စစ်ကျွံမှာ နွံနစ်နေတဲ့ ဒုက္ခသည်တွေဟာ “ လူ ” တွေဆိုတာ မမေ့ပါနဲ့ ( ဝါရှောင်ဆရာတော် အရှင်ဝိဇရနှင့် တွေ့ဆုံမေးမြန်းခန်း )
ကချင်ပြည်နယ် မြစ်ကြီးနား ဝါရှောင်ဆရာတော် အရှင်ဝိဇရ ဦးဆောင်တဲ့ အဖွဲ့ဟာ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့က စစ်ဒဏ်ခံနေရတဲ့သူတွေထံကို ယခုအပတ်အစောပိုင်းက သွားရောက် ကူညီထောက်ပံ့မှုပေးခဲ့ပါတယ် ။ ဒီစစ်ရှောင်တွေ မိမိကျူးလွန်ခံနေရတဲ့အခွင့်အရေး ၊ မိမိရင်ဆိုင်ခံစားနေရတဲ့ အခက်အခဲနဲ့ ဒုက္ခတွေကို ကမ္ဘာကသိအောင် ပြော ပြဖို့ တိုက်တွန်းလိုက်ပါ တယ် ။ ဆရာတော်နဲ့အဖွဲ့ဟာ ဘာကြောင့် ကချင်ပြည်နယ်ကနေ သျှမ်းပြည် နယ်ကိုတကူးတက လာရသလဲ ။ သျှမ်းပြည်တွင်း နှင့် ကချင်ပြည်တွင်း စစ်ပြေးဒုက္ခသည်တွေ ဘယ်လို ကွာခြား သလဲ ။ သျှမ်းသံတော်ဆင့်က ဆိုင်ဖူးက တွေ့ဆုံမေးမြန်းထား ပါတယ် ။
မေး ။ ။ ဆရာတော်ဘုရား ဘာကြောင့် ဒီလောက်ဝေးလံတဲ့ခရီးကို ကိုယ်တိုင်ကြွချီရပါသလဲ ။ ဘာရည်ရွယ်ချက်ရှိလို့လဲဘုရား ။
ဖြေ ။ ။ ကချင်ပြည်နယ်မှာလည်း သျှမ်းလူမျိုးအများကြီးရှိတယ် ။ ၅ မျိုးလောက်ရှိတယ် ။ သျှမ်းပြည်ထဲမှာ စစ်ဖြစ်နေတယ် ပေါ့နော် ။ စစ်ဖြစ်တော့ လူထုက အတော်ဒုက္ခရောက်နေတယ်ဆိုတာ ကြားရတယ် ။ အဲ့ကြောင့် ကချင်ပြည် မှာ အဓိပတိဖြစ်တဲ့ သျှမ်းဆရာတော် ဝန်းသိုဆရာတော်ကြီး၊ နောက် သံယာတော်တွေ ၊ ပြည်ပရောက် ဘုန်းဘုန်းတို့အပါအဝင် ကချင်မှာ ရှိတဲ့ သျှမ်းတွေကနေတတ်နိုင်သလောက်စုပေါင်းပြီးတော့ ဒီ ဒုက္ခသည် တွေကို ကူညီဖို့ ဝမ်ဝ ဒုက္ခသစခန်းကို ရောက်လာခဲ့တာပါ ။ သျှမ်းအမျိုးအချင်းချင်းတွေ့ဆုံပြီး ခွန်အားတွေ ပေးရအောင်ဆိုပြီး ကချင်ပြည်နယ်ကနေ ဘုန်းဘုန်းတို့ လာခဲ့တာပါ ။ ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံပြီး ပေးကမ်းလှူဒါန်း ကူညီချင်လို့ ပါ ။
မေး ။ ။ ဝမ်ဝမှာ ရှိတဲ့ ဒုက္ခသည်တွေကို တွေ့ရတော့ ဘယ်လိုခံစားရလဲ ဘုရား ။
ဖြေ ။ ။ ဘုန်းဘုန်းတို့ ကြည့်လိုက်တော့ သူတို့တွေက မြန်မာစကား မပြော တတ်ဘူး ။ နောက်ပြီးတော့ ကိုယ့်ရဲ့ အခွင့် အရေးပေါ့ ။ ကိုယ်ဖြစ်နေတဲ့ ကြုံတွေ့နေရတဲ့ ခံစားချက်တွေ သူတို့ ပြန်မပြောပြတတ်ဘူး ။ တတ်နိုင်ရင် သူတို့တွေ အကြောင်း ၊ သူတို့တွေ မတောင်းဆိုတတ်တဲ့ သူတို့ရဲ့လိုအပ် မှုတွေ အတွက် ဘုန်းဘုန်းတို့ အော်ပြီး ပြောပေးချင်တယ် ။ ဒီဒုက္ခတွေကနေ အမြန်ဆုံးလွှတ်ငြိမ်းစေလိုတယ် ။ တာဝန်ရှိ ပုဂ္ဂိုလ်တွေ ဘာဖြစ်လို့ ဒီလောက်အထိ အကြာကြီး အချိန်ဆွဲ စောင့်ကြည့်နေရတာလဲ ။ ကျနော် ကျမတို့ သျှမ်းပြည်သူတွေ အရမ်းဒုက္ခရောက်နေပါတယ် ။ ကျနော် ကျမတို့ ဘာအပြစ်ရှိသလဲပေါ့နော် အဲ့ဒါလေးကို ကူပြီး အော်ပြောပေးချင်တယ် ။
မေး ။ ။ ကချင်ပြည်နယ်မှာ ရှိတဲ့ ဒုက္ခသည်တွေနဲ့ သျှမ်းပြည်မှာ ရှိတဲ့ ဒုက္ခသည်တွေ ဘယ်လို ကွာခြားမှုရှိပါသလဲ ။
ဖြေ ။ ။ ကချင်ပြည်မှာ ရှိတဲ့ ဒုက္ခသည်က နှစ်မျိုးရှိတယ်။ ကချင်ဒုက္ခသ ည် နဲ့ သျှမ်းဒုက္ခသည်ပေါ့ ။ သျှမ်းဒုက္ခသည် တွေက ဘုန်းကြီးကျောင်း မှာ လေးနှစ်ကျော် ငါးနှစ်ရှိပြီ ။ နှစ်သစ်တောင်ရောက်တော့မယ် သူတို့က မပြန်ရသေးဘူး ။ ဒါပေမယ့် ဘာကွာလဲဆိုတော့ ဒီသျှမ်းပြည်က သျှမ်းဒုက္ခသည်တွေက တအားရိုးသားတယ် ။ တောထဲ တောင်ထဲမှာေ နကြတော့ ဒီလို ဒုက္ခရောက်လာရင် သူတို့တွေက မပြောတတ် မဆိုတတ်ဘူးလေ ။ ကချင်ပြည် က ဒုက္ခသည်တွေက ဘာဖြစ်လဲဆိုတော့ နီးစပ် ရာ ဘုန်းကြီးကျောင်းတွေ ခရိယာန်ချပ်ကျောင်းတွေမှာခိုလှုံရတော့ သူတို့က ပြောတတ်ဆိုတတ်တယ် ။ မြန်မာစကား ကျွမ်း ကျွမ်းကျင်ကျင်တတ်တယ် ။ လူမှုဆက်ဆံရေးဘက်မှာ အားကောင်းတယ်ပေါ့ ။ ဒီဘက်မှာကျတော့ လယ်ဘဲလုပ်တယ် ။ မြန်မာ စကား မတတ်တော့ သူတို့ခမျာ ပိုပြီးတော့မှ ဒုက္ခရောက်တယ်ပေါ့ ။ မပြော တတ် မဆိုတတ်တော့ ပိုဒုက္ခရောက်တယ်ပေါ့ ။ ဒီဘက်အားတက်စရာ တစ်ခုက သျှမ်းသံဃာတော်တွေ လှုမှုအဖွဲ့အစည်းတွေ ဝိုင်းဝန်းပြီးတော့ ကူညီတာပေါ့ ။ အခုတောင် ဘုန်းဘုန်းတို့လာတာ သျှမ်းဆရာတော် ကိုယ်တိုင်က လိုက်ပို့ကူညီပေးတယ်လေ ။
မေး ။ ။ သျှမ်းပြည်တွင်းက ဒုက္ခသည်တွေကို ဘယ်လိုအကြံ ပေးချင် ပါသလဲ ။
ဖြေ ။ ။ ဘုန်းဘုန်း အနေနဲ့ အကြံပေးချင်တာကတော့ - ဥပမာပေါ့နော် သျှမ်းပြည်က စစ်ပွဲနဲ့ ကချင်စစ်ပွဲက ဖြစ်တာခြင်းကွာ တယ်ပေါ့နော် ။ ကချင် စစ်ပွဲဆို တစ်ခါတည်း ကမ္ဘာကျော်သွားတယ် ။ သူတို့ မီဒီယာလည်း အားကောင်းတယ် ။ မြန်မာ တစ်ပြည် လုံးသိအောင် မြန်မာ စကားကျွမ်းကျွမ်း ကျင်ကျင်ပြောတတ်ရမယ် ။ ကောင်းကောင်းမွန်မွန် စာရေးတတ်ရ မယ် ။ အဲတာတွေ လိုအပ်တယ် ။
နောက်တစ်ခုက ဘုန်းဘုန်းတစ်ပါးတည်းလုပ်လို့မရဘူး ။ မထိရောက်ဘူး ။ သျှမ်းအားလုံးတညီတညွတ်တည်းလုပ်မှ အရာရောက်မယ် ။ ဒီသျှမ်းနှစ်သစ် ကူးပေါ့ ။ ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ နှစ်သစ်ကူးမှာ ဆုတောင်းပွဲနဲ့ အထူးဆင်နွဲမယ် ။ နှစ်သစ်ကူးကို ဆုတောင်းရင်း ကြိုဆိုတာပေါ့ ။ သျှမ်းနှစ် သစ်ကူးပွဲကနေ ရသမျှ ပိုက်ဆံတွေကို အကုန်လုံး ပြန်လည်ထူထောင်ရေး စခန်းမှာ လုပ်ဖို့အတွက် အနုပညာသမားတွေနဲ့ပေါင်းပြီးတော့ပေါ့ ။ ဥပမာ ကချင် စစ်ပွဲလိုမျိုးပေါ့ မနှောအလှည ဂီတ အဲ့လိုဘဲ သျှမ်းတွေလည်း ချယ်ရီ အလှည ဂီတ ဆိုတဲ့ တိုင်းရင်းသား ပေါင်းစုံပါတဲ့ ပြန်လည် ထူထောင်ရေး အတွက် ပေါ့ ။ သူတို့ကို ခွန်အားပေးတာပေါ့ ။ ဒီစစ်ပွဲဖြစ်သွားတာ သျှမ်းတွေ အားလုံး ညီညွတ်ပြီး မြန်မာပြည်ထဲမှာ သျှမ်းတွေအားလုံးဘယ်လောက်ရှိလဲ ဘယ်လောက်ထိ ညီညွတ်ကြလဲပေါ့ ။
မေး ။ ။ နောက်ဆုံးအနေနဲ့ ဘယ်လိုမိန့်မှာလိုပါသလဲ ။
ဖြေ ။ ။ အချစ်နဲ့ စစ်မှာမတရားတာမရှိဘူးပေါ့နော် ။ ဒါပေမယ့် ပြည်သူတွေ မှာ အသက်ရှိတယ်ဆိုတာ စစ်တိုက်တဲ့လူ တွေမေ့နေတာ ။ သူတို့သိတာက စဉ်းစားနေကြတာက စစ်တိုက်ပြီးရင် အောင်ပွဲခံဖို့ဘဲ ။ စစ်မြေပြင်မှာ မြေစာ ပင် ဖြစ်နေတာက တိုင်းရင်းသား ပြည်သူလူထုဖြစ်နေတယ် ။ အဲ့တော့ စစ်က ငြိမ်းချင်ရင်ငြိမ်းလိုရတယ် ။ မငြိမ်းချင်လို့သာ မငြိမ်းကြတာလေ ။ အဲ့တော့ ဘာဘဲ ပြောပြော စစ်က ရပ်ချိန်လဲ တန်ရုံမကဘူး - ပြောင်းလဲချိန်တန်ပြီ မဟုတ်ဘူး - ပြောင်းလဲချိန်ကို လွန်နေပြီ ။ စစ်ကလည်း ကျွံနေပြီ။ အဲ့တော့ ဘုန်းဘုန်းပြောချင်တာ အချစ်လွန်ရင် စစ်ကျွံဖြစ်တတ်တယ် ။ အဲ့တော့ စစ်ကျွံ ဖြစ်နေတာက နှစ်ဘက် စစ်တိုက်နေတာလေ အဲ့တော့ နှစ်ဘက်လုံးက စစ်ကျွံဖြစ်နေတာ ။ ဒါတွေကတော့ စစ်ကျွံမှာ နွံနစ်နေတဲ့ ဒုက္ခသည်တွေပေါ့ ။ ဘုန်းဘုန်း ဒါဘဲပြောချင်ပါတယ် ။
သျှမ်းပြည်အလယ်ပိုင်းမှာ အစိုးရတပ်နဲ့ သျှမ်းပြည်တပ်မတော်တို့ တိုက်ပွဲဖြစ် ပွါးနေကြတာ ၂ လနီးပါး ရှိပြီဖြစ်ပါတယ် ။ စစ်ဒဏ်ကြောင့်ေ ဒသခံ သောင်း နီးပါး နေရပ်ကစွန့်ခွါပြီး စခန်းမှာအခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ် ။ စစ်ရှောင်လူထု နေရပ်အမြန်ဆုံးပြန်လည်နေထိုင်နိုင်ဖို့အတွက်လည်း သျှမ်းအဖွဲ့အစည်းအသီးသီးက ကြိုးစားနေကြပါတယ် ။
Tags: Interview