သမိုင်းဝင်အမွေအနှစ်ကိုချစ်ရင် သဘာဝပတ်ဝန်းကျင်ကို မြတ်နိုးသင့်ပါတယ်



ရ မြေ တောတောင်သဘာဝအလှ ကိုဖျက်ဆီးရင် ရာသီဥတုဖောက်ပြန် တယ်လို့ မိဘဘိုးဘွားတို့ဆုံးမသြဝါဒ ရှိခဲ့ဖူးပါတယ် ။ သို့ပေမယ့် ဘယ် သူသေသေ ငတေမာရင်ပြီးရော .. လူတို့ကြောင့် ကနေ့ခေတ်မှာ တတောလုံးပြောင် တတောင်လုံးသုဉ်းလို့ ရာသီဥတုလည်း မမှန်တော့ပါဘူး ။
သောက်သုံးရေရှားပါးမှု ၊ သစ်တောပြုန်းတီးမှု တွေကြောင့် အချိန်အခါ မဟုတ်ဘဲ မိုးသည်းထန်စွာရွာသွန်းခြင်း ကျောက်ခဲလုံးလောက် ပမာဏရှိတဲ့ မိုးသီးကြွေကျခြင်း နှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်အတွင်း ရှိ သမိုင်းဝင် စော်ဘွားဟော်နန်းများ ၊ လူနေအိမ်များပါ ထောင်နှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ရပါတယ် ။


ရှမ်းပြည်အတွင်းတွင် ရှမ်းစော်ဘွားများ လက်ထပ်ကတည်းက တည်ရှိခဲ့သော စော်ဘွားဟော်နန်းများသည် ယနေ့ ခေတ်တွင် မရှိသလောက်ပါဘဲ ။
ရှမ်းပြည်တောင်ပိုင်း ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲ ကျသွားသည့် ပင်လောင်းမြို့နယ် ပင်လောင်း စော်ဘွား ရဲ့ ဟော်နန်းလည်း ပြီးခဲ့တဲ့ မေ လဆန်းက ပင်လောင်းဒေသခံများ အတွက် မထင်မှတ်ထားတဲ့ ကံကြမ္မာ ဆိုးတစ်ခု ကျရောက်ခဲ့ပါတယ် ။


နှစ် (၁၀၀) သက်တမ်းရှိသည့် ယိုင်နဲ့နဲ့ဖြစ်နေတဲ့ ပင်လောင်းစော်ဘွား စံ ဟော်နန်းလေးဟာ မိုးသက် လေပြင်းကြောင့် မျက်စိတစ်မှိတ်စာအတွင်း လုံးဝပြိုကျ ပျက်စီးသွားရှာပါပြီ ။


ပြိုကျသွားတဲ့ ဟော်နန်းကြီးဘေးက မီးဖိုဆောင်မှာနေထိုင်နေသူကတော့ ပင်လောင်းစော်ဘွားရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ စော်ဘွားကြီး စဝ်မိုးကျော် ရဲ့ မဟာဒေဝီ စဝ်နန်းလှတင်ဖြစ်ပါတယ် ။


စဝ်နန်းလှတင်ဟာ အသက် ၈၀ ကျော်ရှိပါပြီ ။ အဘွားဟာ နားသိပ်မကြား ရတော့လို့ စကားပြောရင် အော်ပြောမှ ကြားရပါတယ် ။ “ မိုးပြင်း လေပြင်းကျမယ်ဆိုလို့ အဖွားလည်း သား / သမီးတွေနဲ့ အတူတူနေနေ တယ်။ တဖြည်းဖြည်း နဲ့ ဟော်နန်းက ပြိုကျသွားတယ် ။ ဒီဟော်နန်းကို ဆရာတော် ဒေါက်တာဓမ္မသာမိ နဲ့ တောင်တန်းသာသနာပြုဆရာတော် အရှင်သုခမိန် စဝ်ဆုခမ်းတို့ဆီ လှူထားပြီ ” လို့ ပြောပါတယ် ။


စဝ်နန်းလှတင်ဟာ စဝ်မိုးကျော် နဲ့ အသက် ၁၇ နှစ် အရွယ်လောက် ကတည်း က အိမ်ထောင်ကျခဲ့ပြီး သား / သမီး ၄ ဦးထွန်းကားခဲ့ပါတယ် ။


အသက် ၄၀ ခန့်လောက်ရှိတဲ့ အရပ်မြင့်မြင့် တောင်မြင့်မြင့်ရှိတဲ့ အမျိုးသား တစ်ဦးကတော့ ပင်လောင်းစော်ဘွားကြီးရဲ့ သား စဝ်မော်ခမ်းဆိုင် ဖြစ်ပါ တယ် ။ “ အမေက ဒီဟော်နန်းကို လှူချင်တယ် ပြန်ပြင်ဖို့လည်း မလွယ်ဘူး။ ဟော်နန်း က ကြီးတယ် ၊ ကျယ်လည်းကျယ်တယ် လေ ။ ဒါကြောင့် ဆွေမျိုးမောင်နှမ အားလုံးသဘောတူညီချက်နဲ့ လှူခဲ့တာပါ ” ကပြောပါတယ် ။


ပင်လောင်းဟော် နန်းဟာ ရှမ်းစော်ဘွားနယ်မြေ ၃၄ ခုမှာ တခုအပါ အဝင်ဖြစ်ပြီး ပင်လောင်း စော်ဘွား နေထိုင်စံမြန်းခဲ့တဲ့ ဟော်နန်းဖြစ်ပါတယ် ။ အခုလို ဒေသခံတို့ရဲ့အထွဋ်အမြတ်လည်းဖြစ် ပင်လောင်းသားတို့အတွက် လက်ဆုတ်လက်ကိုင်ပြစရာလည်းဖြစ်တဲ့ ဟော်နန်းဟောင်းကြီး ပျက်စီးခဲ့မှုမှာ ရှမ်းတိုင်းရင်းသားများအတွက်သာမက ဒေသခံများအတွက်ပါ ဆုံးရှုံး မှုဖြစ်ေ ကြာင်း သျှမ်းရေးရာ လေ့လာနေသူ ခွန်ယုံးချို က- “ အဲဒီစော်ဘွားဟော်နန်း က အရင်ကတည်းက ပြင်ဆင်ထိန်းသိမ်းမှုအားနည်းတော့ခပ်ယဲ့ယဲ့ ဘဲဖြစ် နေတာကြာပြီလေ “ လို့ပြောပါတယ် ။


စော်ဘွားခေတ်တုန်းက လူထုသုံးဖို့ ပင်လောင်းမြို့တွင်း မှာ စော်ဘွားကြီး က ရေတွင်းကြီး ၉ ခု တူးထားပေးတယ်လို့ စဝ်နန်းလှတင်က ပြောပါတယ် ။ ယနေ့ခေတ်မှာတော့ ပင်လောင်းမြို့တွင်းထဲမှာ ရေတွင်းက ဟော်နန်းခြံဝန်းထဲ တစ်တွင်းဘဲကျန်တယ်လို့ သိရပါတယ် ။


“ နွေရာသီမှာ ပင်လောင်းမြို့ ရေခမ်းရင်လည်း ဒီရေတွင်းက လုံးဝ မခမ်းဘူး ။ ” လို့ သားတော် စဝ်မော်ခမ်းဆိုင် ကပြောပြပါတယ် ။ မေလ ၁ ရက်နေ့ညနေ ၆ နာရီခန့်က မိုးသက်လေပြင်းကျရောက်လို့ ယိုင်နဲ့နေ တဲ့ ပင်လောင်းစော်ဘွား ဟော်နန်းကြီးဟာ တဝက်ကျော်ကျော် ပြို ကျပျက်စီး ခဲ့ရပါတယ် ။ မေလ ၂ ရက် နံနက် ၁ နာရီ မိနစ် ၂၀ အချိန် လေပြင်း ထပ်မံ တိုက်ခတ်ရာ ဟော်နန်းကြီးမှာ ဘုရားခန်းကလွဲလို့ လုံးဝ ပြိုကျ ပျက်စီးသွား ခဲ့ရတယ်လို့ ယိင်းနောင့်လျဲန်းက ပြောပါတယ် ။


“ ဟော်နန်း ပျက်စီးစပြုလာကတော့ ၂၀၀၈ ခုနှစ်ကပါ။ ဒီနှစ်မေလ ၂ ရက်ေ န့မှာ မိုးသက်လေပြင်းကျတော့ ဟော်နန်းရဲ့ အနောက်ဘက်ခြမ်း က ပြိုကျ သွားတယ် ။ ည ၈ နာရီခွဲ ၉ နာရီလောက်ကျတော့ ကျတော်တို့ မီးဖိုချောင် ထဲမှာနေတော့ ဘယ်သူမှ ထိခိုက်ဒဏ်ရာမရရှိခဲ့ဘူး ပြိုကျတဲ့ အသံက အရမ်းကျယ်တယ် မိုးခြိမ်းသံရော မိုးရွာသံရော ဆိုတော့ ” ဟု စဝ်မော်ခမ်းဆိုင်က ပြောသည် ။


ဟော်နန်းမပြိုခင်ချိန်တွင် မနက်တိုင်း ဘုရားခန်းမှာ စဝ်နန်းလှတင် က ဆွမ်းတော်ကပ်လေ့ရှိတယ်လို့သိရပါတယ် ။ “ဟော်ဦး ဘုရားခန်းဘဲကျန်ပါတယ်။ ကျန်တာတော့ လုံးဝ ပျက်စီးသွားပါပြီ ။ ဒါပေမယ့် ဟော်နန်းပေါ်က စော်ဘွား ကြီး ရဲ့ လက်ကျန်အသုံး အဆောင်ေ တွတော့ ထိခိုက်ပျက်စီးတာမရှိပါဘူး ။ အရင်ကတည်းက အဲလိုဖြစ် မှာ ကြောက်လို့ ဟော်နန်းအောက်ထပ်ကို ကျမတို့ ပြောင်းရွှေ့ထား လိုက်ပြီလေ ” –နောင့်လျဲန်း ကပြောပါတယ် ။


“ ဟော်က နဂို ခေတ်အဆက်ဆက်အစိုးရတွေကပြင်ဆင် ထိန်းသိမ်းမှု မလုပ်ပေးတဲ့ အပြင် ဒေသခံ တွေ ကနေ ကိုယ်တိုင်ထလုပ်နိုင်ဖို့ ဆိုတာ ကလည်း အဆင့်ဆင့်သွားရတယ်လေ။အဲ့ကြောင့် မပြင်နိုင်ဘဲ ထားခဲ့ရတာ ခုလိုပြိုကျတဲ့အချိန်အထိ ။ အရမ်းကိုနှမြောဖို့ကောင်းပါတယ် ။” – ပင်လောင်းဒေသခံ စိုင်းစိုင်းကပြောပါတယ် ။


သျှမ်းပြည်တွင်းမှာ ကျန်ရှိနေသေးတဲ့ စော်ဘွားဟော်နန်းတွေကို ပြန်လည်ပြုပြင် ထိန်းသိမ်းကြပါ ။ မပျက်စီးမပြိုကျခင်မှာ သမိုင်းဝင်အမွေ အနှစ်အဖြစ် တည်ရှိအောင် ထိန်းသိမ်းကြပါ - လို့ စဝ်မော်ခမ်းဆိုင် ကမိန့်မှာပြောဆိုခဲ့ပါတယ် ။


တခြားတပါးသော လူမျိုးတွေက မြေကြီးထဲမှာသာကျန်တဲ့ သူများရဲ့ အမွေ အနှစ်ယဉ်ကျေးမှုတွေကို တူးဖော်ပြီး ပြန်လည်ပြုစုမှတ်တမ်းတင်နေ တဲ့ အချိန်မှာ ကျမတို့ရှမ်းတွေအနေနဲ့ကော် ရှမ်းတို့ရဲ့ အမွေအနှစ်ကို ဘယ်ေ လာက်ထိ ထိန်းသိမ်းနိုင်ခဲ့ပြီလဲ ။ ဘယ်လောက်ထိ ကာကွယ်နိုင်ခဲ့ပါသလဲ ။ ကာကွယ်ဖို့ ဘယ်လိုနည်းလမ်းတွေ ရှိခဲ့ပါသလဲ - ဆိုတာမေးခွန်း ထုတ် စရာဖြစ်နေပါတယ် ။


ဒါပေမယ့် စာရေးသူ ကျမ အနေနဲ့ အတွေးထဲချက်ချင်းပြေးဝင်လာတာ တခုကတော့ “ သမိုင်းဝင်အမွေအနှစ်သည် သဘာဝပတ်ဝန်းကျင်နဲ့ လည်း ဆိုင်ပါတယ် ။ သမိုင်းဝင်အမွေအနှစ်ကို ကိုယ်တိုင်မပြုပြင် မထိန်း သိမ်းနိုင် ရင်တောင်မှ သဘာဝပတ်ဝန်းကျင်ကိုမြတ်နိုးထိန်းသိမ်းခြင်းအားဖြင့် သမိုင်းဝင်အမွေအနှစ်ကိုချစ်ရာ ထိန်းသိမ်းရာရောက်တယ် ထင်တာ ဘဲ ”…..လို့ ။


ဆောင်းပါးရှင် - ဆိုင်ဖူး




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates