မိုင်းရှူးစစ်ဘေးရှောင်ဒေသခံ ၅၀၀ ကျော် လုံခြုံမှုမရှိသည့် ဇာတိရွာထံ ပြန်မနေဖို့ဆုံးဖြတ်



သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းရှူးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ကျေးလက် ရွာသား ၅၀၀ ကျော်သည် နေရပ်ရင်းရွာတွင် စစ်သုံးမြေမြှုပ်မှိုင်းများ ၊ လက်ကျန် ဗုံးများ ရှိနေသေးသည့်အပြင် စစ်ပွဲကာလ အိုးအိမ် လယ်ယာမြေများ ပျက်စီးကုန်ပြီဖြစ်သဖြင့် နေရပ်ပြန်မနေဖို့ ဆုံးဖြတ် လိုက် ကြကြောင်းသိရသည် ။


မိုင်းရှူးမြို့နယ်အတွင်းတွင် စစ်ဘေးရှောင်များ ရာဂဏန်းရှိနေသေးကြောင်း ၊ မိုင်းရှူးမြို့ အ နောက် တောင်ဘက် ရ မိုင်အကွာ ဟိုင်းပါရွာ တွင် ၁၀၀၀ ကျော် ရှိသေးကြောင်း ၊ ထိုအထဲမှ ကုန်းနိမ်ရွာသူရွာသား ပလောင်လူမျိုးများနှင့် ၊ နမ့်ပါ မုန်းရွာသူရွာသား လီဆူး နှင့် ပလောင် လူမျိုး ၅၀၀ ကျော်တို့ က နေရပ်ပြန် မနေရရေးအတွက် ကူညီကယ်ဆယ်ရေးကော်မတီ ထံ အကူ အညီတောင်း ခံကြသည်ဟု ဆိုသည် ။


“ နမ့်ပါမုံးက လီဆူးနဲ့ ပလောင်လူမျိုးတွေ ၊ နောက်ပြီး ကုန်းနိမ်က တော့ ပလောင်တွေကြီးဘဲ ။ သူတို့ကို နေရပ်ပြန်မပို့ဖို့ လာပြောတယ် ။ သူတို့က ရွာမှာ ပြန်မနေဖို့ ဆုံးဖြတ်လိုက်ပြီတဲ့ ။ ဘာလို့ဆိုတော့ သူတို့မှာ နေ အိမ် လဲ တော်တော်ပျက်စီးတယ် ။ အိမ်မွေးတိရစ္ဆာန်တွေ၊ ကျွဲတွေ နွားတွေ လဲ မရှိတော့ဘူး ။ အဲဒါအပြင် ကျကျန်ခဲ့တဲ့ မကွဲသေးတဲ့ ဗုံးတွေ ၊ မြေမြှုပ်မှိုင်းတွေ ရှိနေလို့ ကြောက်နေကြတယ် ။ ရွာပြန်နေဖို့ ” - ဟု ကူညီရေးအဖွဲ့က နန်းစိန် က ပြောသည် ။


ကုန်းနိမ် တွင် ကျွဲ ၂၆၂ ကောင် ၊ နွား၂၃၉ ကောင် ၊ ၀က် ၂၈၉ ကောင် ၊ ကြက် ၁၁၇ ကောင် ၊ ဆိုင်ကယ် ၁၉ စီး ၊ ဆန်စက် ၆ လုံး ၊ စပါးတင်းပေါင်း ၅၀၀ ကျော် ၊ ပြောင်းတင်းပေါင်း ၁၀၀၀ ကျော် ပျက်စီး ဆုံးရှုံးသည်ဟု သျှမ်း လူငယ်ကွန်ယက်က လိုက်လံစာရင်းကောက်ယူနေသူ တဦးက ပြောသည် ။


ကုန်းနိမ်ရွာတွင် မိသားစု ၁၃၀ ကျော် လူဦးရေ ၅၀၀ ကျော်ရှိ ကြောင်း ၊ နမ့်ပါ မုံးရွာ သီးသန့် လူဦးရေ အတိအကျ မသိရသေးကြောင်း ၊ နေရပ်ပြန်ဖို့ ငြင်း ဆန် နေသူများ ၆၀၀ ကျော်နိုင် ကြောင်းပြောသည် ။ ဝမ့်ဟိုင်းဌာနချုပ် ရုံး အရာ ရှိတဦးက နေရပ် မပြန်လိုသည့် ရွာသားများ အတွက် ဝမ်းရေးအတွက်စိုက် ပျိုးနေထိုင်နိုင်သည့် နေရာစီစဉ်ပေးသွားမည်ဖြစ်ကြောင်း သျှမ်းသံတော်ဆင့် သို့ပြောသည် ။


၂၀၁၅ အောက်တိုဘာ ၆ ရက် နိုဝင်ဘာလနှောင်းပိုင်းအထိ ကျေးသီး မြို့ နယ် နှင့် မိုင်းရှူးမြို့နယ် တွင်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ် စခန်းများအား အစိုးရ တပ်မတော် မှ ထိုးစစ်ဆင်တိုက်ခိုက်သောကြောင့် ဒေ သခံ တစ်သောင်းကျော်နေရပ် မှ စွန့်ခွါခဲ့ရသည် ။


၂၀၁၅ ဒီဇင်ဘာလဆန်းပိုင်းက နှစ်ဘက်ခေါင်းဆောင်က အပစ်ရပ်ရေး၊ တပ် ဆုတ်ခွါရေး သဘောတူညီချက်ကြောင့် ဒေသခံ တချို့နေရပ်ပြန်နေကြပြီ ဟု ဆိုသော်လည်း တထောင် ကျော်က နေရပ်ပြန်ဖို့ရန် မိမိလုံခြုံရေး အတွက် စိုးရိမ်နေဆဲဖြစ်သည် ။ နှစ်ဘက် တပ်များ ဆုတ်ကြပြီဟုဆိုသော်လည်း လက် တကမ်းသာ ဆုတ်သောကြောင့် တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်သည်ဟု လည်း ဒေသခံများက ပြောဆိုနေကြသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates