သက်ဆိုင်ရာလူကြီးများသိစေရန်



တာချီလိတ် ၀ိန်းကျောက်ရပ်ကွက်မင်းလမ်းဘေးရှိ ၀ိန်းကျောက်ဘုန်းကြီးကျောင်းတွင် ကျောင်းထိုင်ဆရာတော်မဟုတ်ဘဲ သာမန်ဘုန်းကြီးတပါးပျံလွန်တော်မူခဲ့ပါတယ် ။


ယင်းဘုန်းကြီးပျံကိုအမှီပြုပြီး ပုန်းထွန်ရပ်ကွက်နေပြည်သူ့စစ် ၂ ဦးတို့ကနေ  လောင်းကစားဝိုင်း အကြီးအကျယ်ပြုလုပ်နေပါတယ်။ မင်းလမ်းမဘေးဖြစ်သည့်အလျောက် ကြက်ပျံမကျစည် ကားလွန်းပါတယ် ။


တရက်ကိုဘတ်တသိန်းနဲ့ ကန်ထရိုက်ဆွဲထားတာ ၂ လရှိပါပြီ ။


လောင်းကစားဝိုင်းမှ တရက်ကို အခွန်ကောက်တာ တနေ့ကိုထိုင်းဘတ်သန်းချီရကြပါတယ် ။ ဘုန်းကြီးပျံကိုလေးလကြာ ထားမယ်လို့ပြောနေကြပါတယ် ။ ဒါဟာဘုန်းကြီးပျံကိုအမှီပြုပြီးစီးပွားရှာ နေကြတာပါ ။ လောင်းကစားဝိုင်းကြောင့် ပတ်ဝန်းကျင်ရှိ လူများ အိပ်ရေးပျက်ကြသလို လာကစားကြသူများလဲ ဘဝပျက်ပါတယ် ။


သက်ဆိုင်ရာများ လိုအပ်သလိုအရေးယူပေးနိုင်ရန်တင်ပြအပ်ပါတယ် ။


ရပ်ကွက်သားဈေးသည် ကိုလန်ဘား




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates