တအာင်းတပ်မှ ဖမ်းဆီးထားသော ရွာသားများအား ပြန်လွှတ်ပေးရန် ဒေသခံများ ဆန္ဒပြတောင်းဆို
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA မှ ဖမ်းဆီးထားသော မိုင်းဝီးနှင့်ဝမ့်ဟိုပန်ရွာသားများ အား ပြန်လွှတ်ပေးရန် ဒေသခံများက ယနေ့နံနက် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည် ။
“ အပြစ်မဲ့ပြည်သူ ၁၂ ယောက် ဘေးကင်းလုံခြုံစွာနဲ့ လွတ်မြောက်လာဖို့ပါ ။ သက်ဆိုင်ရာလူကြီးတွေက လူသားချင်း စာနာထောက်ထားပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ မိဘဆွေမျိုးတွေက ဆန္ဒထုတ်ဖော်ရတာပါ ” ဟု မိုင်းဝီး ဒေသခံ လုံးစိုင်း က ပြောပါသည် ။
ယနေ့ ဂျန္နဝါရီလ ၂၇ ရက် နံနက် ၈ နာရီခွဲခန့် သျှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းမြို့ နယ် မိုင်းဝီးသျှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းရုံးရှေ့ ၌မိုင်းဝီးကျေးရွာ တွင် လာရောက်ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၀မ့်ဟိုပန်ဒေသခံ ၂၅၀ ကျော်က ဆန္ဒထုတ်ဖော် တောင်း ဆိုခဲ့ကြခြင်း ဖြစ်သည် ။
“ ကျမရဲ့မောင်လေး ပါသွားတယ်လေ ။ ကျမတို့ ဘယ်မှာသွားရှာရမယ် မှန်းမသိ ဘူး။ သေလားရှင်လားဆိုတာ လည်း မသိရဘူး ” ဟု ၀မ့်ဟိုပန်ရွာသူ နန်းခမ်းက ပြောပါသည် ။
ဝမ့်ဟိုပန်ရွာသား ၉ ဦးနှင့် မိုင်းဝီးရွာသား ၃ ဦး စုစုပေါင်း ၁၂ ဦးအား တအာင်း တပ် TNLA မှ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဖမ်းဆီးသွားေ ကြာင်း ၊ ဈေးရောက် သွားရာမှ အဖမ်းခံရခြင်း ၊ အဝေးရှိ မိဘဆွေမျိုးများကို သွား ရောက် လည်ပတ်ရာမှ အဖမ်းခံရခြင်း ၊ သားမယားတောင်းရမ်းလက်ထပ်ရန် သွားရာမှ အဖမ်းခံရခြင်းစသည်တို့ဖြစ် ကြောင်း ဆိုပါသည် ။
အလားတူ ဖမ်းဆီးခံရသည့် မိုင်းခတ်ရွာသား ၁၁ ဦးအနက် ၈ ဦးမှာ ပြန် လည်လွှတ်မြောက်လာပြီဟု ဆိုသော်လည်း ကျန် ၃ ဦးနှင့် ဟိုပန် - မိုင်းဝီး ရွာသား ၁၂ ဦးတို့မှာ သတင်းအစအန မကြားသိရပေ ။
၎င်းနှင့်ပတ်သက်ပြီး TNLA ဘက်ကမူ ကျေးရွာလူထုအား ဖမ်းဆီးသည့်ပေါ်လစီမရှိဟု ငြင်းဆိုထားပါသည် ။
၂၀၁၅ နိုဝင်ဘာလနှောင်းပိုင်းမှစ၍ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် PSLF/TNLA တအာင်းတပ်မတော်တို့ နယ်မြေအငြင်းပွါးမှုဖြစ်ပြီး တိုက်ပွဲ များဖြစ်ပွားရာမှ ဒေသခံများ ဖမ်းဆီးခံနေရခြင်းသည် ။ ၀မ့်ဟိုပန်ရွာသူရွာသား အားလုံးလည်း မိုင်းဝီကျေးရွာတွင် ယနေ့တိုင် သွားရောက်ခိုလှုံနေကြရသည် ။
Tags: Human Right, News