RCSS နှင့် ပြည်ထောင်စုတပ်မတော် FUA စစ်ဦးစီးချုပ်တို့တွေ့ဆုံ TNLA အရေးဆွေးနွေး
သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ညီညွှတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ ပြည်ထောင်စုတပ်မတော် FUA ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ဘီထူး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်း နိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံကြသည်ဟု သိရသည် ။
၂၀၁၅ ဒီဇင်ဘာ ၁၅ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ RCSS နှင့် UNFC/FUA တို့၏ တွေ့ဆုံ မှုတွင် နိုင်ငံအရေးအကြောင်းကိစ္စရပ်များ ဆွေးနွေးဖလှယ်ခြင်း ၊ တိုင်းရင်းသားစည်းလုံးညီ ညွှတ်မှုပိုမိုခိုင်မြဲလာ စေရန် ဆွေးနွေးဖလှယ်ခြင်းတို့အပြင် သျှမ်းပြည်မြောက်ပိုင်း တအာင်း လက် နက် တပ်ဖွဲ့နှင့် ဖြစ်ပွားသည့် ကိစ္စရပ်များ ဖြေရှင်းနိုင်ရေးအတွက် ဆွေးနွေး ဖလှယ် ကြသည်ဟု သိရသည် ။
“ UNFC အစည်းအဝေး ဆုံးဖြတ်ချက်အရ UNFC အကြီးအကဲကနေ ကြားနေပြီး လာရောက် ဆွေးပေး ဖို့ပါ ။ ကျနော်တို့လဲ ပြောပြပါတယ် ။ ကျနော်တို့သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့နဲ့ ပလောင်နဲ့ ပဋိပက္ခတွေမရှိခဲ့ဖူးဘူး ။ အခုဖြစ်ပွားတဲ့ ပြဿနာကနေလဲ ကျနော် တို့က သူတို့ကို ရန်သူအနေနဲ့ သတ်မှတ် တာမရှိဘူး ။ ကျနော်တို့တွေက တမြေတည်းနေ တရေတည်းသောက် တဲ့ ညီအစ်ကိုတွေဘဲ ” - ဟု ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည် ။
သျှမ်းပြည်တော် RCSS/SSA နှင့် တအာင်းလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တို့ သည် နိုဝင်ဘာလနှောင်းပိုင်းမှစ၍ ယနေ့ အထိ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်း နယ်မြေ အငြင်းပွားမှု ဖြစ်ပွားခဲ့သည် ။
သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် နှင့်အတူ ဒုတိယ ဗိုလ်မှူးကြီးစိုင်းငင်း ၊ ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိန်း တို့ က ညီညွှတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ ပြည်ထောင်စုတပ်မတော် FUA ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူး ၊ UNFC တွဲဖက်အတွင်းရေးမှူး ၁ ဦးထွန်းဇော် နှင့် UNFC ၏ မွန်ပြည်သစ်ပါတီကိုယ်စားလှယ် နိုင်ရွန်တိန်းတို့ တွေ့ဆုံကြသည်ဟု ဆိုသည် ။
Tags: News, politic