ပင်လုံမူနှင့် သျှမ်းမူကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုစာတမ်းကို SNLD တင်သွင်း
နပြည်တော်တွင် ယနေ့ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ၌ သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD မှပင်လုံမူနှင့် ၁၉၆၁ တောင်ကြီး တိုင်းရင်းသား ညီလာခံတွင် သျှမ်းခေါင်း ဆောင်များ ရေးဆွဲခဲ့သည့် ဖက်ဒရယ်အခြေခံဥပဒေအပေါ် အခြေခံသည့် ဖက်ဒရယ်ပြည် ထောင်စု ဆိုင်ရာ စာတမ်းကို တင်သွင်းလိုက်ကြောင်း ကျားခေါင်းပါတီ ကိုယ် စားလှယ်များထံမှ သိရသည် ။
ပည်ထောင်စုငြိမ်းချမ်းရေးညီလာခံတက် SNLD မှလူငယ်များ |
' သျှမ်းပြည်နယ်က လုပ်ခဲ့တဲ့ သျှမ်းမူအပေါ် အခြေခံပြီးတော့ တင်ထားတာပါ ။ အဓိကကတော့ ပင်လုံစာချုပ်ကို အခြေခံမယ်။ ၁၉၆၁ မှာ တောင်ကြီးမှာ တိုင်းရင်းသား ပေါင်းစုံညီလာခံ လုပ်တယ် ။ ပြည်ထောင်စုမူစစ်စစ်ပေါ်မှာ အခြေခံပြီးတော့မှ သွားမှာပါ ။ ၈ ပြည်နယ်ကို အခြေခံထားတာပါ ' ဟု SNLD မှ စိုင်းကျော်ညွှန့်က ပြောသည် ။
ယင်း ၈ ပြည်နယ်မူအရ လက်ရှိ ပြည်နယ်ရရှိပြီးသော အဓိက တိုင်းရင်းသား မျိုးနွယ်စု ရ စုမှ တပြည်နယ်စီ ရှိရမည်ဖြစ်ပြီး ဗမာလူမျိုးကလည်း ပြည်နယ် ၁ ပြည်နယ်အဖြစ် ရှိနေမည် ဖြစ်သည် ။
လွှတ်တော်ဖွဲ့စည်းပုံစံတွင်လည်း အထက်လွှတ်တော်တွင် အချိုးအစား အညီအမျှ ရှိနေရမည် ဖြစ်ကာ လွှတ်တော်တရပ်က ကန့်ကွက်သည်နှင့် ဥပဒေများ အဆိုများမှာ အတည် မပြုနိုင် သည့် အခြေအနေမျိုးကို ရောက်ရှိစေမည် ဖြစ်သည် ။
ယင်းအပြင် ပြည်နယ်အစိုးရများကို ပြည်သူများက ရွေးချယ်ကာ အာဏာခွဲဝေခွင့် ၊ သယံဇာ တခွဲ ဝေခွင့် ၊ အခွန်ကောက်ခံခွင့်နှင့် ဥပဒေပြုရေးဆိုင်ရာ အခွင့်အရေးများအပြည့်အဝ ရှိမည် ဖြစ်ရာတပ်မတော်ဖွဲ့စည်းမှုနှင့် ပတ်သက် ၍လည်း တန်းတူအခွင့်အရေးရှိနိုင်သော ပြည်ထောင် စု ပုံစံစုဖွဲ့မှုမျိုးလည်း ပါဝင်မည် ဖြစ်သည် ။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ကလည်း ဖက်ဒရယ်ပြည် ထောင်စု အခြေပြု စာတမ်းတရပ်ကို ယနေ့တင်သွင်းခဲ့ သည်ဟု သိရသည် ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် အစိုးရအကြား နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက်ပိုင်း နိုင်ငံရေးဆွေးနွေး မှု အဖြစ် ကျင်းပနေသည့် ညီလာခံတွင် ဂျန္နဝါရီလ ၁၃ ရက်မှစ၍ ဖက်ဒရယ် စနစ်တွင် အခြေခံရမည့် မူများကို စတင်ဆွေး နွေးကြရာ နိုင်ငံရေး ပါတီ ၉၀ ကျော်မှ စာတမ်းပေါင်း ၅၀ ကိုတင်သွင်းထားသည်ဟု သိရသည် ။
၅ ရက်တာ ကျင်းပမည့် ညီလာခံတွင် ဖက်ဒရယ်စနစ်တွင် အခြေခံရမည့်မူ များ ၊ လူမှုရေး ကဏ္ဍတွင် IDPများ ပြန်လည်နေရာချထားရေး ၊ စီးပွားရေး ကဏ္ဍတွင် အခွန်အကောက် ဆိုင် ရာ ကိစ္စရပ်များ ၊ သယံဇာတခွဲဝေမှု ၊ စစ်ရေးနှင့် ပတ်သက်၍ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ကဏ္ဍအတွက် မည်သည့်မူကို အခြေခံမည် - အစရှိ အချက် ၅ ချက်ကို အဓိက ထား ဆွေးနွေး မှုများ ၊ စာတမ်းတင်သွင်းမှုများ ပြုလုပ်မည်ဖြစ်ပြီး မဲခွဲဆုံးဖြတ်မှု တော့ ပြုလုပ် ဦး မည်မဟုတ်ေ ကြာင်း သိရသည် ။
နောက်ဆက်တွဲညီလာခံများကိုမူ NLD အစိုးရ လက်ထက်တွင် ဆက်လက် ကျင်း ပရမည်ဟု သိရသည် ။ ကျင်းပမှုအခြေနေအရ အစုအဖွဲ့ (၅) ဖွဲ့အနက် နိုင်ငံရေးပါတီများ အစုအဖွဲ့တွင် သာ ပါတီပေါင်း ၉၀ ကျော်ရှိနေသဖြင့် အနည်းငယ်နှောင့်နှေးမှုများ ဖြစ်နေကြောင်း သိရသည် ။
“ ကျနော်ကလေ့လာသူ အနေနဲ့တက်တာ ၊ လူငယ်ကိုယ်စားလှယ်အနေနဲ့ ဖိတ်ကြားသင့် ဖိတ်ကြား ထိုက်တဲ့ အစုအဖွဲ့တို့ ဘာတို့မှာ အိုင်ဒီပီ ကို အဓိပ္ပာယ်ဖွင့်တဲ့ ကိစ္စတွေမှာ ဒီနေ့ရှောရှောရှူရှူပါပဲ ” ဟု သျှမ်းတိုင်းရင်းသား လူငယ်ခေါင်းဆောင် တဦးဖြစ်သူ စိုင်းအောင်မြင့်ဦးက ပြောသည် ။
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီတို့မှာ ဖက်ဒရယ်တွင် အခြေခံရမည့် မူများ ကိစ္စရပ်နှင့် ပတ်သက်၍ စာတမ်းတင်သွင်းခြင်း မရှိကြောင်း သိရသည် ။
သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ညီလာခံဖွင့်ပွဲနေ့ အဖွင့်မိန့်ခွန်းတွင် - ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသားများ၏ အိပ်မက်ကို အကောင်ထည်ဖော်နိုင်မည် ဖြစ်ပြီး ၂၁ ရာစုနှစ်နှင့် ကိုက်ညီမှုရှိသော ပင်လုံညီလာခံမျိုး ဖြစ်ပေါ်လာရန် မျှော်လင့် ထားကြောင်း - ထည့်သွင်းပြောဆို သွားခဲ့သည် ။
Tags: News, politic