သျှမ်းမြောက် တိုက်ပွဲကြောင့် တိုင်းရင်းသားကြား ယုံကြည်မှု နဲ့ သွေးစည်းညီညွတ်ရေး ပျက်ပြားစေနိုင် SSPP ပြော



သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ နှင့် တအောင်း (ပလောင်) ပြည်နယ်လွတ်မြှောက်ရေး တပ်ဦး တို့၏ လတ်တလောဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခနှင့် ဒေသခံလူထု စစ်ဘေးဒဏ်သင့်နေသည့် အပေါ် သျှမ်းပြည်တိုးတက်ရေးပါတီ မှ ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန် လိုက်ပါသည် ။


အဆိုပါ ကြေညာချက်စာစောင်တွင် အချက် ၄ ချက်ပါရှိရာ အချက်နံပါတ် ၂ တွင် - မိမိသျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) သည် နိုင်ငံရေးပြသနာများကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် အစဉ်တစိုက်ဆုပ်ကိုင်ခဲ့ကာ အင်အားသုံးလက်နက်ကိုင် ဖြေရှင်းသည့် မည်သည့် အဖွဲ့အစည်း ကိုမဆို လုံးဝမထောက်ခံပါ ။ လက်နက်ကိုင်ဖြေရှင်းခြင်း၏ အကျိုးဆက်များကြောင့် သျှမ်းတိုင်းရင်းသား ၊ ပလောင်တိုင်းရင်းသား အပါအဝင် တမြေထဲနေ ညီအစ်ကိုတိုင်းရင်းသားများ အတိဒုက္ခရောက်နေကြ သည်မှာ ဆုံးရှူံးမှုကြီးသာ ဖြစ်ပါသည် ။ တဆက်တည်းတွင် တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု လျှော့နည်းစေပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုကိုလည်း ထိခိုက်စေသည်ဟု ပါရှိသည် ။


SSPP/SSA ၏ထုတ်ပြန်ချက်တွင် ၂ ဦး ၂ ဘက် ပဋိပက္ခတင်းမာမှု လျော့သွားအောင် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုဖြင့် ဖြေရှင်းသွားရန်  SSPP/SSA  မှ မေတ္တာရပ်ခံတောင်းဆိုသည်ဟုလည်း ပါရှိပါသည် ။


သျှမ်းပြည်တပ်မတော် (SSA) ကို  ညောင်ရွှေစော်ဘွားကြီး၏ မဟာဒေဝီ စဝ်နန်းဟိန်းခမ်းမှ ၁၉၆၄ ခုနှစ် ဧပြီလ ၂၄ ရက်တွင် ဦးဆောင်ဖွဲ့စည်းခဲ့သည် ။ သျှမ်းတော်လှန်ရေးကို မေလ ၂၁ ရက်နေ့၁၉၅၈ ခုနှစ်တွင် စတင်ခဲ့သည် ။ ထိုမှ ၁၉၆၀ ဧပြီလတွင် သျှမ်းပြည်လွတ်မြောက်ရေး တပ်မတော် (SSIA) ကို ဖွဲ့စည်းခဲ့သည် ။ ၁၉၇၁ ခုနှစ်တွင် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဟုသတ်မှတ်ခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည် ။


သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) သည် အစိုးရနှင့် ရ ဖွဲ့မြှောက် အပစ်ခတ်ရပ်စဲရေးသဘောတူညီသည့်အဖွဲ့ဖြစ်ပြီး  ဇန်နဝါရီလ ၂၈ ရက် ၂၀၁၂ ခုနှစ်တွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးပွဲတွင် လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့ဖြစ်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates