သျှမ်း/မြောက် စစ်ရှောင် ၁၀ တန်း ကျောင်းသူ ကျောင်းသားများ တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက်စိုးရိမ်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး / တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ်မတော် RCSS/SSA တို့ကြားတိုက်ပွဲကြောင့် ကျောက်မဲမြို့ သို့ရောက်ရှိခိုလှုံနေသူ ၃၀၀၀ နီးပါးအနက် စာမေးပွဲဖြေဆိုရမည့် ကျောင်းသူကျောင်းသား ၄၀၀ ကျော်ပါရှိကြောင်း သိရသည် ။
![]() |
ကျောက်မဲမြို့ ကျားငါးကောင်ဆေးတိုက်တွင် ရောက်ရှိခိုလှုံနေသော စစ်ဘေးရှောင်ကျောင်းသားလေးများအား စာမေးပွဲဖြေဆိုနိုင်ရန် ကျားငါးကောင်ဆေးတိုက်မှ ကူညီထောက်ပံ့မှုများပေးခဲ့
|
နမ့်ခုံးပရဟိတအသင်းမှ တာဝန်ရှိသူတဦးဖြစ်သည့် နန်းနွမ်းမိုက - တက္ကသိုလ် ၀င် တန်း ကျောင်းသား ကျောင်းသူ ၄၅ ဦး နဲ့ အထက်တန်းပြ ဆရာ ဆရာမ ရ ဦး သီဟိုဠ်ေ ကျာင်းမှာ ခိုလှုံနေတယ် ။ အခုချိန်က ၁၀ တန်းစာမေး ပွဲ ဖြေဆိုဖို့ ကျောင်း သား ကျောင်း သူ တွေပြင်ဆင်နေတဲ့အချိန်ဖြစ်တဲ့အလျောက် သူတို့လေးတွေ စိတ်ပူ ရင်လေးနေကြပါတယ် - ဟု ဆိုပါသည် ။
နမ့်ခုံးပရဟိတအသင်းမှ အဆိုပါ ကျောင်းသား ကျောင်းသူ နှင့် ဆရာ ဆရာမ များအား တစ်ဦးလျင် ကျပ် ၂၀၀၀၀ နှင့် အစားအသောက်များ ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည် ။
အလားတူ ကျောက်မဲမြို့ ကျားငါးကောင်ဆေးတိုက်မှလည်း မူလတန်းနှင့်အလယ် တန်း ကျောင်း သားကျောင်းသူ ၂၀၀ ခန့်အား နေထိုင်စားသောက်ရေး ကူညီထောက်ပံ့မှု ပေးနေကြောင်း ၊ စာမေးပွဲသွားရောက်ဖြေဆိုနိုင်ရန် အတွက်လည်း ကူညီမှုများပေးဆောင်နေကြောင်း ကျောက်မဲမြို့ သျှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် မှ ဗဟိုဦးစီး အဖွဲ့ဝင် စိုင်းသန်းမောင် ကပြောသည် ။
အလယ်တန်းအဆင့် စတုတ္ထတန်းနှင့် အဌမတန်း ကျောင်းသားများအတွက် အတန်းတင် စာမေးပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၀ နေ့အထိ လည်းကောင်း ၊ ကျန်အတန်း စာမေး ပွဲကို ၂၂ ရက်မှ ၂၇ ရက် နေ့အထိလည်းကောင်း ဒသမတန်းခေါ် တက္ကဝင်တန်းစာမေးပွဲကို မတ်လ ၉ ရက်နေ့မှ ၁၈ ရက်နေ့ အထိလည်းကောင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည် ။
ယခုလ ၁၀ ရက် မှ ၁၄ ရက် နေ့အထိ ကျောက်မဲမြို့သို့ ရောက်ရှိလာသော စစ်ဘေးရှောင် ရွာသူ ရွာသား ၂၇၀၀ ကျော်ရှိရာ ဘိုးဘွားရိပ်သာတွင် ၃၁၈ ဦး ၊ သီဟိုဠ်ကျောင်း တွင် ၃၄၅ ဦး ၊ နမ့်စစ်လင်းကျောင်းတွင် ၂၆၂ ဦး ၊ နမ့်ပိန် ဘုန်ကြီးကျောင်းတွင် ၁၀၉ ဦး ၊ တောင်နောက်ကျောင်းတွင် ၂၀၅ ဦး ၊ အောင် ဆုပန် ကျောင်းတွင် ၄၁၉ ဦး ၊ ၀ါဆိုကျောင်းတွင် ရ၈ ဦး ၊ ရွှေ ကျင်ကျောင်းတွင် ၈၉ ဦး ၊ ရွှေညောင်ပင်ကျောင်းတွင် ၁၈၁ ဦး ၊ ကန်မိန်းကျောင်းတွင် ၉၆ ဦး ၊ ကမ္ဘောဇရှမ်းကျောင်းကြီးတွင် ၁၂၁ ဦး သာသနောဒယကျောင်းတွင် ၄၈ ဦး ၊ အောင် မင်္ဂလာဘုန်ကြီးကျောင်းတွင် ၅၀ ဦး ၊ ဝေဠုဝန်ဘုန်းကြီးကျောင်းတွင် ရ၁ ဦး ၊ မန်စန်းရပ် မိုင်း တင်းကျေးရွာအုပ်စုတွင် ၄၈ ဦး ၊ ရေဦး ဘုန်းကြီးေ ကျာင်း တွင် ၃၀၄ အသီးသီးရောက်ရှိ နေကြပါသည် ။
Tags: Education, News


