ဒေါက်တာတင်မျိုးဝင်းနှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များတွေ့ဆုံ



၂၁ ရာစုပင်လုံ ညီလာခံကို လပိုင်းအတွင်း အကောင်ထည်ဖော်နိုင်ရန် ကြိုးပမ်းမည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့ပြီးနောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်း များတွင် တာဝန်ခံ ဆောင်ရွက်ရဖွယ်ရှိသည့် အန်အယ်လ်ဒီပါတီမှ ဒေါက်တာတင်မျိုးဝင်း သည်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့မှ ကိုယ်စားလှယ်များနှင့် ယနေ့ မေလ (၄) ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ သည်ဟု သိရသည် ။


ယနေ့မနက်ပိုင်းကလည်း ဒေါက်တာတင်မျိုးဝင်းသည် တရုတ်သံအမတ် မစ္စတာ ဟုန်လျှံနှင့်တွေ့ဆုံခဲ့ပါသည် ။


“ တရုတ်သံအမတ်နဲ့တော့တွေ့တယ် ။ သတင်းထုတ်ပြန်ဖို့မရှိပါဘူး ။ ငြိမ်းချမ်းရေးကိစ္စပါပဲ ” ဟု ဒေါက်တာတင်မျိုးဝင်းက ပြောသည် ။


အစိုးရမှ ငြိမ်းချမ်းရေးလုပ်ငန်းများကို ပြန်လည်အကောင်ထည်ဖော်ဆောင်ရွက်ရာတွင် National Reconciliation and Peace Committee  အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ ကို ပြန်လည်ဖွဲ့စည်းမည်ဖြစ်ပြီး ယင်းကော်မတီတွင် အဖွဲ့ဝင်အဖြစ် လည်းကောင်း ၊ ကော်မတီ၏ အောက်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အသေးစိပ် ဆောင်ရွက်မည့် စင်တာ ( ယခင်မြန်မာငြိမ်းချမ်းရေးစင်တာ ) ကဲ့သို့ ဌာနတွင် အကြီးအကဲအဖြစ်၎င်းဖြစ်လာရန် အလားလာရှိနေသူဖြစ်သည် ။


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့နှင့် ဒေါက်တာတင်မျိုးဝင်းတို့အကြား တွေ့ဆုံဆွေးနွေးမှုကိုမူ မေလ ၄ ရက်နေ့ ညနေပိုင်းက ဖိုးစိန်လမ်းရှိ ၊ ဂရင်းဟေလ်းဟိုတယ်တွင် ကျင်းပခဲ့ရာတိုင်းရင်းသားလက်နက်ကိုင် များဘက်မှလည်း နိုင်ငံရေးအရ ဆွေးနွေးပွဲများကျင်းပနိုင်ရေး ( သို့မဟုတ် ) ဒေါ်အောင်ဆန်းစုကြည် ကတိပြုထားသည့် ၂၁ ရာစုပင်လုံညီလာခံနှင့်ပတ်သက်သည့် လုပ်ငန်းဆိုင်ရာ ကိစ္စရပများ အပစ်မရပ်သေးသည့်အဖွဲ့များ အပစ်ခတ်ရပ်စဲရေးတွင်ပါဝင်ခွင့်တို့ကိုဆွေးနွေးခဲ့သည်ဟု သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates