တရားမဝင် လောင်းကစားမှုဖြစ်တဲ့ ချဲထီ - ၂လုံး ၃လုံးများကို သက်ဆိုင်ရာ တာဝန်ရှိအစိုးရအရာရှိကြီးများသိရှိပြီး အမြန်တားမြစ်ပိတ်ပင် ဖယ်ရှားပေးစေလို



သို့ / သျှမ်းသံတော်ဆင့်


ကျေးသီးမြို့၌ ချဲထီ (၃လုံး) ရောင်းချသူများ ပိုမိုများပြားလာနေခြင်း ၊ အချို့အရောင်း ဒိုင်ငယ်များသည် အစိုးရဝန်ထမ်းများကိုယ်တိုင် အပိုဝင်ငွေအတွက် လိုက်လံရောင်းချနေခြင်းတို့ကြောင့် ပေါ်ပေါ်တင်တင် အတင်းရဲစွာ ရောင်းချခွင့်ပိုရလာနေပါသည် ။


ပြည်နယ်အဆင့်မှ သက်ဆိုင်ရာတာဝန်ရှိသူများသိရှိစေလိုပြီး အမြန်ဆုံး ထိထိရောက်ရောက် အရေးယူပေးစေလိုပါတယ် ။ ပြည်သူ့ရဲတပ်ဖွဲ့မှ ချဲထီဒိုင်ငယ် ၁ ဦးကို ၁လ ကျပ် ၅၀၀၀ နှုန်းပေးသွင်းစေပြီး လွတ်လွတ်လပ်လပ်ရောင်းချခွင့်ပေးနေကြောင်း သိရှိရပါသည် ။


ဈေးရှေ့လမ်းမဘေးတွင် စားပွဲခုံငယ်များချကာ ပေါ်ပေါ်တင်တင်ရောင်းချနေပါသည်။ ပင်ရင်းဒိုင်ချုပ်မှာ တာချီလိတ်ကလို့ သိရသည် ။ ခေတ်အဆက်ဆက် တိုင်းရင်းသား ပြည်သူများကို ဘာမှစိတ်မဝင်စားလေအောင် လောင်းကစားနည်းအမျိုးမျိုးကို ဖန်တီးထား ပေးခြင်းပင်ဖြစ်ပါသည် ။ ရပ်ထဲ ရွာထဲ ကြီးကြီး ငယ်ငယ် ကျားမ မရွေး ဘုန်းကြီးအပါအဝင် ချဲထီလောင်းကစားစွဲလမ်းသူ ပိုမိုများပြားလာပြီဖြစ်သည် ။ အစိုးရဝန်ထမ်းများ အကျင့်ပျက် ချစားမှုနဲ့ လာဘ်ပေးလာဘ်ယူမှုကို ပိုမိုကြီးထွားစေသည့် တရားမဝင်ချဲထီလောင်းကစားခွင့် ပေးထားခြင်းကို သက်ဆိုင်ရာတာဝန်ရှိအစိုးရအဖွဲ့အစည်းများမှ ထိထိရောက်ရောက် စစ်ဆေးအရေးယူပေးစေလိုကြောင်း သျှမ်းသံတော်ဆင့်မှနေပြီး တိုင်ကြားလိုက်ရပါသည် ။


ကျေးသီးလူငယ်အဖွဲ့




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates