သျှမ်းပြည်နယ် ရဲတပ်ဖွဲ့အား ဥရောပသမဂ္ဂ သင်တန်းပေး



တာင်ကြီးမြို့ ၊ ရဲသူရ ခန်းမတွင် မြန်မာနိုင်ငံရဲတပ် ဖွဲ့နှင့် ဥရောပသမဂ္ဂ  EU တို့ပူးပေါင်း၍ ဒီဇင် ဘာ ၁၄ ရက်နေ့ က ဖမ်းဆီးနည်း ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်း အနားပြုလုပ်ခဲ့ကြောင်း သိရသည် ။


“ ရဲတပ်ဖွဲ့ဝင်တွေဟာ တရားခံများကိုဖမ်းဆီးထိန်းသိမ်းတဲ့အခါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိ လာခဲ့ရင် သက်ဆိုင်ရာရဲစခန်းနဲ့  လူ့အခွင့်အရေးကော်မ ရှင်ထံ အမှုဖွင့်တိုင်ကြားနိုင်ပါတယ် ” ဟု သျှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူးစိုင်းနန် ကပြောသည် ။


ရဲတပ်ဖွဲ့ဝင်များမှ ရာဇဝတ်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးထိန်းသိမ်းသည့် နေရာတွင် ဥပဒေနှင့် အညီ ဖမ်းဆီးထိန်းသိမ်းတတ်ရန် ၊ EU မှလာရောက်ပို့ ချထားသည့် နည်းလမ်းအတိုင်းဆောင်ရွက်ရန် ၊ နိုင်ငံတကာမှလက်ခံ ကျင့်သုံးလျှက်ရှိသော စံချိန်စံညွန်းများအတိုင်း လိုက်နာဆောင်ရွက်နိုင်ရန် ၊ ဖမ်းဆီးရာတွင် မိမိတပ်ဖွဲ့ဝင်များ မလိုလားအပ်သည့်ထိခိုက်မှု ၊ အသက် အန္တရာယ်မရှိစေ ရေးအတွက် မိမိကိုယ်ကိုကာ ကွယ်ခုခံတတ်ရန် ရည်ရွယ်ကြောင်း သင်တန်းကျင်းပရသည့် ရည်ရွယ်ချက်အား ၄င်းက ဆက်လက်ရှင်းပြသည် ။


EU မှပို့ချသော ဖမ်းဆီးနည်း ဆင့်ပွားသင်တန်းအား ပြည်နယ်အလိုက် နည်းပြအရာရှိ (၄) ဦး မှတက်ရောက်ခဲ့ပြီး သက်ဆိုင်ရာ ခရိုင်အလိုက်ပြန် လည်ပို့ ချသွားမည် ဖြစ်ကြောင်းသိရှိရပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates