စစ်ဘေးသင့်များ ကူညီကယ်ဆယ်ရေးနှင့် ပတ်သက်ပြီး “ နမ့်ခုံး ” သျှမ်းများပရဟိတအသင်းမှ သတင်းစာ ရှင်းလင်းပွဲပြုလုပ်
“ နမ့်ခုံး ” သျှမ်းများပရဟိတအသင်း (ဗဟို) မှ သျှမ်းပြည်နယ် (တောင်ပိုင်း) တွင်ဖြစ်ပွားခဲ့သော စစ်ဘေး သင့်ဒေသများသို့ ကယ်ဆယ်ကူညီခဲ့ခြင်းနှင့် ပြန်လည်ထူထောင်ရေးအတွက် စီစဉ်နေခြင်းများ နှင့် ပတ်သက်၍ ဒီဇင်ဘာ (၂၇) ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည် ။
နမ့်ခုံးရုံးတွင် ပြုလုပ်သည့် အဆိုပါသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်နားထောင်သူ ၄၀ ခန့်ရှိကြောင်းသိရသည် ။
သျှမ်းပြည်နယ် (တောင်ပိုင်း) တွင်ဖြစ်ပွားခဲ့သော စစ်ဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော အထောက်အပံ့များရရှိနိုင်ရန် EU ထံအကူ အညီတောင်းခံမှုများစီစဉ်ဆောင် ရွက်လျှက်ရှိကြောင်းနှင့် ဒုက္ခသည်များ ငြိမ်းချမ်းစွာနေရပ်ပြန်နိုင် ရေးအတွက် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်နှင့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ထံ မေတ္တာ ရပ်ခံ တောင်းဆိုထားကြောင်း “ နမ့်ခုံး ” သျှမ်းများပရဟိတ အသင်း (ဗဟို) ကော်မတီဝင်များထံမှ သိရသည် ။
“ ပြည်တွင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ “ နမ့်ခုံး ” သျှမ်းများပရဟိတအသင်း ဟာ လူမျိုးရေးခွဲခြားပြီးအကူ အညီပေးနေတယ် - ဒုက္ခသည်များ နေရပ်သို့ ပြန်ဖို့ ဖိအားပေးမှုများနေတယ် ဆိုတဲ့အချက်တွေဟာ မှန်ကန်မှု မရှိပါ ဘူး ။ ကျနော်တို့အသင်းဟာ လူမျိုးရေး၊ ဘာသာရေးမခွဲခြားပဲ အားလုံးကို တန်းတူ ညီမျှအကူအညီပေးခဲ့ပါတယ် ။ မိုင်းရှူးမြို့နယ် ၊ ၀မ်ဆော့ရွာမှာ ရှိတဲ့ နမ့်ခုံး အဖွဲ့ခွဲဆီကို ဒေသခံ တစ်ဦးက ဆီတွေ ၊ ဆန်တွေ တောင်းပြီး ခြိမ်းခြောက်မှုတွေလုပ်နေ တွေခံနေရပါ တယ် ” ဟု “ နမ့်ခုံး ” သျှမ်းများပရဟိတ အသင်း ၏အတွင်းရေးမှူး ဦးစိုင်းဆိုင်မိုင်းက ရှင်းလင်းပြောကြားသည် ။
လက်ရှိတွင် အလှူရှင်များ လှူဒါန်းထားသော ဆန်အိတ်နှစ်ထောင်ကျော်နှင့် အလှူခံထားသောငွေ သိန်းတစ်ထောင်ခန့်ရှိသော်လည်း သောင်းချီသော ဒုက္ခသည်များအတွက် လုံလောက်မှု့မရှိသော ကြောင့် EU ထံ ကူအ ညီ တောင်း ခံမည်ဖြစ်သည်ဟု “ နမ့်ခုံး ” သျှမ်းများ ပရဟိတအဖွဲ့၏ ဥက္ကဌ ဦးစိုင်းထွန်းမြတ် ကပြောသည် ။
“ ဒုက္ခသည်တွေရဲ့ တောင်ယာစပါးတွေ ၊ ပြောင်းတွေ ၊ ကျွဲနွား ၊ ကြက်ဝက် တွေဆုံးရှုံးသွားပြီလေ ၊ ပျက်စီးသွားတဲ့လူနေအိမ်ကိုတော့ ကျနော်တို့ လက်သမားတွေခေါ်ပြီးအမိုးနဲ့ အကာနဲ့ပြန်နေနိုင်အောင် ပြင်ဆင်ပေးဖို့ ရှိပါတယ် ၊ လောလောဆယ်မှတော့ ဒုက္ခသည်တွေမပြန်ရဲဘူးဖြ စ်နေတယ် ” ဟု ၄င်းကဆက်လက်ပြောသည် ။
သျှမ်းပြည်နယ် (တောင်ပိုင်း) တွင်ဖြစ်ပွားခဲ့သော စစ်ဘေးသင့်ပြည်သူများ အတွက်ပြည်တွင်းပြည်ပ အလှူရှင်လှုမှုရေး အဖွဲ့အစည်းအသီးသီးမှ “ နမ့်ခုံး ” သျှမ်းများ ပရဟိတအဖွဲ့နှင့်ဆက်သွယ် လှူဒါန်းခြင်း သည်စစ်ဖြစ်နေသောဒေ သအချို့တွင် ၄င်းတို့အဖွဲ့၏ကွန်ရက်များ ရှိနေခြင်းအတွက်ချိတ်ဆက် ဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူရခြင်းသာဖြစ်ပြီး မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းနှင့်မှပတ် သက်ခြင်း ၊ လက်နက်ကိုင်အဖွဲ့အစည်းများ အားစားနပ်ရိက္ခာများ ထောက်ပံ့ပေးခြင်း လုံးဝမရှိခဲ့ကြောင်း ၊ ဗဟိုကော်မတီ ၀င်များက ဆိုသည် ။
“ နမ့်ခုံး ” သျှမ်းများပရဟိတအသင်းကို ၁၉၈၉ ခုနှစ်က ပြည်ထဲရေးနှင့် သာသနာရေးဦးစီးဌာနတို့မှ မှတ်ပုံတင်အမှတ် (၁၂၉၀) ဖြင့်ဖွဲ့စည်းခွင့်ပြုခဲ့ပြီး နာရေး ၊ သာရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ လူမှု ရေးလုပ်ငန်းများအား သျှမ်းပြည်တောင်ပိုင်းတွင် အစဉ်တစ်စိုက်ဆောင်ရွက်လျှက်ရှိသော လူမှုရေး အဖွဲ့အစည်းတစ်ခုဖြစ်သည် ။
Tags: News, Social