ဒေသခံများ ကန့်ကွက်သည့်ကြားက သီပေါမြို့နယ်အတွင်း ကျောက်မီးသွေး ဆက်လက်တူးဖော်



သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ၀မ့်လုံ - နမ့်မရွာရှိ ဟိုနားဖှ၌ ကျောက် မီးသွေး တူးဖော်မှုကို ဒေသခံများ အကြိမ်ကြိမ် ကန့်ကွက်သည့်ကြား က ငွေရည်ပုလဲကုမ္ပဏီက ကျောက်မီးသွေး စတင် တူးဖော်နေပြီဖြစ်ကြောင်း သိရှိရသည် ။

ဒသခံများ အကြိမ်ကြိမ်ကန့်ကွက်သည့်ကြားက ငွေရည် ပုလဲ ကုမ္ပဏီက ကျောက်မီးသွေးစတင်တူးဖော်နေသည့် သီပေါမြို့နယ် ၀မ့်လုံ-နမ့်မရွာရှိ ဟိုနားဖှအရပ်

“ ဟိုနားဖှမှာ မနေ့တနေ့က လာပြီး စ-တူးတာ။ ၁၂ ဘီးကားနဲ့ ၃ စီး သယ်သွား တယ် ။ လာမတူးခင် လေယာဉ်ပျံ အသေးလေး အရင်လွတ်လာတယ်။ အချက်အလက်တွေယူဖို့ ။ ဒီမှာက တိုက်ပွဲတွေ ဖြစ်နေတော့ သူတို့ကို လုံခြုံရေးယူပေးတာက ဗမာစစ်တပ်လေ ။ ဒီမှာ လာတူးရင်တော့ လယ်ကွက် ၁၀၀ ဧကလောက် ပျက်စီးဦး မှာ ” ဟု ၀မ့်လုံရွာသားတဦးက ပြောပါသည် ။


ယခု ကုမ္ပဏီက လာရောက်တူးဖော်နေသည့် ဟိုးနားဖှသည် ဒေသခံများ လယ်ယာမြေအတွက် အားထားရ သည့် ရေရှိရာနေရာဖြစ်သည့်အတွက် အကြိမ်ကြိမ် ကန့်ကွက်ကြကြောင်း ဒေသခံများက ဆိုသည် ။


“ ဒီဟိုနားဖှကို ပိန်းဆိုင်းရေထွက်လို့လည်း ခေါ်တယ် ။ မိုးရာသီဆိုရင် ဒီနေရာ မှာ တောင်ကျရေတွေနဲ့ ပြည့်နေ တယ် ။ ပိန်းဆိုင်းလယ်ကွက်နဲ့ ၀မ့်လုံ လယ် ကွက်အတွက်ဒီကရေနဲ့လယ်ရေသွင်းတာ ။ တကယ်လို့ ဒီနေရာမှာ ကျောက် မီးသွေးလာတူးရင် တွင်းကြီးဖြစ်သွားမယ် ။ ဒါကြောင့် လယ်ယာ အတွက် ရေ လည်းရှိမှာ မဟုတ်တဲ့ အတွက် ဒီနေရာကိုတော့ အရေးတယူ ကန့်ကွက် ဟန့်တားတာ ဖြစ်တယ် ” ဟု နမ့်မရွာသား စိုင်းကျော်စိန် က ပြောပါသည် ။


ဝမ့်လုံ - နမ့်မကျေးရွာတွင် အစိုးရတပ်မတော်နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားသည့် အတွက် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည် ။


ငွေရည်ပုလဲကုမ္ပဏီသည် ၀မ့်လုံ - နမ့်မကျေးရွာအတွင်းသို့ ၂၀၀၀ ပြည့်နှစ် ကတည်းက စတင်ဝင်ရောက်လာပြီး ၂၀၀၄ ခုနှစ်မှစ၍ ကျောက်မီးသွေး တူးဖော်ကြောင်း ၊ ထို့ကြောင့် လယ်ယာခြံမြေများ ၊ တော တောင်ရေမြေ သဘာဝပတ်ဝန်းကျင် ၊ ချောင်းရေများ ပျက်စီးဆုံးရှုံးရကြောင်း ၊ ညစ်ညမ်း သည့်လေ ၊ ညစ်ညမ်း သည့်ရေကြောင့် ဒေသခံ၏ကျန်းမာရေး တနေ့တခြား ဆုတ်ယုတ်လာကြောင်း ၊ ကုမ္ပဏီက ကျောက်မီးသွေး မတူးခင် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘဝဆိုင်ရာ သက်ရောက်မှု ဆန်းစစ်ချက် EIA/SIA လုပ်ဆောင်ခြင်း မရှိကြောင်း ဒေသခံများက ဆိုပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates