သျှမ်းအမျိုးသား လူငယ်များကျောင်း SSSNY အပတ် ၁၅ သင်တန်း ဆင်းပွဲကျင်းပ
သျှမ်းအမျိုးသား လူငယ်များကျောင်း SSSNY အပတ် ၁၅ သင်တန်းဆင်းပွဲကို ထိုင်း - မြန်မာ နယ်စပ် တနေရာတွင်ကျင်းပရာ တက်ရောက်သူ ၁၀၀ ကျော်ရှိပါသည် ။ သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၉ ရက် တွင် ကျင်းပခဲ့သည် ။
သင်တန်းကျောင်းဒါရိုက်တာ နန်းချမ်တောင်းက သင်တန်းဆင်းပွဲတွင် - ကျောင်းသူကျောင်း သားများ သင်တန်းဆင်းပြီးတော့ ကိုယ့်အဖွဲ့အစည်း အတွင်းမှာပြန်လည်အလုပ်ဆင်းရ တော့မယ် ။ အခုဆိုရင် သျှမ်းပြည် တွင်းမှာ သျှမ်းပြည်လူထုက သဘောမတူဘဲ ဆန္ဒပြကန့် ကွက် နေတဲ့ ကြား က အရင်းရှင်နဲ့ အာဏာရှင်တွေ နားမထောင်ဘဲ ဇွတ်လုပ် နေတဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေ အများကြီးရှိနေတယ် ။ ဥပမာ သံလွင် မြစ် မိုင်းတုံ ရေကာတာလိုမျိုး ။ မိုင်းကိုင်ကျောက်မီးသွေး ၊ တာလေ နားဟိုင်းလုံ ရွှေတွင်းလိုမျိုးပေါ့နော် ။ သင်တန်းပြီးမြောက် သွားတဲ့ သူတွေ အားလုံး အဲဒီအတွက် ချိတ်ဆက်ပြီးတော့ အလုပ် လုပ်သွားရ မှာဖြစ်တယ် ။- ဟုပြောသည် ။
ယခုတပတ် သင်တန်းမှာမေလ မှ ဒီဇင်ဘာလအထိ ၆ လတာ သင်တန်းဖြစ်ပြီး သျှမ်းပြည် တွင်း အဖွဲ့အစည်းအသီးသီးမှလာရောက် လေ့လာသင်ယူသည့် သင်တန်းသား သင်တန်းသူ ၃၂ ရှိကြောင်းသိရသည် ။ သင်တန်းဆင်းပွဲတွင် သင်တန်းသားများက အက အလှများ၊ တေးသီချင်းများအပြင် ပြဇာတ်တို များဖြင့် ဖျော်ဖြေခဲ့ကြသည် ။
အဆိုပါသင်တန်းကျောင်းမှ အင်္ဂလိပ်ဘာသာ ၊ ဒီမိုကရေစီ ၊ လူ့အခွင့်အရေး ၊ လူမှုရေး ၊ သမိုင်း ၊ ကွန်ပြူတာအစရှိ ဘာသာရပ်ကြီး ၁၃ ခုကို ပို့ချသင်ကြားပေးသည်ဟု သိရသည် ။
Tags: Education, News