တောင်ကြီးမြို့မှ အနောက်ရိုးမခရီး



ဖဖော်ဝါရီ ၁၂ ရက်နေ့ ၆၉ နှစ်မြောက် ပြည်ထောင်စုနေ့တွင် မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသား ဒေသအသီးသီးမှ တိုင်းရင်းသားမီဒီယာ များနှ င့် ပြည် တွင်းပြည်ပ သတင်း မီဒီယာများ ပညာရှင်များ သည် ရန်ကုန်မြို့တွင် စုရပ်ကာ ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ တိုင်းရင်းမီဒီယာ ညီလာခံအတွက် စတင်ခရီးထွက်ခဲ့သည် ။


ကားပေါ်လိုက်ပါလာသည့် သတင်းထောက်များက ဗမာလိုပြောနေကြသော် လည်း သျှမ်းသံဝဲဝဲ ၊ ကယားသံပါပါ ၊ ချင်းသံပေါက်ပေါက် ၊ မွန်သံရော ထွက်နေသည့်အတွက် ပြည်ထောင်စုရနံ့ သင်းပျံ့ သည့် ခရီးစဉ်ဖြစ်သည် ။


သျှမ်းသတင်းဌာနကိုယ်စားပြုသည့် ကျမတို့အဖို့ တောင်ကြီးမြို့မှ ရန်ကုန် မြို့သို့ဆင်းရန် ဖယ်ရီ ကားက ၁၁ ရက်နေ့ ညနေ ၄ နာရီ အတိတွင်လာကြို သည် ။ တောင်ကြီးမြို့ပတ်ပြီး ဟိုဝင်ဒီထွက် ခရီးသည်ကို လိုက်ကောက် သည် ။ တောင်ကြီးမြို့မှ ညနေ ၅ နာရီခွဲတွင် စထွက်ပြီး ရန်ကုန်မြို့သို့ နံနက် ၆ နာရီကျော်ကျော်တွင် ရောက်သည် ။ ခရီးတထောက် နားကာ နံနက် ၈ နာရီ ခွဲ ရန်ကုန်မှ  မြောက်ဦးသို့ ခရီးဆက်လက်ထွက်ခွာကာ နောက်တရက် ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့် ရောက်ရှိ ပါသည် ။


ကုန်းလမ်း ရေလမ်းဖြတ်ကျော်ကာ နာရီပေါင်း ၄၀ ကျော် ကုန်ဆုံးပြီး မှ မြောက် ဦးမြို့သို့ ရောက်ခဲ့သည် ။


ခရီးလမ်းရှည်သော်လည်း ပျော်ရွှင်စရာကောင်းသော ခရီးလမ်း တစ်ခုဖြစ်သည် ။ အတွေ့ အကြုံ အသစ်နှင့်  ဗဟုသုတအသစ်များ ၊ ရခိုင်တိုင်းရင်း သားများတို့၏ လူမှုနေထိုင်မူဘဝ ၊ ယဉ်ကျေး မှု ဓလေ့ထုံးတမ်း စဉ် လာ ၊ ဖြစ်ပျက်လာသည့် သမိုင်းကြောင်းများကို လေ့လာခွင့်ရခဲ့သည် ။


ရခိုင်ပြည်နယ် မြောက်ဦးမြို့သို့ ကားဝင်သည်နှင့် မြောက်ဦးမြို့၏ သဘာဝ အလှနှင့် စိမ်းလန်း စိုပြေလှပသော တောင်စွယ် တောင်ကုန်းလေး များဝိုင်းရံ ထားသည့် ရခိုင်ဘုရင်မင်းမြတ်များ တည်ထားကိုးကွယ်သော ရှေးဟောင်းစေတီ ပုထိုး များစွာ ဖူးမြော် ခွင့်ရသည် ။


မြောက်ဦးမြို့ တွင်နေထိုင်သော ရခိုင်တိုင်းရင်းသား ဒေသခံများက “ မြောက် ဦးမြို့ မှာရှိတဲ့ တောင် ပေါ်တွေမှာ စေတီပုထိုး မရှိတဲ့တောင်ဆို နှစ်တောင်ဘဲ ရှိတယ် ၊ တိုင်းနေပြည်တော် လုံခြုံရေး အတွက် ခံတပ်တွေ ၊ အချက်ပေး လုံခြုံရေးကင်းတွေရှိလို့ ” ဟု ပြောပြသည် ။


မြောက်ဦးမြို့ဝင်ဝင်ချင်း ရခိုင်ဘုရင်မင်းမြတ်တို့ လက်ထက်၌တည်ရှိထားသော ရှေး ဟောင်းယဉ်ကျေးမှု အမွေအနှစ်များ  များစွာတွေ့ရသည် ။


သျှစ်သောင်းဘုရား ၊ ကိုးသောင်းဘုရားများ သည် အထူးနာမည်ကြီးလှသည် ။ ရခိုင်လူမျိုး များယုံကြည်ကိုးကွယ်သည့် အပ္ပါယ်တံခါးပိတ် ၀ဋ်ကြွေးကျေ ဘုရားလည်းရှိသည် ။


ရခိုင်ပြည့်ရှင် ဘုရင်မင်းမြတ်တို့ နန်းစံခဲ့သော နန်းတော်ရာကုန်းများ ၊  မြောက်ဦး မြို့ရိုး များ ၊ စေတီပုထိုးများ တွေ့ရသည် ။ မြောက်ဦးမြို့သည် ရခိုင်ဘုရင် မင်းမြတ်တို့ နောက်ဆုံး နန်းတက်ခဲ့သော မြို့တစ်မြို့ဖြစ်ပြီး ရခိုင်တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု ပြတိုက်မြို့ တစ်မြို့ လည်းဖြစ် သည် ။


ရခိုင်ရိုးရာဟင်းလျာများကိုလည်း ရခိုင်တိုင်းရင်းသားများက ချက်ကျွေးခဲ့သည် ။ ကျမတို့ သျှမ်း တိုင်းရင်းသားများနှင့် မတူ တမူထူးခြားသည်မှာ ရခိုင်ဟင်းလျာများသည် ငရုတ်သီး များစပ်၍ မမေ့နိုင်သည့် ဟင်းလျာသည် ရခိုင်အာလူးငါးခြောက်ခရမ်းသီး ရောချက်သည့် အာလူးချက် ဟင်းလျာဖြစ် သည် ။ ထိုဟင်းသည် ငါးပိ အနည်းငယ်ပါ ထည့်သည် ။


ရခိုင်တိုင်းရင်းသားတို့၏နာမည်ကြီး ရိုးရာအစားအစာများဖြစ်သော ရခိုင် မုန့်တီသည်လည်း အစည်း အဝေးနားချိန်တွင် နေ့စဉ်ကျွေးမွေး ဧည့်ခံသည် ။ ရခိုင်တိုင်းရင်းသားတို့၏ ရှေးခေတ်ရိုးရာ အကများကိုလည်း လေ့လာ ခွင့်ရခဲ့သည် ။


ဘုရားလည်းဖူး လိပ်ဥလည်းတူးဆိုသကဲ့သို့ တိုင်းရင်းသားမီဒီယာများ အားလုံးသည် စတုတ္တ ကြိမ် မြောက် တိုင်းရင်းမီဒီယာ ညီလာခံ တက်ရောက် ရင်း မြောက်ဦးမြို့ရှိ စေတီဘုရားများ အား သွားရောက် လေ့လာ ဖူးမြော်ခွင့်ရ ခဲ့သည် ။


Burma News International (BNI ) နှင့် ရခိုင်ပြည်နယ် အခြေစိုက် နိရဉ္စရာ သတင်းဌာနတို့ ပူးပေါင်း ပြုလုပ်ခဲ့သည် ။ ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၆ ရက် အထိ ၃ ရက်တာအတွင်း တိုင်းရင်းသား ဒေသတွင်ကြုံတွေ့ရသော ပြဿနာ များ ၊ နိုင်ငံတော်ပိုင် သတင်းမီဒီယာ များ နှင့် လွတ်လပ်သော သတင်း မီဒီ ယာများ သတင်းရယူမှု ခွဲခြားဆက်ဆံခံရခြင်း နှင့် အမျိုးသမီး သတင်းထောက်များ အခြေအနေ ၊ အမျိုးသမီးသတင်းထောက်များအတွက် အကာ အကွယ်ပေးမည့် ဥပဒေ ပြဌာန်း ပေးရန် တောင်းဆိုခြင်း ၊  လက်ရှိ မြန်မာ နိုင်ငံ ဒီမိုကရေစီ စနစ်ဖော်ဆောင်ရေး နှင့် ငြိမ်းချမ်း ရေးလုပ်ငန်း စဉ်များ ဆွေးနွေးခြင်း စသည်တို့ ဆွေးနွေးကြသည် ။


“ အမျိုးသမီး သတင်းထောက် သတင်းလိုက်ရာမှာ ခွဲခြားဆက်ဆံမှု ကန့် သတ်မှုတွေရှိ နေပါတယ် ။ ဒီအတွက် လာမယ့်အစိုးရသစ်လက်ထပ်မှာ ဒီသတင်းထောက်တွေကို ကာကွယ်နိုင်မယ့် ဥပဒေ တွေကို သေသေချာချာ တဆင့်ပြီးမှ တဆင့်ပြဌာန်းသွားပေးဖို့ ။ အလားတူဘဲ အမျိုးသမီး သတင်း ထောက်တွေကို အရှက်တရားအသတ်တရားတွေကို ကာကွယ် တဲ့ဥပဒေတွေကို သေချာကာကွယ် ပြဌာန်းပေးဖို့ ဒီညီလာခံမှာ ကျမ တိုက်တွန်း ချင်ပါတယ် ” ဟု ကရင်သတင်းစဉ် အယ်ဒီတာလည်း ဖြစ် BNI ဘုတ်အဖွဲ့ဝင်လည်းဖြစ်သည့် နန်းဖော့ဂေ ကပြောသည် ။


ညီလာခံတွင် ရခိုင်ပြည်နယ်အရေး ၊ တိုင်းရင်းသားအရေး ၊ တန်းတူညီမျှ မှုရရှိရေး ၊ ငြိမ်းချမ်း ရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ၊ တိုင်းရင်းသား မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင်ယဉ်ကျေးမှု အမွေ အနှစ်ထိန်း သိမ်း စောင့်ရှောက်ရေးအစ မြို့တော် ဟောင်းသန့်ရှင်း သာယာလှပရေး တို့ ကို ဆွေးနွေးဖလှယ်ကြသည် ။


အဆိုပါညီလာခံမှလည်း  အချက် ၅ ချက်ပါသော ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါ သေးသည် ။


လာမည့်အစိုးရသစ်လက်ထပ်တွင် သတင်းမီဒီယာထိန်းချုပ်မှု မရှိဘဲ လွှတ်တော် အသီးသီး တွင် သတင်းရယူပိုင်ခွင့် အသိအမှတ်ပြုရန် ၊ သတင်းသမားများလုံခြုံမှုအတွက် သတင်း မီဒီယာ ကောင်စီမှ ဥပဒေပြဌာန်းပေးရန် ၊ ငြိမ်းချမ်းရေး နှင့် အမျိုးသားပြန် လည်ရင်ကြားစေ့ရေးဆိုင်ရာ သတင်း မီဒီ ယာ လုပ် ငန်းများအတွက် အစိုးရ ၊ EAOs နှင့် နိုင်ငံတကာ အဖွဲ့အစည်း များမှ ကူညီပံ့ပိုး မှုများ ပေးရန် ၊ သတင်းမီဒီယာလုပ်ငန်းတွင် အမျိုးသမီး သတင်းထောက်များ ပိုမိုပါဝင်လာရေး အစရှိအချက်များ ပါဝင်သည် ။


မြောက်ဦးမြို့တွင် ကျင်းပသော တိုင်းရင်းမီဒီယာညီလာခံသည် စတုတ္တကြိမ်မြောက် ညီလာခံ ဖြစ်ပြီး ရခိုင်သတင်းတိုက်ဖြစ်သည့် နိရဉ္စရာ သတင်းဌာန နှင့် ရခိုင်ပြည်နယ် အခြေစိုက် သတင်းမီဒီယာ များက BNI နိုင်ငံ တကာမြန်မာသတင်း ၏ ပူးပေါင်းပံ့ပိုးမှုဖြင့် ကျင်းပခဲ့ သည် ။  မြန်မာစာပေ အသိုင်း အဝိုင်းများမှ စာပေပညာ ရှင်များ၊ ၊ ပြည်တွင်းပြည်ပ အခြေစိုက် သတင်း ဌာန များမှ ကိုယ်စား လှယ်များ ၊ Freelances  သတင်းထောက်များ ၊ တိုင်း ရင်းသား လူမှုအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ စုစုပေါင်း ၃၀၀ နီးပါး တက်ရောက်ခဲ့ကြသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates