ကျောက်မဲမြို့နယ်အတွင်းရှိ စစ်ဘေးသင့်ရွာ မီးရှို့ခံရ - အလောင်း များပါတွေ့ ရှိ



တပ်မတော်နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့ မေလ ၁၃ ရက်နေ့က တိုက်ပွဲဖြစ်ပွား ခဲ့သည့် ကျောက်မဲမြို့နယ် နောင်ကွမ်ကျေးရွာအုပ်စုရှိ ၀မ့်ဝိုးလုံ  ရွာတွင် မီးရှို့ခံထားရသည့် အလောင်း ၃ လောင်းကို တွေ့ရှိ ရပြီး ဒေသခံများ ၏ တဲနှစ်လုံးနှင့် အိမ်တလုံးမှာလည်း မီးရှို့ ခံထားရကြောင်း ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  စိုင်းထွန်းဝင်းက ပြောသည် ။

မီးရှို့ခံရ ဝိုးလုံရွာ (ဓါတ်ပုံ- Naw Kham Naw Kham )


မေလ ၂၁ နေ့က စစ်ဘေးဒဏ်ခံရသော ကျေးရွာများသို့ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းနှင့် စိုင်းထွန်းဉာဏ် တို့အဖွဲ့က သွားရောက် ကြည့်ရှုစဉ် ကျောက်မဲမြို့နယ် အက်ကြီးရွာ ၊ နမ့်ဖါတ်ရွာ ၊ ပန်ကင်ရွာ ၊ ဝိုးလုံရွာ တို့မှာ အများ အပြား ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း ၊ အဆိုးဆုံးမှာ ဝိုးလုံရွာဖြစ်ပြီးတရွာလုံးပျက်စီး ဆုံးရှုံး ကြောင်း ၊ ပန်ကင် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသော ဝိုးလုံရွာသားများ အဖို့ရွာပြန် ရန် လွန်စွာခက်ခဲသော အခြေအနေဖြစ်နေကြောင်း ပြန်လည်ပြောပြချက် အရသိရသည် ။


'ကျနော် အဲဘက်ရောက်တယ်။ တဲနှစ်လုံးနဲ့ အိမ်တလုံး မီးရှို့ခံထားရတယ် ။ ကျန် တာတွေက ပျက်စီးကုန်တယ် ။  ဘာတွေတွေ့ရလဲဆိုတော့ လူကိုမီးရှို့ ထားတာလည်းတွေ့ရတယ် ။ အလောင်းက ၃ လောင်းတွေ့တယ် ။ အရိုးပဲကျန် တယ် ။ အိမ်မီးရှို့ တာတော့ ဘယ်ကရှို့လဲ ကျနော်တို့ မသိဘူး ။ ' ဟု သျှမ်း တိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းက ပြောသည် ။


ဝိုးလုံရွာအနီးတွင် ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့က  SSPP/SSA နှင့် တပ်မေ တ်ာတို့အကြား တိုက် ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဒေသခံများမှာ မေလ ၁၃ ရက်နေ့ကပင် နောင်ပိန် ၊ ပန်လော့ စသည့် ကျေးရွာများဘက်သို့ ထွက်ပြေးပုန်းရှောင်ခဲ့ရသည် ။


ဝိုးလုံကျေးရွာတွင် အလောင်းများတွေ့ရှိရသော်လည်း အလောင်းများမှာ အရိုးသာကျန် သောကြောင့် မည်သူမည်ဝါဖြစ်သည်ကို ခွဲခြားရခက်နေကြောင်း ၊ နေအိမ်နှင့်တွဲချည်ပြီး ပူးတွဲမီးရှို့ထားခြင်းဖြစ်နိုင် ကြောင်း ၊ ရွာသားများ၏ လူစာရင်းရေတွက်မှုအရလည်း  ၂ ဦး  ပျောက်ဆုံးနေသည်ဟုပြောကြောင်း  စိုင်းထွန်းဝင်းက ပြောသည် ။


ရွာသားအများစုမှာ ယခုအချိန်အထိ စစ်ဘေးရှောင်စခန်းများ တွင်ရှိနေ ဆဲဖြစ်ပြီး ဝိုးလုံ ကျေးရွာရှိ နေအိမ်အများစုမှာ လည်း မွှေနှောက်ခံထားရသည် ဟု ဦးစိုင်းထွန်းဝင်းက ပြောသည် ။


လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူသွားရောက်ကွင်းဆင်းလေ့လာခဲ့သည့် RFA  သတင်း ဌာန ကမူ မီးရှို့ခံထားရသည့်အလောင်း ၈ လောင်းတွေ့ ရှိခဲ့သည်ဟု ဖော်ပြထားပါသည် ။


လက်ရှိဘုန်းကြီးကျောင်းတွင်ခိုလှုံနေသော စစ်ဘေးရှောင်များမှာလည်း နေ ထိုင် စားသောက် ရန် အကူ အညီများလိုအပ်နေကြောင်း ဒေသခံများ ကပြော ဆိုပါသည် ။


မေလ ၁၂ ရက်ကလည်းတပ်မတော်စစ်ကြောင်းမှ ဒေသခံနှစ်ဦး အား  ခေါ်ဆောင်သွားခဲ့ကာ အဆိုပါ ဒေသခံများမှာ ၄ ရက်အကြာတွင်ပြန် လွတ်လာသော်လည်း ရိုက်နှက်ထိုးကြိတ် ခံထား ရသည့် ဖူးယောင် ဒဏ်ရာများဖြင့် လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း  သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates