သျှမ်းပြည်တိုးတက်ရေးပါတီမှ မဟာမိတ်တပ်ကို တိုက်တွန်းပေးစေလို



သို့/ သျှမ်းသံတော်ဆင့်မှတဆင့်


တအာင်းလွှတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့နှင့် မဟာမိတ်ဖြစ်သော သျှမ်းပြည်တိုးတက်ရေး ပါတီ နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA စစ်တပ်သိစေလို


သျှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ် ထဲရှိ မိုင်းမော်ကျေးရွာအုပ်စု  မန့်မိုင်ကျေးရွာသားနှင့် မော်တိုက် ကျေး ရွာသူ တို့ ၂ ဦးသည် နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာသို့ အထက ကျောင်းတက်နေသော ၄င်း၏ ညီမ (နန်းအေေ လာဝ်) အတွက်ကျောင်းစရိတ်လာပို့စဉ် အလာ ၂၀၁၆ ခုနှစ် ဂျန္နဝါရီလ ၃၀ ရက်နေ့ ၌ လမ်းခရီးတွင် ပန်ကနိုင်း ကျေးရွာ (TNLA တပ်ကြီး စိုးသည့်ရွာ) ၌ TNLA တအာင်းတပ်မှ ဖမ်းဆီးခြင်းခံ ရပြီး ယနေ့အထိပြန်လည် လွှတ် မြောက်ပေးခြင်း မရှိသေးကြောင်း သိရှိရသည် ။


၎င်းဖမ်းဆီးခံရသူမှာ ရိုးရိုးအရပ်သား အပြစ်မဲ့ပြည်သူလူထုများ သာဖြစ်ကြေ ကြာင်း ၊ ခုလို လမ်းခရီးမှာ TNLA တအာင်းတပ်မှ ဖမ်းဆီးထားမှုကြောင့် (၁၀) တန်းစာမေးပွဲဖြေရန် ကျောင်းသူညီမအတွက်လဲ ကျောင်းစရိတ် အတွက် အခက်အခဲဖြစ်နေပါသည် ။


မန့်တုံမြို့နယ် ရှိ မန့်မိုင်ကျေးရွာနှင့် နမ့်ခမ်းမြို့နယ်ရှိ မိုင်းဝီးကျေးရွာ တို့မှာ မိုင် ၃၀ နီးပါးခန့်ကွာဝေးပြီး TNLA တအာင်းတပ်မှ အပြစ်မဲ့ပြည်သူလူထုများ မကြာခဏဖမ်းဆီးနေမှုကြောင့် ယခုအခါ၌ အဆိုပါလမ်းတွင် ခရီးသွား လာသူမရှိ ပြည်သူလူထုများက ကြောက်လှန့်နေကြပါသည် ။


ထို TNLA တအာင်းတပ်မှ ဖမ်းဆီးထားသောသူနှစ်ဦးမှာ မိုင်းမော်နယ် မန့်မိုင်ကျေးရွာနေ အဖ ဦးစိုင်းနော်ခမ်း ၏သား စိုင်းအိုက်ကုမ်း နှင့် မော် တိုက်ကျေးရွာနေ အဖ ဦးဆန်ရီအွန်၏ သမီး နန်းရွှေကြာ တို့ဖြစ်ကြသည် ။


အထက်ပါအကြာင်းကို သျှမ်းပြည် တိုးတက်ရေးပါတီနှင့်သျှမ်းပြည်တပ်တော် SSPP/SSA စစ်တပ်သိစေလိုပြီး SSPP/SSA မှ တဆင့် တအာင်းလွှတ်မြောက်ရေး တပ်မတော်TNLA တပ်ဖွဲ့မှ ဖမ်းဆီးထားသော အပြစ်မဲ့ ပြည်သူနှ စ်ဦး နှင့် ဖမ်းဆီးထားသော အပြစ်မဲ့ပြည်သူအားလုံးတို့ကို အမြန်ဆုံး ပြန်လည်လွှတ်ပေးရေးအတွက် တောင်းဆိုပေးပါရန် သျှမ်းသံတော်ဆင့် သတင်း ဌာနမှတဆင့် တင်ပြပေးလိုက်ပါသည် ခင်ဗျား ။


မှ-
မန့်မိုင်ရွာသားတစ်ဦး
(၁.၂.၂၀၁၆)




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates