ပြောင်းလဲလာတဲ့ရာသီဥတု … အနာဂတ်အတွက် ခြောက်ခြားစရာတခု



မိုးတွင်းမှာ ရေကြီးရေလျှံမှုနဲ့တောင်ကျချောင်းရေတွေကြောင့်လယ်ယာမြေပျက်စီးမှုတွေ ထပ်မံမကြုံရအောင် ဆိုတဲ့ အဓိက ရည်ရွယ်ချက်နဲ့ မြို့ခံ လူငယ်တွေ ပတ်ဝန်းကျင်ထိန်းသိမ်းမှုမှာ စိတ်ပါဝင်စားလာအောင်နဲ့ အကောင် အထည် ဖော်ဆောင်နိုင်အောင် ရည်ရွယ်ပြီးတော့ သျှမ်းပြည် အရှေ့ပိုင်း မှာ ပြောင်းလဲလာတဲ့ရာသီဥတုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိ ပညာပေးဟောပြောပွဲတရပ် ကျိုင်းတုံမြို့မှာကျင်းပခဲ့ပါတယ် ။


အစိမ်းရောင်သဘာဝပတ်ဝန်းကျင်နှင့်သစ်ပင်မြတ်နိုးသူများအသင်းမှ ဦးဆောင်ကျင်းပရာမှာ ပြောင်းလဲလာသောရာသီဥတု အကြောင်းစပ်လျဉ်းပြီး သဘာဝပတ်ဝန်းကျင်နှင့်ရာသီဥတုပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကနေ လာရောက် ဟောပြောပေး ခဲ့ပါတယ် ။


ဟောပြောပွဲဖြစ်မြောက်ရေး ဦးဆောင်ဦးရွက်ပြုလုပ်တဲ့ အစိမ်းရောင် သဘာဝ ပတ်ဝန်းကျင်နှင့်သစ်ပင်မြတ်နိုးသူများအသင်း ဥက္ကဌ စိုင်းခမ်းနိုင်က - “ အရင် နှစ် တုန်းက ကျိုင်းတုံမှာ ဖြစ်ပွါးခဲ့တဲ့ရေကြီးရေလျှံမှုမှာ သစ်ပင်တွေ ခုတ်ထားရာကနေ ကျန်ခဲ့တဲ့ သစ်တုံး သစ်ငုတ်တွေ အဓိက မျှောပါလာ တာတွေ့ရတယ် ။ တကယ်လို့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအပေါ် အလေးမထားဘူးဆိုရင် ယခင်နှစ်တွေထက် တောင် ကျချောင်းရေ ပိုများမယ်။ပြီးခဲ့တဲ့ နွေကလည်း မြန်မာနိုင်ငံမှာ ယူဝီအင်းဒက်စ်အမြင့်ဆုံး ၁၆.၅ ဟာလည်း ကျိုင်းတုံမှာ တွေ့ရ ပါတယ် ။ ပတ်ဝန်းကျင်နဲ့ပတ် သက်ပြီး နောက်ဘာထူးခြားတာရှိလဲဆိုတော့ သျှမ်းပြည်အရှေ့ပိုင်းဟာ ကာဗွန်ဒိုင်အောက်ဆိုက်အများဆုံးထုတ် လုပ်တဲ့ ထိုင်းနဲ့ တရုတ်ကြားမှာ တည်ရှိနေတာပါ့နော် ။ ဒါဟာလည်း နောက်နောင်မှာရာသီဥတု ဖောက်ပြန်မှုဆိုးရွားမယ့်နေရာ တခုဖြစ်လာလိမ့်မယ်လို့လည်း ပညာရှင်တွေ ထောက်ပြ တယ်။ ဒီဟာတွေဟာ ကျနော်တို့အတွက် နောင်လာနောက်သားတွေ အတွက် ကြောက်စရာအကောင်းဆုံး ရာသီဥတုဖောက်ပြန်မှုဖြစ်လာနိုင် တဲ့အတွက် ကြိုတင်ကာကွယ်နိုင်အောင်ဖြစ်ပါတယ် ”- လို့ ပြောပါတယ် ။


သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့ ပြောင်းလဲဖောက်ပြန်လာတဲ့ ရာသီဥတု ဒဏ်ကိုသျှမ်းပြည်နဲ့အဝှမ်းမှာ ခံစားနေကြ ရပါတယ် ။ တောင်ပေါ် ၊ မြင့်မား တဲ့နေရာမှာနေထိုင်တာတောင်မှ မိုးသည်းရင် တောင်ပြိုမှုဘေး ခံနေရတာတွေ ၊ မြို့ရွာ အများရေနှစ်မြှုပ်တာတွေ ယမန်နှစ်က ကိုတွေ့ကြရပြီးဖြစ်ပါ တယ် ။


မြေပြန့်မှာနေတဲ့သူတွေအဖို့ကတော့ ပြောစရာကိုမရှိတော့ပါဘူး ။ သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့မှာလည်း ပြီးခဲ့တဲ့ နှစ်တွေက ဆက်တိုက် ဆိုသ လို တောင် ကျချောင်းရေကြောင့် ဒေသခံတွေရဲ့ လယ်ယာမြေဧကပေါင်း ရာနဲ့ချီပျက်စီးခဲ့ရပါတယ် ။


ပြီးခဲ့တဲ့နှစ်ကဆိုရင်တာချီလိတ်မြို့က ပါလျော ကျိန်းလပ်ဘက်မှာရေ လျှံမှုကြောင့် သေကြေမှုရှိတဲ့အထိပါ ။


“ ခုဒီနှစ်ပိုင်းအတွင်းမှာ မကြုံစဖူး သဘာဝဘေးအများကြီးတွေ့တယ်။ သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံး မှုများ တယ် ။ ဒါတွေဟာ ဘာကြောင့် ဖြစ် သလဲ- ဒါမျိုးတွေထပ်မကြုံရအောင် ဘယ်လို ထိန်းသိမ်းကာကွယ်သင့် သလဲဆို တာ အရင်းအမြစ်သိရတော့ တော်တော်များများက သဘာဝ ပတ်ဝန်း ကျင်အပေါ် အာရုံစိုက်လာတာတွေ့ရပါတယ် ။ ကျနော်တို့အနေနဲ့လည်း အခုလိုဗဟုသုတတွေ သိရကြားရတော့ ၀မ်းသာပါတယ် ”- ဆွေးနွေးပွဲ တက်ရောက်တဲ့ လူငယ် စိုင်းစိုင်းကပြောပါတယ် ။


ဟောပြောပွဲမှာ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် က “ ပို၍ကောင်း မွန်သော အနာဂတ်သို့ ” ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ ဒေါ်ဒေဝီသန့်စင်က “ မြန်မာနိုင်ငံအတွက် အနာဂတ်သဘာဝပတ်ဝန်းကျင် ” ဟူသည့်ခေါင်း စဉ်ဖြင့်လည်းကောင်း ၊ ဒေါက်တာစောမွန်သိမ့်က “လူတိုင်းပါဝင်ကူညီပေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး” ဟူသည့်ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောသွားခဲ့ပါတယ် ။


ဒေါက်တာထွန်းလွင်ကတော့ “ကျိုင်းတုံမြို့ဟာ ဒယ်အိုးလေးလိုဖြစ်နေ တဲ့မြို့ မို့ တောင်ကျရေ များကြောင့် ရေမကြာ မကြာနစ်မြုပ် နေရ တဲ့ မြို့၊ ချောင်းနှ စ်ခုက ရေလျှံတိုင်းရေကြီးတဲ့မြို့၊ အပူချိန်တွေမြင့်တက်၊ မိုးတွေနည်း လာပြီး မြန်မာနိုင်ငံမှာ ခရမ်းလွန်ရောင်ခြည်အညွှန်း ကိန်းအမြင့် ဆုံး ဖြစ်နေ တဲ့ မြို့မို့ ရာသီဥတုပြောင်းလဲ မှုဒဏ် အများဆုံးခံနေရတဲ့ စာရင်းဝင်မြို့ဖြစ် တယ် ” လို့မှတ်ချက်ပြုပါတယ် ။


ဂျွန်လ ၂၁ ရက်နေ့က ကျိုင်းတုံမြို့ တိုင်းလေခန်းမ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဟောပြောပွဲမှာ အထက်တန်း ၊ တက္ကသိုလ် ကျောင်းသူကျောင်းသား များနဲ့ဆရာ ၊ ဆရာမများ ပါဝင်တက်ရောက်ခဲ့တဲ့ ပွဲမို့ စည်ကားလှပါတယ်။ တက်ရောက်နားထောင် သူ ၅၀၀ လောက်ရှိပါတယ် ။


“ ဒါပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်တယ်။ ကျိုင်းတုံမှာအရင်တုန်းက အခုလို ပညာရှင်တွေနဲ့ဟောပြောတာ မရှိခဲ့ဖူးဘူး ။ ဒါကြောင့်ဒီပွဲမှာ တချို့ကလည်း စိတ်ဝင်စားမှုနည်းတယ် ။ အများစုကတော့ မသိဖူးမမြင်ဖူးတဲ့ အရာတွေ သိရမြင်ရတယ်ဆိုတော့ စိတ်ဝင်စားကြ တာပေါ့ နော် ။ ပထမဆုံးအကြိမ်ကျင်း ပတယ်ဆိုပေမယ့် လူအင်အား ၅၀၀ တောင်ရှိတယ်ဆိုတော့ ပီတိဖြစ်ရ တာပေါ့ေ နာ် ။ ကျနော်တို့ စီစဉ်ပေးတဲ့သူအနေနဲ့ ဒီဟောပြောပွဲအောင်မြင် တယ်လို့ပြောလို့ရတာပေါ့နော်” - စိုင်းခမ်းနိုင်က ပြောဆိုပါတယ် ။


ကျိုင်းတုံမြို့ဟာ စော်ဘွားခေတ်က သဘာဝပတ်ဝန်းကျင် စိမ်းလန်းတဲ့မြို့ တမြို့၊ ရာသီဥတုေ ကာင်းမွန်ပြီး စိုက်ပျိုးသီးနှံ ဟူသမျှအထွက် ကောင်း တဲ့မြို့၊သဘာဝအလှအပတွေကြောင့်နေချင်စရာကောင်းတဲ့မြို့တမြို့ဖြစ်ပါတယ် ။


သို့သော် ယခုနှစ်နောက်ပိုင်း ရာသီဥတုဖောက်ပြန်မှု ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတို့ဖြစ်ပေါ်ခဲ့ပြီး ယမန်နှစ်က မမြင်စဖူး တောင်ကျ ချောင်းရေကြီး ကျကာ ဆန်စပါးစိုက်ခင်း ဧကပေါင်းမြောက်များစွာ ပျက်စီးဆုံးရှုံးခဲ့တာကြောင့် ဒေသခံ လူထုအများအပြားနစ်နာပြီး အခက်အခဲတွေရင်ဆိုင်ကြရ ပါတယ် ။


ဒါကြောင့် ပတ်ဝန်းကျင်မြတ်နိုးသူ ကျိုင်းတုံလူငယ်တွေစုပေါင်းပြီးတော့ အစိမ်းရောင်ပတ်ဝန်းကျင် နဲ့ သစ်ပင်မြတ်နိုးသူများအသင်းက နေပြီးတော့ ကျိုင်းတုံမြို့ပတ်လည်မှာ ရေရှည်သစ်မာပင်တွေ ၊ ထင်းအတွက် မယ်စလီ ပင်တွေ၊ ကုက္ကိုပင်က အစ ပျိုးဥယျာဉ် အဆုံး နှစ်စဉ်စိုက်ပျိုးလာနေပါတယ် ။ ၂၀၁၂ ကစလို့ သစ်ပင်ပေါင်း ထောင်ဂဏန်း စိုက်ပျိုးကြပြီးပါတယ် ။

ဟွမ်ဟိန်း




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates