SSPP/SSA ဒု ဥက္ကဌ နှင့် ကစထ ၂ မှူး မိုင်းနောင်မြို့၌ တွေ့ဆုံ



သျှမ်းပြည်တပ်မတော် SSPP/SSA ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ခေးတိုင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ၂ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် တို့ သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ကျေးသီးမြို့ နယ် မိုင်းနောင်မြို့၌ တွေ့ဆုံကြသည် ။


ဂျန္နဝါရီ ၁၀ ရက်နေ့ က ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် ခေါင်းဆောင်သည့် ရလခ တိုင်းရုံးဌာနချုပ်၊ ရမခ တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ ပါဝင်သည့် အဖွဲ့နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော် SSPP/SSA ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ခေးတိုင်း နှင့် ရုံးအုပ် ဗိုလ်မှူးကြီး စိုင်းဆုတို့ မိုင်းနောင်မြို့ အမှတ် ၂ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်ရုံး၌ အလွတ်သဘော တွေ့ဆုံကြသည် ။


နိုဝင်ဘာလနှောင်းပိုင်းက နှစ်ဘက်တွေ့ဆုံမှုတွင် ပစ်ခတ်တိုက်ခိုက်မှုများအား ပူးပေါင်း စောင့်ကြည့်နိုင်ရန် မိုင်းနောင်မြို့၌ သျှမ်းပြည်တပ်မတော် အနေဖြင့် ကိုယ်စားလှယ်ရုံးထားရန် ဆွေးနွေးဆုံးဖြတ် ထားကြသည် ။


SSPP/SSA ဌာနချုပ်အရာရှိက တဦးက “ အလွတ်သဘောဘဲ တွေ့ဆုံကြ တာ၊ ဘာမှ သဘောတူ ဆုံးဖြတ်တာမရှိဘူး ” - ဟု သျှမ်းသံတော်ဆင့် သို့ပြော သည် ။


SSPP/SSA ၏ ပြောရေးဆိုခွင့်များအား သျှမ်းသံတော်ဆင့်မှ ဆက်သွယ်ေ မးမြန်းရန် ကြိုးစားသော် လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ ။


မြန်မာအစိုးရတပ်မတော်သည် သျှမ်းပြည်တပ်မတော် အား မိုင်းရှူး ၊ ကျေးသီး မြို့နယ် အတွင်း ကျူးကျော် စခန်းချ သည်ဟု ဆိုကာ ဂျက်တိုက်လေယာဉ်၊ တိုက်ပွဲဝင်ရဟတ်ယာဉ် နှင့် စစ်အင်အား ထောင်ဂဏန်းအား အသုံးပြု၍ ၂၀၁၅ အောက်တိုဘာ ၆ ရက် မှ နိုဝင်ဘာလနှောင်းပိုင်းအထိ နှစ်လ နီးပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည် ။


တိုက်ပွဲရပ်တန့်ရေးအတွက် ဒီဇင်ဘာ လဆန်းပိုင်း က ထိပ်တိုက်ရင်ဆိုင်သည့် နယ်မြေ အတွင်းမှ နှစ်ဘက်တပ်များ အသီးသီးဆုတ်ခွါမည်ဟု သဘောတူ ကြသော်လည်း လက်တကမ်းခန့်သာဆုတ်ပြီး ၂၄ နာရီအတွင်း ပစ်ခတ် တိုက် ခိုက်မှုများ အချိန်မရွေး ပေါ်ပေါက်နိုင်သောကြောင့် ဒေသခံ စစ်ဘေးေ ရှာင် များ နေရပ်ပြန်ရန်အခက်အခဲ ရှိနေဆဲဖြစ်သည် ။


ဓါတ်ပုံ- ဒီဇင်ဘာလဆန်းက နေပြည်တော်တွင် သျှမ်းပြည်တိုးတက်ရေးပါတီနှင့်အစိုးရတို့ တွေ့ဆုံဆွေးနွေးကြစဉ်




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates