သျှမ်းပြည်ရေးရာ စုံစီနဖာ - RCSS/SSA ဥက္ကဌနှင့်ဆုံခိုက် (တောင်ကြီးရောက် RCSS/SSA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် တွေ့ဆုံမေးမြန်းခန်း)



သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/ SSA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် ရဲ့ သျှမ်းပြည်နယ် တောင်ကြီးမြို့ ကက္ကူဘုရားထီးတော်တင်ပွဲရဲ့ ခရီးစဉ်မှာ သျှမ်းပြည်နယ် ၀န်ကြီးချုပ် ဒေါက် တာ လင်းထွဋ်နဲ့ အဖွဲ့ကို တွေ့ဆုံခဲ့ပါတယ်။ မေလ ၂၄ ရက်က သျှမ်းပြည် နယ် အစိုးရနဲ့ RCSS/SSA ခေါင်းဆောင်တို့ တောင်ကြီးမြို့ မှာ တွေ့ဆုံပွဲ အပြီး ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် ကို သျှမ်းသံတော်ဆင့်သတင်းထောက် ယိင်းတိုင်းက အခုလို တွေ့ဆုံမေးမြန်းထားပါတယ် ။

RCSS/ SSA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် သျှမ်းပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်တို့တွေ့ဆုံစဉ်
မေး ။ ။ ဒီနေ့မနက်မှာသျှမ်းပြည်နယ်ဝန်ကြီးချုပ် နဲ့တွေ့ဆုံ တယ်လို့ သိရပါတယ် ။ ဘာတွေဆွေးနွေးဖြစ်လဲ ဆိုတာ ရှင်းပြပေးပါ ။


ဖြေ ။ ။ သျှမ်းပြည်နယ်ဝန်ကြီးချုပ် အသစ်ဖြစ်တဲ့အတွက် အလွတ် သဘောပဲခင်မင်ရင်းနှီးမှုရအောင်၊အပြန်အလှန်ယုံကြည်မှုတည်ဆောက် နိုင် အောင် ၊ သျှမ်းပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာ RCSS အနေနဲ့ ဘာတွေ ပါဝင် ကူညီနိုင်မလဲ ဆိုတာရယ် ၊ RCSS နဲ့ သျှမ်းပြည်နယ် အစိုးရ အဖွဲ့တို့ပူး ပေါင်းပြီးဘာတွေ လုပ်ဆောင်နိုင် မလဲ တိုင်းပြည် တိုးတက် ဖို့တည်ဆောက်တဲ့နေရာမှာ အပြန် လှန်ယုံကြည်မှုတည်ဆောက်ဖို့အရေး ကြီးတယ်ဆိုတဲ့အချက်တွေကိုဆွေး နွေးဖြစ်ခဲ့ကြပါတယ် ။


မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်က၂၁ ရာစုပင်လုံ ညီလာခံ ကို အမြန်ဆုံးအကောင်အထည်ဖော်မယ်ဆိုတဲ့ ကိစ္စရပ်အပေါ်ဘယ်လိုမြင်ပါ သလဲ ။


ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည်ကြွေးကြော်ထားတဲ့ ၂၁ ရာစုပင်လုံ ညီလာခံ ဟာ ဘယ်လိုအစီအစဉ် ဘယ်လိုပုံစံ မျိုးနဲ့ကျင်းပမယ်ဆိုတာ ကျနော်တို့လဲခုထိ တိတိကျကျမသိရသေးပါဘူး ။ ဒါပေမဲ့ပင်လုံနဲ့ ပတ်သက် လာရင်တော့ ပင်လုံကတိကဝတ် ၊ ပင်လုံစာချုပ် ၊ ပင်လုံစိတ်ဓါတ် စတဲ့အ ချက် (၃)ချက်ပါရှိရပါတယ် ။ ဒီအပေါ်မှာသူကဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုပြီး ဘယ်လိုအကြောင်းအရာပိုင်းနဲ့ ဘယ်လိုသဘောထားသလဲဆိုတာ ကျနော် တို့မသိရသေးပါဘူး ။


မေး ။ ။ ဒါဆိုရင် ဒီ၂၁ ရာစုပင်လုံ ညီလာခံ နဲ့ပတ်သက်ပြီး RCSS အနေနဲ့ ဘာများပြောကြားချင်သေးလဲ ။


ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒါကိုအကောင်းဆုံးဖြစ် အောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့တော့ ယုံကြည် ထားပါတယ် ။ ဒါပေမဲ့ ဒီနေရာမှာ နည်းလမ်းမှားသွားမယ် ၊ ပေါ်လစီမှားသွားမယ်ဆိုရင်တော့ အနာဂါတ်ပြည်ထောင် စုဟာ ပိုဆိုးတဲ့အနေအထားကိုရောက်ရှိသွားနိုင်ပါ တယ် ။ ပထမပင်လုံ တုန်းက ပြဿနာတွေကြောင့် ဒီနေ့အထိတိုင်းပြည် ဟာ ပြည် တွင်းစစ်တွေ ဖြစ် ခဲ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့၂၁ ရာစုပင်လုံ ညီလာခံ သဘော ထားလုပ်ဆောင်ချက်တွေကို ဘယ်သူမှတိတိကျကျ မသိရသေးပါဘူး ။ ကျနော် တို့အနေနဲ့ မီဒီယာတွေကို အသိပေးချင် တာက တော့ ညီလာခံ မကျင်းပခင် အဖက်ဖက်က ညှိနှိုင်းတိုင်ပင်မှုတွေကို ရှင်းရှင်း လင်းလင်း လုပ်နိုင်မှအကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ပြောချင်ပါတယ် ။ ဒီလိုမှမဟုတ်ရင် ညီလာခံတက်ပြီး ဆန္ဒသဘောထား မတူညီတဲ့အတွက် ညီလာခံမှာဆန္ဒပြ ထွက်သွားမယ့်သူတွေလဲရှိလာနိုင်ပါတယ် ။


မေး ။ ။ RCSS က နမ့်စန်မှာတပ်သားသစ်တွေလိုက်ကောက် နေတယ် ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ဘာများ ပြေကြား ချင်ပါသလဲ ။


ဖြေ ။ ။ ဒီသတင်းက မဟုတ်ပါဘူး ။ တပ်မတော်ဘက်ကကျနော်တို့ တပ်သားသစ်တွေလိုက် ကောက်နေတယ်ဆိုလို့ ပြောနေတဲ့အပေါ် မီဒီယာ ကာယာကံရှင်တွေကို ကိုယ်တိုင် လက်တွေ့ကွင်းဆင်း မေးမြန်းနိုင်ပါ တယ် ။ မေလ ၂၁ ရက်နေ့တုန်းက ကျနော်တို့ ဗဟိုဌာနချုပ် ဖြစ်တဲ့လွယ် တိုင်း လျန်းမှာ တော်လှန်ရေးနေ့ပွဲကို သွားတက်ကြတာဖြစ် တယ်။ တပ်သား သစ်နဲ့ ပတ်သက်လို့ ပြည်သူတွေက ဝါသနာပါတယ် ၊ စေတနာ ပါတယ် ဆိုရင် ကျနော်တို့လက်ခံပါတယ် ။ သူတို့သဘောမပါ ပဲခေါ်တာမျိုးတွေ မလုပ်ပါဘူး ။


မေး ။ ။ အစိုးရအသစ်လက်ထက်မှာ NCA နဲ့ပတ်သက်ပြီး ဘယ်လိုတွေ ဆက်လက်အကောင်အထည်ဖော်သွားဖို့ရှိလဲ ။


ဖြေ ။ ။ NCA နဲ့ပတ်သက်ပြီးအရင်အစိုးရလက်ထက်မှာ ကတည်းက လုပ်ခဲ့တယ်ဆို ပေမဲ့ အခု အစိုးရသစ်လက်ထဲရောက်သွားပြီ ၊ အစိုးရသစ်က ဘယ်လိုဆက် လက်ကိုင်တွယ်လုပ်ဆောင်သွားမလဲဆိုတာ ကျနော် တို့ စောင့်မျှော်နေ ပါတယ် ။


မေး ။ ။ TNLA နဲ့ RCSS ကြားက ပဋိပက္ခ တွေကိုဘယ်လို ဖြေရှင်း သွားဖို့ရှိလဲ ။


ဖြေ ။ ။ TNLA နဲ့ကျနော်တို့ကြားက ပဋိပက္ခ နဲ့ ပတ်သက်လို့ လက် နက်နဲ့ဆွဲကိုင်ပြီးပြဿနာတွေဖြေရှင်းကြမယ် ဆိုရင် ဒီပြဿနာတွေ ပြီး ဆုံး သွားနိုင်မှာမဟုတ်ပါဘူး ။ အကောင်းဆုံး ကတော့ တွေ့ဆုံဆွေးနွေး ခြင်း ကသာအကောင်းဆုံးဖြစ်ပါလိမ့်မယ် ။သင်္ကြန်ကာလအပြီးမှာ UNFC နဲ့ UWFC အဖွဲ့တွေက ဆွေးနွေးညှိနှိုင်းဖို့ ကြားနေပြီးအ ကျိုးဆောင်ပေးမယ် လို့ကမ်းလှမ်းလာတဲ့အတွက် ကျနော်တို့ဘက်ကဆွေးနွေးဖို့ ကော်မတီေ တာင် ဖွဲ့စည်းပြီးပါပြီဒါပေမဲ့ TNLA ဘက်ကသင်္ကြန်ပြီးတာနဲ့ကျနော်တို့ ဘက် ကို စတင်တိုက်ခိုက်လာတာ တွေ့ရပါတယ် ။ TNLA ဘက်က လူမျိုးရေးသျှမ်းနဲ့ ပလောင်ကြား လူမျိုးရေး ပဋိပက္ခ တွေတမင်ဖန်တီးနေ သလိုဖြစ် နေတယ် ။ ကျနော်တို့ဘက်ကတော့ လူမျိုးရေးပဋိပက္ခမဖြစ် အောင် တတ်နိုင် သလောက်ကြိုးစားရှောင်ရှားနေပါတယ် ။ TNLA နဲ့ တိုက်ပွဲ ပေါင်း အကြိမ်ပေါင်း (၃၀) ၀န်းကျင်ရှိခဲ့တယ် ။ ကျနော်တို့ဘက်ကကျ ဆုံးတာ ၈ ယောက်လောက်ကျဆုံး ပြီး ၃၀ ၀န်းကျင်လောက်ဒဏ် ရာရခဲ့ ပါတယ် ။ တိုက်ပွဲတစ် ခုဖြစ် ရင် ကျဆုံးဒဏ်ရာရတာတွေက မဆန်းပေ မဲ့ ပြည်သူလူထု ထိခိုက် နစ်နာမှုတွေအတွက် ကျနော်တို့ အရမ်းဂရုဏာ သက်မိပါတယ် ။ TNLA က ရွာတွေကိုမီးရှို့ ပြီးပြေးတာ ပြည်သူတွေ အတွက် အရမ်းနစ်နာ ပါတယ် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates