သျှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးကော်မတီ ခိုလမ်စစ်တိုင်းရုံး၌ဖွဲ့စည်း
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရလခ စစ်တိုင်းရုံး အခြေစိုက်ရာ သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ခိုလမ်မြို့ တွင်ကျင်းပသော အစည်းအဝေးမှ သျှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော် မတီ (JMC-S) အား ကော်မတီအဖွဲ့ဝင် ၁၄ ဦးဖြင့် ဂျန်န္နဝါရီလ ၉ နေ့က ဖွဲ့စည်းလိုက်သည် ။
JMC-S ဆွေးနွေးမှုမှ NCA စာချုပ်ပါ အချက်များလိုက်နာ ဆောင်ရွက်ကြရန် ၊ JMC-S ၏လုပ်ငန်း လမ်းညွှန်များ နှင့် နှစ်ဖက်တပ်များလိုက်နာရမည့် စစ်ဖက်ဆိုင်ရာကျင့်ဝတ်များ လိုက်နာဆောင် ရွက်ရန် စသည်တို့ပါရှိသည်ဟု ပြည် ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေး အတွင်းရေးမှူး ဒု ဗိုလ်မှူးကြီးဝဏ္ဏအောင် ကပြောသည် ။
" ပြည်နယ် အဆင့် JMC-S ဖွဲ့စည်းနိုင်တာ NCA သဘောတူစာချုပ်ထဲမှာ ပါတဲ့အတိုင်း ဒီငြိမ်းချမ်း ရေး ဖြစ်စဉ်ကို အထောက်အပံ့ ဖြစ်စေပါတယ် ။ ဒါပေမဲ့ ဒီဆွေးနွေးတဲ့ထဲမှာ တပ်နေရာချ ထားရေး နဲ့ ပတ်သက်လို့ စိတ်ထဲမှာ သိပ်ဘဝင်မကျဘူး ၊ ကျန်တဲ့ ဟာတွေကတော့ JMC-S ဖွဲ့စည်းနိုင်တာရယ် ရလာဒ်တွေ ကတော့ကောင်းပါတယ် ။ NCA လက်မှတ်ထိုးပြီး ပထမဆုံး တိုက်ပွဲဖြစ်တဲ့ အကြောင်း ဆွေးနွေးဖြစ်တဲ့ခါမှာ နောက်နောင် ဒီလိုကိစ္စမျိုးမဖြစ် အောင် နှစ်ဖက်လုံးက ထိန်းထိန်း သိမ်းသိမ်း နေသွားဖို့ ဒီလိုတွေ့ဆုံဆွေး နွေးဖြေရှင်းနိုင်ဖို့ သဘောတူညီမှုတွေ ရထားပါတယ် " ဟု RCSS မှ ဗိုလ်မှူး စိုင်းဦး ကပြောသည် ။
အစည်းအဝေးအား ကာကွယ်ရေးဝန်ကြီးဌာန မြန်မာ့တပ်မတော် အမှတ် ၂ စစ်ဆင်ရေးအထူး တပ်ဖွဲ့မှူး လည်းဖြစ် ပြည်ထောင်စု ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ ဥကဌ လည်းဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က တက်ရောက်မိန့်ခွန်း ပြောကြားကြောင်း ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွင် ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ဒုတိယ ဥက္ကဌ စောအိုင်းဇက်ဖိုးက မိန့်ခွန်း ပြောကြားခဲ့သည် ။
JMC-S ပြည်နယ်အဆင့် ဖွဲ့စည်းမှုတွင် RCSS /SSA မှ ကိုယ်စားလှယ် ၃ ဦးနှင့် PNLO ၊ တပ်မတော် ၊ အစိုးရ နှင့် အရပ်သားကိုယ်စားများပါဝင်သည့် သူဦးရေ ၅၀ ခန့် တက်ရောက်ပါသည် ။
Tags: News, politic