တရုတ် - မြန်မာနယ်စပ် တရားမဝင်ကုန်ကားကြီးများအား တရုတ်အာဏာပိုင်များ ပိတ်
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း မြန်မာ - တရုတ်နယ်စပ် တလျှောက်ရှိ ရွာအားလုံး တရုတ်ပြည်သို့သွားလာ ၀င် / ထွက်ရာ လမ်းများကို တရုတ်အာဏာပိုင်များက ပိတ်ဆို့ တားမြစ်ထားကြောင်း သျှမ်းသံတော်ဆင့်မှ သတင်း ရရှိသည် ။
ကွန်ဟိုင်းရွာတွင် တည်ဆောက်နေဆဲ ကုန်ကားလမ်းပိတ်သည့် ကွန်ကရစ်တုံး |
သို့သော် ဒေသခံများ တိုက်တာနေအိမ်ဆောက်လုပ်ရေး၊ လယ်ယာစိုက်ပျိုးရေး ၊ မွေးမြူရေးတို့အတွက် တရုတ်ဘက်ခြမ်းမှ ကုန်ပစ္စည်းများကို အားထားရ သဖြင့် အခက်တွေ့ရကြောင်း ၄င်းကပြောသည် ။
“ လာပိတ်တာတစ်မျိုးတော့ကောင်းတယ် တစ်မျိုးတော့မကောင်းဘူးပေါ့ရှင် ၊ မကောင်းတာက ဥပမာ ကျမတို့ရွာထဲမှာ တိုက်အိမ်တို့ဘာတို့ဆောက် လုပ်မယ်ဆိုရင် ဆောက်လုပ်ရေး ပစ္စည်းတွေကို တရုတ်ပြည်ကဟာကိုပဲ အား ထားရတယ်လေ ။ အဲတာတွေကို ကားကြီးတွေ နဲ့သယ်ယူရတော့ ခုလို ပိတ် လိုက်တော့ အခက်တော့တွေ့တာပေါ့ရှင်၊ဒါပေမဲ့ တရုတ်ဘက်က တရား မဝင် မောင်းဝင်လာတဲ့ ကုန်တင်ကားကြီး အန္တရာယ်ကတော့ မပူရတော့ ဘူးပေါ့ ” ဟု ၄င်းက ပြောသည် ။
သို့သော် တရုတ်အာဏာပိုင်တစ်ဦးကမူ - သျှမ်းပြည်ဘက်က ဒေသခံ များ အား ကားလေးများ ၀င်ထွက်ခွင့်ပြုထားသည်မှာ တရုတ်ပြည်အား ရွာသားများ ကျေးဇူးတင်သင့်ကြောင်း ၊ နယ်စပ်ဟူသည်မှာတရားဝင် ၀င် / ထွက် ပေါက် မှလွဲပြီး ကျန်အပေါက်များကို တူးမြောင်းလိုသာ တူးထားရမည်ဖြစ်ေ ကြာင်း ပြောသည်ဟု ကွန်ဟိုင်းရွာနေ ခေတ်ပညာတတ် လူငယ်တစ်ဦး က သျှမ်းသံတော်ဆင့်အားပြန်လည် ပြောပြသည် ။
“ တရုတ်နယ်စပ် တစ်လျှောက် နဲ့ ထိတွေ့နေတဲ့ ရွာတွေအားလုံး တရားမဝင် ကုန်တင် ကားကြီး များမသွားလာနိုင်အောင် ပိတ်ဆို့မယ်လို့လာပိတ်တဲ့ တရုတ်ပြည် အရာရှိက ပြောတယ် ။ တရားဝင် ၀င် / ထွက် ပေါက် ဖြစ်တဲ့ နောင် ခမ်းရွာက နောင်တောင်းဂိတ်နဲ့ နမ့်ဝမ်းတံတား ဂိတ် တွေကိုဘဲ ကုန်တင်ကားကြီးတွေကို သွားလာခွင့်ပြုမယ် လို့ပြောတယ် ” ဟု အဆိုပါ လူငယ်က ဆိုသည် ။
နမ့်ခမ်းမြို့နယ် အတွင်း ရွှေလီမြစ်တစ်ဘက်ခြမ်းရှိ တရုတ်နယ်စပ်နှင့် ထိတွေနေသောရွာများ မှာ နောင်ချိန် ၊ ဟတ်ဟင် ၊ ဆေးခွန် ၊ ကွန်ဟိုင်း ၊ နောင် ခမ်း ၊ နောင် မတာနှင့် မန့်ကွန် စသည့်ရွာများ ဖြစ်ကြသည် ။
အလားတူ မြန်မာနိုင်ငံဘက်ခြမ်း မူစယ်မြို့၌ ၂၀၁၅ ခု နှစ်ကုန်ပိုင်းကစပြီး ၂၀၁၆ နှစ်ဦးပိုင်း ယနေ့ အထိ တရုတ် ပြည်မှ တရားမဝင် ၀င်ရောက် လာသော တရုတ်နံပါတ်ပြားတပ် ကုန်တင်ကားကြီး (ကဲ့ကား) များကို မြန်မာအာ ဏာပိုင်များက ဖမ်းဆီး ဒဏ်ငွေရိုက်နေကြောင်း ဒေသခံများ ထံမှသိရသည် ။
Tags: General, News