လွယ်လင်ခရိုင် နမ့်စန်မြို့နယ် ရွေးကောက်ပွဲရလဒ် ပြန်စီစစ်ပေးဖို့ နေပြည်တော်သို့ SNLD သွားရောက်တောင်းဆို



သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် နမ့်စန်မြို့နယ်မှာ ကြံ့ခိုင်ရေး ပါတီအနိုင်ရရှိသွားတာ ဟာ မဲမသမာမှုတွေကြောင့်လို့ဆိုပြီးတော့ ရွေးကောက်ပွဲရလဒ်ကို ပြန်လည်စီစစ်ပေးဖို့ နေပြည်တော်ကို SNLD က သွားရောက်တောင်းဆိုလိုက်ပါတယ် ။


“ မဲရေတွက်ရာမှာ ကြိုတင်မဲတွေ မသမာမဲတွေကြောင့် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရသွားတယ် ။ သူတို့ ပါတီအနိုင်ရဖို့ အစိုးရချပေးတဲ့ ဒေသဖွံ့ဖြိုးရေးငွေကို  အသုံးပြုပြီး အမှတ်ယူသွား တယ် ။ ဒါတွေကိုပြန်လည် ဆန်းစစ်ဖို့အတွက် ကျနော်တို့ ချေလွာသွားတင်တာ ” - လို့ နမ့်စန်မြို့ ကျားခေါင်းပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဇော်ဝင်းက သျှမ်းသံ တော်ဆင့် ကိုပြောပါတယ် ။


ဂျန္နဝါရီလ ၅ ရက်နေ့က နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ နမ့်စန် မြို့ ကျားခေါင်းပါတီက ချေလွှာသွားတင်ထားတာဖြစ်ပြီး ဂျန္နဝါရီ ၁၂ ရက်နေ့ မှာ ရှေ့နေ တွေနဲ့အတူ ရုံးထပ်မံချိန်း ဆိုထားတယ်လို့ စိုင်းဇော်ဝင်းက ပြောပါတယ် ။


“ လွှတ်တော်အထောက်အကူပြုရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ကို ပြည် ခိုင်ဖြိုးပါတီက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဒီလုံးက  သူကဘဲ လုပ်ပေးသလို ပုံစံ မျိုးနဲ့ ဝမ့်မမုန့်မွန်းအုပ်စု ကုန်းဆာရွာမှာ မီးရဖို့ သွားလုပ်ပေးတယ် ။ ရွာသားတွေကိုလည်း - ကျေးဇူးဆပ် တဲ့အနေနဲ့ မဲပြန်ထဲ့ပေးရမယ် - ဆိုပြီးပြောတယ် ။ သူအဲလို လုပ်တာက မဲဆန္ဒနယ် ၁ ရော ၂ ရောဘဲ ။ ” စိုင်းဇော်ဝင်းက ပြောပါတယ် ။


ဒါ့အပြင် ရွေးကောက်ပွဲအပြီး မဲရေတွက်ရာမှာလည်း ကြိုတင်မဲများအဆမတန် ထပ်ဖြည့် မှုကြောင့် မဲရေတွက်မှုမှာ ကြန့်ကြာခဲ့ရပြီး ရွေးကောက်ပွဲရလဒ်မှာလည်း အချိန်တလ နီးပါး ကြာမှသာ ထုတ်ပြန်နိုင်တယ်လို့ နမ့်စန်ဒေသခံ ရွေးကောက်ပွဲစောင့်ကြည့်တဲ့လူငယ်တွေ ကပြောပါတယ် ။


ပြီးခဲ့တဲ့ နိုဝင်ဘာလ ပြည်လုံးကျွတ်ရွေးကောက်ပွဲမှာ နမ့်စန်မြို့နယ်မှာ သျှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ SNDP ၊ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ ပြည်ထောင်စုကြံ့ခိုင်ရေနှင့်ဖွံ့ဖြိုးရေးပါတီ USDP နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစရှိပါတီကြီးတွေ ယှဉ်ပြိုင်ရာမှာ ကြံ့ခိုင်ရေးပါတီက လွှတ်တော် ၄ ရပ်လုံးမှာ မဲအများ ဆုံး နဲ့အနိုင်ရရှိခဲ့ပါတယ် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates