SSSNY ကျောင်းမှ ၁၆ ကြိမ်မြောက် အတွက် သင်တန်းသားများအား လျှောက်လွှာ စတင်ခေါ်ယူ



သျှမ်းပြည်အမျိုးသားလူငယ်များကျောင်း  SSSNY မှ သျှမ်းပြည်သား လူငယ် များအတွက် ၁၆ ကြိမ်မြောက် သင်တန်း ဖွင့်လှစ် သင်ကြားပေးရန် လျှောက်လွှာ စတင်ခေါ်ယူနေပြီ ဖြစ်ကြောင်းသိရသည် ။


၁၆ ကြိမ်မြောက် သျှမ်းပြည်အမျိုးသားလူငယ်များကျောင်း SSSNY သင်တန်း တက်ရောက်နိုင်ရန် အတွက်  ဂျန္နဝါရီလ ၁၉ ရက်နေ့က လျှောက်လွှာ စတင် ထုတ်ပေးခဲ့ပြီး သင်တန်းတက်လိုသူများ ဂျန္နဝါရီလ ၁၉ ရက်နေ့မှစတင် ကာ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ လျှောက်လွှာတင်ရမည်ဖြစ် ကြောင်း သိရသည် ။ လျှောက်လွှာကို သျှမ်းဘာသာ ၊ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ တို့ဖြင့် လျှောက်လွှာတင်ရမည်ဖြစ်ကြောင်းဆိုပါသည် ။


SSSNY ကျောင်းစတင်တည်ထောင်ခဲ့သူ ၊ ကျောင်းအုပ်ကြီး နန်းချမ်တောင်းက “ ကျောင်းရဲ့ ရည်ရွယ်ချက်ကတော့ သျှမ်းပြည်သား လူငယ်တွေကို အရည်အချင်းမြှင့်တင်ပေးချင်တယ် ။ သင်တန်းပြီးမြောက် သွားတဲ့လူငယ်တွေကို မိခင်အသိုင်းအဝိုင်းနဲ့ အဖွဲ့အစည်း အတွင်း ၊ မိမိရပ်ရွာ အတွင်း ဖွံ့ဖြိုးတိုးတက်ရေးမှာပြန်ပြီး ကူညီဆောင်ရွက်ပေးနို င်အောင်ဖြစ်ပါ တယ် ။’‘ ဟုဆိုပါသည် ။


သင်တန်းတက်ရောက်လိုသူလူငယ်မှာ - သျှမ်းပြည်အတွင်းမွေးဖွားသူ / သျှမ်းပြည်တွင်း နေထိုင်သူ ဖြစ်ရမည်ဖြစ်ပြီး အသက် ၁၈ မှ ၂၆ နှစ်ကြား ရှိရမှာဖြစ်ကြောင်း ၊ မိခင်အဖွဲ့အစည်း ထောက်ခံပေးမှု ရှိရမည်ဖြစ်ကြောင်း ၊ မိမိကိုယ်ရေးရာဇဝင်အမှန်နှင့် အနာဂတ်အတွက် ရည်မှန်းချက်ရှိရ မည်ဖြစ်ကြောင်း ၊ လျှောက်ထားသူများအား သင်တန်းကျောင်းမှ စီစစ်ကာ သင်တန်းသား ၃၂ ဦးရွေးချယ်မည်ဖြစ်ကြောင်း သိရသည် ။


သင်တန်းတက်ရောက်ခွင့်ရှိသူများစာရင်းကို ၂၀၁၆ မေလ ၂ ရက်နေ့ တွင် ကြေငြာမည်ဖြစ်ပြီး သင်တန်းတက်ရောက်လေ့လာရမည့် ကာလမှာ ဂျွန်လမှ ဒီဇင်ဘာလအထိ ၆ လ ကြာမြင့် မည်ဖြစ်သည်ဟု သင်တန်းကျောင်း မှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ပါရှိသည် ။


သင်တန်းသားများအား အင်္ဂလိပ် ဘာသာဖြင့်အဓိက သင်ကြားပေးမည်ဖြစ်ရာ သင်တန်းသားများမှာ အင်္ဂလိပ်ဘာသာ အရေး၊အဖတ်၊အပြောတို့ကို လေ့ကျင့် ထားရမည်ဖြစ်သည်ဟု ဆိုသည် ။


သင်တန်းကျောင်းတွင် ဒီမိုကရေစီ ၊ လူ့အခွင့်အရေး ၊ လူ့အသိုင်းအဝိုင်းအတွင်း ဒွန်တွဲနေထိုင်ရေး အပြင် အင်္ဂလိပ် ကွန်ပြူတာ အစရှိဘာသာရပ် ၁၀ ခုကျော် သင်ကြားပေးသည်ဟု ဆိုသည် ။


သျှမ်းပြည်အမျိုးသားလူငယ်များကျောင်းကို ၂၀၀၁ ခုနှစ်မေလက စတင်ဖွင့်လှစ်သင်ကြားပေး လာခဲ့သည်မှာ လက်ရှိတွင် သင်တန်းဆင်း သျှမ်းပြည်လူငယ်မောင်မယ် ၅၀၀ ကျော်ရှိပြီဖြစ် ကြောင်းသိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates