မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ရက် ဒုတိယအကြိမ် တွေ့ဆုံနှီးနှော ဖလှယ်ပွဲ ကျင်းပ
မန္တလေးမြို့ သာသနာ့ဝေပုလ္လကျောင်း (မူစယ်သျှမ်းကျောင်း) တွင် မြန်မာနိုင်ငံ လုံးဆိုင်ရာ သျှမ်း လူငယ်ကွန်ရက် ဒုတိယအကြိမ် တွေ့ဆုံနှီးနှောဖလှယ်ပွဲကို ဒီဇင်ဘာ ၂၇ ရက်နေ့ကစတင် ကျင်းပခဲ့သည် ။
မန္တလေးမြို့တွင်ကျင်းပလျှက်ရှိသော မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်များ (ဒုတိယအကြိမ်) တွေ့ဆုံနှီးနှောဖလှယ်ပွဲ
|
ကျနော်တို့ သျှမ်းလူငယ်ကွန်ရက်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သျှမ်းလူငယ် အနာဂတ်ရေးရာကို သျှမ်းလူငယ်ကဘဲ ဆုံးဖြတ်ရမယ် ။ သျှမ်းလူငယ်ရဲ့ လက်ထဲမှာဘဲ ရှိရမယ် - ဟု ၄င်းကပြောသည် ။
မိုးနဲမြို့ သျှမ်းလူငယ်ကွန်ရက်အဖွဲ့ဝင်တဦးက - “ ကနေ့ခေတ်လူငယ်တွေ စိတ်ဓါတ်ကြံ့ခိုင်ရမယ် ။ လူကြီးတွေရဲ့ ခြေဖျားလက်ဖျားတွေမှာ နေရာယူလာ နိုင်ရမယ် ။ ကျနော်တို့ စည်းလုံးညီညွတ်ရမယ် ။ ပြီးရင်တချိန်မှာ လူကြီးတွေ ကိုယ်စား ကိုယ့်ကံကြမ္မာ ကိုယ်တိုင်ဖန်တီးနိုင်စွမ်းရှိတဲ့ သူတွေဖြစ်လာစေ ရမယ် ” - ဟု ပြောဆိုလိုက်သည် ။
မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ရက် Leading Team 2nd Leader စိုင်းဝမ်းလျန်းမှ လူငယ်များအား နှုတ်ခွန်းဆက်ကြိုဆိုက ၃ ရက်တာ ကာလ အတွင်း ဆွေးနွေးမည့်အကြောင်းအရာ များကို ရှင်းလင်းတင်ပြခဲ့သည် ။
အဆိုပါတွေ့ဆုံနှီးနှောဖလှယ်ပွဲသို့ သျှမ်းပြည်နယ် ကချင်ပြည်နယ် စစ်ကိုင်းတိုင်း မန္တလေးတိုင်း ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းရှိ သျှမ်းလူငယ်အသီးသီး ၄၀၀ ကျော်တက်ရောက်ခဲ့သည် ။
မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ရက် တွေ့ဆုံနှီးနှောဖလှယ်ပွဲကို ဒီဇင်ဘာ ၂၇ မှ ၂၉ ရက်အထိ ၃ ရက်သာ ဆွေးနွေးသွားမည်ဖြစ်ပြီး ၂ နှစ် တာကာလအတွင်း သျှမ်းလူငယ်တို့၏ ရင်ဆိုင်နေရသော စိန်ခ်ါမှု ပြသနာ များ ဖြေရှင်းဖို့အပြင် လူငယ်များ၏ ဘဝ ရှေ့ရေးပိုမိုဖွံ့ဖြိုးတိုးတက်လာမှု စီမံ ကိန်းများကိုပူးပေါင်း ရေးဆွဲနိုင်ရန် ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည် ။
Tags: News, Social