လားရှိုးမြို့နယ်တွင် အစိုးရတပ်မတော် တဘက်သတ်တိုက်ပွဲ ဆင်နွဲပြီး ရွာသား ၅ ဦးအားဖမ်းသွား



သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်၌ ဂျွန်လ ၂၅ ရက်နေ့က အစိုးရတပ်မတော် မှ တဘက်သတ်တိုက်ပွဲ (တိုက်ပွဲအတု) ဆင်နွဲပြီး လမ်းတွင်တွေ့ဆုံသည့် ရွာသားငါးဦးအား ဖမ်းဆီးခေါ် ဆောင်သွားသည်ဟု သိရသည် ။


ဂျွန်လ ၂၅ ရက်နေ့ က လားရှိုးမြို့မှ မိုင်းယော်တိုက်နယ် ဘက် လာသော  အစိုးရ တပ်မတော် စစ်ကြောင်း  သည် မိုင်းယော်မရောက်ခင် ၉ မိုင်အလို မိုင်းယန်း ကျေးရွာ တွင် စီးလာသည့် ယာဉ်များ ထားကာ ခြေလျင် ဖြင့် ခရီးဆက်ပြီး မိုင်းယော်တိုက်နယ် အဝင် သင်္ချိုင်းကုန်း ၊ ပြောင်းခြံ၊ စိုက်ပျိုးရေးခြံ ၊ နာနတ်လျှော်ခြံများ အတွင်း ၀င်ရောက် ပုန်းအောင်းနေထိုင်ကြောင်း ၊ မွန်းလွဲပိုင်း ဆိုင်ကယ်စီးလာသည့် ရွာသားနှစ်ဦးအား ဟန့် တား စစ်ဆေးရန်ပြုစဉ် ရွာသားနှစ်ဦးက ဆိုင်ကယ်ရပ်မပေးသော ကြောင့် ပစ်ခတ်မှု စတင်ကြောင်း အရပ်လေးမျက် နှာာသို့လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ပြောင်းခြံမှ အမျိုး သမီး ၃ ဦးထိခိုက် ဒဏ်ရာ ရကြောင်း ၊ ထို့အပြင် ပြောင်းခြံ နှင့် နာနတ်လျှော်ခြံလုပ်သား ၅ ဦး အားလည်းဖမ်းဆီးသွား ကြောင်း ရွာအကြီးအကဲ တဦးက ပြောသည် ။


“ ကျနော်တို့ မိုင်းယော်ထဲက မန်ပန်ပြည်သူ့စစ်ရှိတယ် ။ ရဲရှိတယ် ။ ဘယ်သူပုန်ကိုတခါမှ မမြင်ဖူးဘူး ။  သူတို့ လာရောက်နေရာယူတဲ့နေရာ ရဲ့ တောင်ဘက်ခြမ်းက ရွာသားတွေရဲ့ စားကျက်မြေကို သိမ်းယူထားတဲ့ မန်ပန် ပြည်သူ့စစ်ရဲ့စိုက်ပျိုးရေးခြံ ၊ နယ်မြေအားလုံးရဲ့ တဝက်ကျော်တယ် ။ အကျယ်ကြီးဘဲသူတို့ခြံက ။ သူတို့က တဘက်သတ်ဘဲ တိုက်ပွဲ ဆင်နွဲ တယ် ။  ဖမ်း ခေါ် သွားတဲ့သူကတော့ သျှမ်း ၂ ယောက် နဲ့ ပလောင် ၃ ယောက် ။ ရပ်ရွာလူကြီးတွေသွားမေးတော့ ပြန်လွှတ်ပေးပြီ လို့သူတို့ပြောတယ် ။  ဒါမယ့် ခုထက်ထိ အိမ်မရောက်ကြဘူး” ဟု ဒေသခံတစ်ဦးကပြောသည် ။


ထိုသို့ အစိုးရတပ်မတော် စစ်ကြောင်းများ မှ ပစ်ခတ်မှုပြုလုပ်ပြီး ရွာသားများအား သုံးရက်အတွင်း ခြံမဆင်းရန် တားမြစ်ထားကြောင်း ၊ ထိုတားမြစ်ထားစဉ်ကာလအတွင်း ခြံဆင်းပြီး တစုံတရာ ဖြစ်ပွားပါက တာဝန်ယူမည်မဟု ကြောင်း စစ်ကြောင်းမှူးမှ ညွှန်ကြားထားသည်ဟု လည်းသိရသည် ။


လားရှိုးခရိုင် အမျိုးသားလွှတ်တော် အမတ် စိုင်းဝမ်းလျန်းခမ်းက “၂၆ ရက်က ကျနော်တို့ မိုင်းယော်ရောက်ခဲ့ တယ် ။ ကျေးရွာအုပ်ချုပ်ရေးမှူး နဲ့တော့ မတွေ့လိုက်ရဘူး ။ သူခရီးထွက်နေတယ်လို့ကြားတယ် ။ သူနဲ့တော့ မတွေ့ခဲ့ဘူး ရွာထဲရောက်တော့ မေးကြည့်တယ် ဟုတ်တယ် သေနတ်သံကြားရပါတယ် ။ လူတစ်ချို့ လည်း အဖမ်းခံထားရတယ်ပြောတယ် ။ ရွာသားတွေ အဖမ်းခံထားရတယ် ဆိုတဲ့ ကိစ္စကတော့ သက်ဆိုင်ရာ တိုင်းဌာ နချုပ် အပါဝင် အဆင့်ဆင့်လုပ်သွားနိုင်အောင် အချက်အလက်တွေ စုစောင်းထားတယ်အခု ” ဟု ပြောသည် ။


တပ်မတော်စစ်ကြောင်းသည် ပြောင်းခင်း ပေါင်းရှင်းနေသည့် ရွာသူ / ရွာသား အယောက် (၃၀) ကျော်အား လမ်းမကြီး တစ်လျှောက်ထိုင်ခိုင်းပြီး တစ်ယောက်ချင်းစီ  စစ်ဆေးခဲ့ရာ  ည (၇ ) နာရီကျော် မိုးချုပ်မှ အချို့တဝက်အားပြန်လွှတ်ပေးကြောင်း ကျန်သူများအား ဆက်လက်ဖမ်းဆီးထားကြောင်း သိရသည် ။


မိုင်းယော်တိုက်နယ်သည် လားရှိုးမြို့ အရှေ့ဘက် ၃၂ မိုင်ကွာဝေးပါသည် ။ မိုင်းယော် တိုက်နယ်အတွင်း မန်ပန်ပြည်သူ့စစ် နှင့် ရဲတပ်ဖွဲ့များရှိပြီး မိုင်းယော် ၊ အရှေ့တောင် ဘက်ခြမ်းမှ တောင်ဘက်ခြမ်းအားလုံး  ဗိုလ်မွန်းဦးဆောင်သည့် မန်ပန်ဌာနေ ပြည်သူ့ စစ် တပ်ဖွဲ့ ကထိန်းချုပ်ထားသည်ဟုသိရသည် ။ မိုင်းယော်တိုက်နယ် အနောက် မြောက် ဘက်မှ မြောက်ဘက် အရှေ့မြောက်ဘက်ခြမ်း အားလုံးက ဦးမထုနော် ဦးဆောင်သည့် ကေဒီအေ ပြည်သူ့စစ်တပ်ဖွဲ့ရှိပြီး လက်ရှိအခြေအနေ တွင် ဗိုလ်မွန်းတပ်ဖွဲ့ ထိန်းချုပ် ထား သည့်နယ်မြေဖြစ်သည့် မန်မတ် ၊ ပန်ကိန်လုံ ၊ ပန်ကိန်အွန်၊ ကျေးရွာ ဘက်တွင် ပလောင် (TNLA) ကချင် (KIA) သျှမ်း (SSPP/SSA) တို့ ပူးတွဲ တပ်စခန်းများ ချထားသည်ဟု ဒေသခံများ ပြော ပြချက်အရသိရ သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates