ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေး ပွဲတောင်ကြီးတွင် ကျင်းပ
“ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးဆိုင်ရာ သျှမ်းပြည်နယ် လူထု၏အသံ ” အလုပ်ရုံ ဆွေးနွေး ပွဲအား မြန်မာလူထုမဟာမိတ် (MPA) မှ ဒီဇင်ဘာ (၁၅) ရက်မှ (၁၇) ရက်နေ့အထိ တောင်ကြီးမြို့ ၊ သျှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမ ၌ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည် ။
ယင်းဖိုရမ်တွင် ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသည့် လူ့အဖွဲ့အစည်းများမှ ရင်ဆိုင်ကြုံတွေ့ နေကြရသည့် မြေယာ ၊ သဘာဝသယံဇာတများနှင့်အုပ် ချုပ်ရေးဆိုင် ရာများ ကြောင့် ဖြစ်ပေါ်လာရသည့် ပြဿနာများအားယေ ဘုယျ ခြုံငုံတင်ပြထားပြီး ထိုပြဿနာများကို ပြေလည်သွားစေရန်အတွက် လူထု၏ ကြိုးစားဆောင်ရွက် ခဲ့ပုံများကို တင်ပြထား မည်ဖြစ်ကြောင်း သိရသည် ။
သျှမ်းပြည်နယ်အတွင်းရှိ လူ့အဖွဲ့အစည်း ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးဆိုင်ရာ သျှမ်းပြည်နယ်လူထု၏အသံ စာအုပ်အား နိုင်ငံရေးသမားများနှင့် ၊ နိုင်ငံရေးပါတီများ ၊ ရွေးကောက်ခံလွှတ် တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ ကိုတင်ပြမည်ဖြစ်ပြီး ဖိုရမ်မှ ထွက်ရှိလာသည့် ရလာဒ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ (၁၇) ရက်နေ့ ညနေပိုင်းတွင်ပြုလုပ်သွား မည်ဖြစ်ကြောင်း ဆက်လက်သိရှိရပါသည် ။
Tags: News, politic