းဆီးသေဒဏ် ချမှတ်ထား သော မြန်မာနိုင်ငံသား နှစ်ဦးအတွက် တောင်ကြီးမြို့နေလူထုက ဒီဇင်ဘာလ (၂၆) ရက် နေ့က ၀တ်ပြုဆု တောင်းပွဲပြုလုပ်ခဲ့သည် ။
“ ထိုင်းသံရုံး ၊ ထိုင်းအစိုးရ နဲ့ထိုင်းတရားစီရင်ရေးကနေ ကျနော်တို့ မြန်မာ နိုင်ငံသားတွေကို မတရား ပြစ်ဒဏ်ချ ထားရာကနေ ချက်ချင်းပြန်လွှတ် ပေးဖို့ ကျနော်တို့ ဒီကနေ တောင်းဆိုပါတယ် ” ဟု ၀တ်ပြုဆုတောင်းပွဲအား ဦးဆောင်ကျင်းပ သူ ကိုကျော်မြတ်သူက ပြောသည် ။
“ ဇော်လင်းနှင့် ၀င်းဇော်ထွန်း မတရားသေဒဏ်ချခံရခြင်းမှ အမြန်ဆုံးအမှန် တရားပေါ်၍လွတ်ကင်း နိုင်ပါစေ ။ ထိုင်းနိုင်ငံမှမတရားပြစ်ဒဏ်ချမှတ်ထား သောမြန်မာနိုင်ငံသား (၂) ဦး ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့သေဒဏ် မှလွတ် ငြိမ်းချမ်းသာစေရန် ၀တ်ပြုဆုတောင်းပွဲ ” စသောဆုတောင်းစား တန်းများ ကိုင်ဆောင်၍ တောင်ကြီး မြို့ရှိဒေသခံရာကျော်က စူဠာမုနိလောက ချမ်းသာ စေတီတော် ရင်ပြင်ပေါ်တွင် ၀တ်ပြုဆုတောင်းပွဲကျင်းပခဲ့ခြင်း ဖြစ်ပြီး ဒီဇင်ဘာ (၃၀) ရက်နေ့တွင် ဆန္ဒဖော် ထုတ်သွားမည်ဟု သိရှိရပါသည် ။
၂၀၁၄ ခုနှစ်နှောင်းပိုင်းက ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သော ဗြိတိန် နိုင်ငံသား ၂ ဦး ဆူရတ် ဌာနီ ခရိုင် ကော်တောဝ်ကျွန်းတွင် သတ်ဖြတ် ခံရရာ အဆိုပါပတ်ဝန်းကျင်တွင် သွားလာလှုပ်ရှား နေ သော ဇော်လင်းနှင့် ၀င်းဇော်ထွန်း တို့အား ဖမ်းဆီးကာ ထောင်ချထားရာ တနှစ်နှင့် ၃ လ အကြာတွင် ထိုသို့သေဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည် ။
Tags: Human Right, News