သျှမ်း-မြောက်လားရှိုးတွင် မူးယစ်ရောင်းဝယ်ရေးစခန်းအားရဲများစီးနင်း



သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း ဒေသခံများအား လိုက်လံ ခုတ်ဖြတ်မှုများ ဖြစ်ပွါးသည့် နောက် စစ်ဆေးမှုများတင်းကျပ်လာခဲ့ရာ မေလ ၄ ရက်နေ့က ဘိန်းခန်း ( မူးယစ်ဆေး ရောင်း ၀ယ်သုံး စွဲ ရေးစခန်း) ကို လားရှိုး ရဲတပ်ဖွဲ့ မှဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည် ။


လားရှိုးမြို့နယ် ဟက်ကာကုန်းကျေးရွာအနီး တောင်ပေါ်တွင် ရှိသည့် မူးယစ်ေ ဆးဝါးရောင်းဝယ်သုံး စွဲသည့် စခန်း ဒေသအခေါ် (ဘိန်းခန်း)များကို မေလ ၄ ရက်နေ့ မနက်အစောပိုင်းက မြို့မိမြို့ဖတချို့နှင့် ရဲတပ်ဖွဲ့မှ ၀င်ရောက်ရှင်း လင်း ခဲ့ပြီး စုစုပေါင်း လူ ၄၆ ဦး ကျား (၄၅) ၊ မ (၁)တဦးကိုတို့ ဖမ်းဆီးရမိခဲ့ သည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူကပြောသည် ။

ဖမ်းဆီးရမိ ဘိန်းခန်းမှ ဆေးများ လက်နက်များနှင့်
 ဆေးသုံးစွဲသူများ (Photo: Lashio News)
“ မူးယစ်ပြဿနာကတော်တော်လေးဆိုးဝါးနေတယ်။ မြို့ထဲအထိ ရာဇဝတ်မှုတွေ များလာတယ်လေ။ အခုလိုဝင်ရှင်းလိုက်တော့ ဘိန်းခန်းမှာတဲတွေ အများ ကြီး တွေ့ရတယ်။ ကျနော်တို့မီးရှို့ဖျက်ဆီးလိုက်ပါတယ် ။ ဒါ့အပြင် ဓါးတွေ လက်နက်တွေလည်းအများကြီးဖမ်းမိပါတယ် ။ ”- ဟု အဆိုပါ ရဲက ပြောသည် ။ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအရေအတွက်ကိုမူ အသေးစိပ် မသိရသေးပေ ။


လားရှိုးမြို့ခံ စိုင်းမင်းမင်းက - “ အရင်ကလို လွတ်လွတ်လပ်လပ်သွားလာလို့ မရတော့ဘူး လားရှိုးမှာ ။ ဘယ်သွားသွားကြောက်နေရတယ် ။ ခုတ်မှုဖြတ် မှုတွေရော ၊ ဆေးကြောင်သူတွေရော အရမ်းများလာတယ် ။ ဓါးခုတ်မှုတြွေ ဖစ်ပြီးနောက်ပိုင်း ဂိတ်ချပြီးစောင့်စစ်တာလဲ ညတိုင်းဘဲ ။ အပင်ပမ်းဆုံးကေ တာ့သားသည်တွေ သားရှင်တွေပေါ့ ။ ညနေစောင်းတာနဲ့ မိဘဖြစ်သူက စိတ် ကိုမကောင်းတော့တာ ”- ဟု ပြောဆိုသည် ။


လားရှိုးလူငယ် နန်းဆိုင်က မူ- ဆေးတော့အရမ်းပေါ တာ ။ နေရာတိုင်းဝယ် လို့ရ တယ် ။ ရွာကကျွဲကျောင်းသား အသက် ၁၂ နှစ် ၁၃ နှစ်တောင်မှ ဆေး သုံးနေပြီ ။ ခိုးဆိုးလုယက်မှုလဲများမှများ ။ အဲ့ကြောင့် ညနေစောင်းတာနဲ့ တံခါး ပိတ် အိပ်ကြ တာဘဲ ။ အိမ်ပြင်ကိုမထွက်ရဲတာ ။ လူတိုင်းဝယ်သောက်နိုင်တဲ့ ယာဘက တပြား ၁၀၀၀ လေ ။. အိုက်စ်က တပြား ၃၀၀၀ ဈေးလို့ကြား ရတယ် ။ - ဟု သျှမ်းသံတော်ဆင့်အားပြောပြသည် ။


လားရှိုးတွင် လူထုအကြားမူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု များပြားကျယ်ပြန့် လာနေသည်ဖြစ်ရာ ဧပြီလအတွင်းက ဆေးကြောင်သူအချို့မှ လမ်းသွားလမ်း လာပြည် သူများအား ဓါးဖြင့် လိုက်လံခုတ်မှုများဖြစ်ပေါ်သဖြင့် ဒဏ်ရာ ရ ဆေး ရုံရောက်ခဲ့သူ ၅ ဦးထက်မနည်းရှိခဲ့ကြောင်းသိရသည် ။


အလားတူ ဓါးခုတ်တရားခံကိုလည်း ဖမ်းဆီးမိပြီဖြစ်ကြောင်း ၊ ကျူးလွန်သူများ မှာ ရပ်ကွက် ၁၂ နေ တရုတ်လူငယ်များသာဖြစ်ကြောင်း ၊ ၄င်းတို့သည်လည်း မူးယစ်ဆေးနှင့်ပတ်သက်နေသူများဖြစ်ပြီး စိတ်မနှံ့သူများဖြစ်ေ နကြောင်း မေလ ၃ ရက်နေ့က တာဝန်ရှိရဲများဘက်က သတင်းထုတ်ပြန်ထားသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates