တပတ်အတွင်း လားရှိုးဒေသခံ ရ ဦး သတ်ဖြတ်ခံရမှု တပ်မတော်စစ်ကြောင်းလက်ချက်ဟုဒေသခံများပြော



သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အရှေ့ဘက်မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ မိုင်းယော်တိုက်နယ် မှာ ဒေသခံ လူငယ် ရ ဦးကို အစိုးရတပ်မတော် စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံများကပြောပါတယ် ။

အသတ်ခံရ မိုင်းယော်ရွာသားများ၏ အလောင်းများအား ရွာသားများသွားရောက်တူးဖော်နေပုံ (Photo by citizen journalist)
ပြီးခဲ့တဲ့စနေနေ့ကဂျွန်၂၅ က ပစ်ခတ်သံတွေအပြီး ရွာသား ၅ ဦးအဖမ်းခံရြ ပီးနောက်ပိုင်း မိဘဆွေမျိုးတွေနဲ့ ရပ်မိ ရပ်ဖတွေ သွားရောက်စုံစမ်းမေးမြန်း တာကြောင့် ဂျွန် ၂၉ ရက်နေ့က ၅ ဦးလုံးရဲ့ အလောင်းတွေကိုတူးဖော်တွေ့မိ ခဲ့တာဖြစ်ပါတယ် ။


တဖက်တည်းရဲ့သေနတ်သံ ကျည်ကြီးပစ်ခတ်မှုသံတွေကြားရတဲ့ ဂျွန် ၂၅ ရက်မွန်းလွဲပိုင်းတုန်း က မိုင်းယော်တိုက်နယ်အဝင်လမ်းမှာ ခြံလုပ်သားရွာသား ၃၀ လောက်ကိုဖမ်းဆီးခေါ်ယူစစ် ဆေးခဲ့တာ ခမရ ၃၆၂ လို့ရေးထားတဲ့ စစ် သားတွေဖြစ်ကြောင်း ပစ်ခတ်မှုတွင်လည်း ဒေသခံ ၂ ဦး ပွဲချင်းပြီးသေ ဆုံးေ ကြာင်း ရွာသားတွေကပြောပါတယ် ။


” အဲ့ဒီ ၃၀ ထဲက ၅ ယောက်ကိုသူတို့ဖမ်းခေါ်သွားတယ် ။ ကျန်တာကိုတော့ ပြန် လွှတ်ပေးတယ်။ အဖမ်းခံရတဲ့ နောက်ပိုင်း အဲဒီစစ်ကြောင်းစခန်းချရာမိုင်းယော် အထကကျောင်းခွဲဆီကို မိဘဆွေမျိုးတွေကနေ့တိုင်း သွားတောင်းတယ် ။ သူတို့ ပြန်လွှတ်ပေးလိုက်ပြီလို့ပြောတာ ။ ၂၉ ရက်နေ့ရောက်တော့ စုပေါင်း သွား ရှာကြ တယ်။ ကျောင်းနဲ့သိပ်မဝေးတဲ့ ပြောင်းခြံနားမှာ လတ်လတ် ဆတ်ဆတ် မြေပုံသွားတွေ့မိတော့ သွားတူး ကြည့်ရာ ကနေ ဒီအလောင်းတွေ ကိုတွေ့မိတာ ။ နှစ်လောင်း တကျင်း ၊ သုံးလောင်းတကျင်း မြုပ်ထားတာ ။” - လို့ သေဆုံးသူရဲ့ မိသားစု ၀င်တဦး ဖြစ်တဲ့ စိုင်းလင်း ကပြောပါတယ် ။


သေဆုံးသူတွေဟာ မိုင်းယော်တိုက်နယ်ထဲက မန်ကစ်ရွာနဲ့ မန်တပ်ရွာက ရွာသားတွေကြောင်း ၊ အလောင်း တွေမှာတော့ ပြောက်ကျားစစ်ဝတ်စုံတွေကို ၀တ်ဆင်ပေးထားတာတွေ့ရကြောင်း မိသားစုဝင် တွေက ပြောပါတယ် ။


ကျားခေါင်းပါတီခေါ် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းကတော့ " သူတို့ ၅ ယောက်သေပြီဆိုတာတော့သေချာတယ် ။ မနေ့ညနေက ဆွေမျိုးတွေနဲ့ ရပ်ရွာထဲကလူတွေ အလောင်းသွားတူးတယ်။ ကျနော်တို့အနေနဲ့တော့ အချက်အလက်တွေစုဆောင်း နေတယ် ။ တဆင့်ပြီးတဆင့် လုပ်သွားဖို့ ရှိပါတယ် ။ " - လို့ပြောပါတယ် ။


အသတ်ခံရတဲ့ ရွာသား ၅ ဦးကတော့ - မန်ကစ်ရွာက စိုင်းအိုက်ဆိုင် (အသက် ၂၃ နှစ် ) ၊ ဦးအိုက်လွတ် (အသက် ၃၉ နှစ် ) အိုက်မောင် (၂၇ နှစ် ) လူမျိုး များဖြစ်ပြီးတော့ မန့်တပ်ရွာက စိုင်းမွန်းအောင်(ခ) စိုင်းရွှေလူ (၁၇ နှစ် ) ၊ အိုက်မောင် (၂၃ နှစ် ) တို့ဖြစ်ကြောင်းသိရပါတယ် ။


ခမရ ၃၆၂ ကလို့ ရွာသားများပြောဆိုတဲ့အဲဒီစစ်ကြောင်းဟာ ဂျွန်လ ၂၅ ရက်နေ့က လားရှိုးမြို့ကနေ ရောက်ရှိလာပြီး မိုင်းယော်ရွာမအဝင်မှာ ဆိုင် ကယ် စီးနင်းလာတဲ့ လူငယ်နှစ်ဦးကို ပစ်ခတ်လို့ လူငယ် ၂ ဦး နေရာမှာပင် ပွဲချင်းပြီးသေဆုံး ခဲ့တယ်လို့လည်း ရွာသားများပြောပြချက်အရသိရပါတယ် ။


အဲဒီနေရာမှာဘဲ တိုက်ပွဲအသွင် ဟန်ဆောင်ကာ လက်နက်ကြီးလက် နက် ငယ်တွေနဲ့ ပစ်ခတ်လို့ ပြောင်းခြံ လုပ်နေတဲ့ မန့်စန်းရွာက ရွာသူသုံးဦးလဲ ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ် ။


“ အဲဒီဒေသမှာ နယ်မြေစိုးမိုးဖို့ တပ်မတော်စစ်ကြောင်းကလှုပ်ရှားနေတယ် ။ လူထုအသက်အိုးအိမ် ကိုထိပါး နှောင့်ယှက်တဲ့ သောင်းကျန်းသူတွေကိုပစ်ခတ်တိုက်ခိုက်ရှင်းလင်းတာ တွေပြီးခဲ့တဲ့ရက်ပိုင်းကရှိတယ် ။”- လို့လားရှိုးစစ်တိုင်း ရုံးက အရာရှိတဦးကပြောပါတယ် ။


လားရှိုးမြို့ ခလရ ၆၈ နှင့်နီးစပ်သူတဦးက - အဆိုပါစစ်ကြောင်းမှာ မိုင်းယော် အရှေ့တောင်ဘက် မိုင် ၃၀ ခန့်ဝေးတဲ့ တိုင်းရင်းသားမဟာမိတ်တပ်စခန်းတွေကို သွားရောက်တိုက်ခိုက်မှုကိုရှောင်ရှားဖို့ အကွက်ဆင် လှုပ်ရှားရ တာဖြစ်နိုင်တယ် လို့ပြောပါတယ် ။


လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ထဲမှာ မန်ပန်ဌာနေပြည်သူ့စစ်ကလွဲလို့ တခြားလက်နက် ကိုင်တပ်ဖွဲ့ တွေမရှိကြောင်း ၊ မိုင်းယော်ရွာမကြီးနဲ့ မိုင်ပေါင်း ၃၀ ခန့်ဝေးတဲ့ တောင်ပေါ်ဒေသမှာတော့ ပလောင် TNLA ၊ သျှမ်း SSPP/SSA ၊ ကချင် KIA လက်နက်ကိုင်တပ်ဖွဲ့တွေ ရံဖန်ရံခါ ဖြတ် သန်းသွားလာကြောင်း ၊ ယခုအခင်း ဖြစ်ပွားတဲ့နေရာမှာ (လူထုရဲ့အိမ်မွေး ကျွဲနွား စားကျက်မြေတွေကို သိမ်းပိုက်ထားတဲ့ ) မန်ပန်ဌာနေပြည်သူ့ စစ် ရဲ့ စိုက်ပျိုးရေးခြံ နဲ့ မန်ပန်ဌာနနေပြည်သူ့စစ်နဲ့ ပတ်သက် ဆက်နွယ်နေတဲ့ တရုတ်လူမျိုးတွေရဲ့ နာနတ်လျှော်ခြံနဲ့ ရွာသားတွေရဲ့ ပြောင်းခြံသာရှိတယ် လို့ ဒေသခံတွေပြောပါတယ် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates