တပ်မတော်မှ လူ့အခွင့်ရေးချိုးဖောက်မှုများ အရပ်ဘက်တရားရုံးတွင် စစ်ဆေးသင့် ကုလကိုယ်စားလှယ်ပြော



အစိုးရတပ်မတော်အနေဖြင့် တိုင်းရင်းသားဒေသများတွင် လူ့အခွင့်ရေး ချိုးဖောက်မှုများ ဆက်လက် ကျူးလွန်ဆဲဖြစ်ပြီး တပ်မတော်နှင့် ပတ်သက်သော အမှု အခင်းများကို အရပ်ဘက်တရားရုံးတွင် စစ်ဆေးသင့်ကြောင်း ကုလ သမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီလီက ပြောသည် ။


“တပ်မတော်ကော တိုင်းရင်းသားလက်နက်ကိုင်တွေကော လူ့အခွင့်ရေးချိုးဖောက်မှုတွေက ဆက်ရှိ နေတုန်းပဲ ။ တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်ရေး ချိုးဖောက်မှုတွေက ဆက်ဖြစ်နေတော့ လူတွေက သူတို့မဲထည့်ရတာ ဟုတ်မှ ဟုတ်ရဲ့ လားဆိုတာတောင် သံသယဖြစ်နေတာတွေ့ရတယ်။ လူ့အခွင့် ရေး ချိုးေ ဖာက်မှုတွေက နှစ်ဘက်စလုံးမှာရှိနေတယ်။ တပ်မတော်အနေနဲ့ တာဝန်ယူဖို့လိုပါတယ်။ လူ့အခွင့်ရေးချိုးဖောက်မှုတွေ ညှင်းပန်းနှိပ်စက်မှုတွေအတွက် မဖြစ်မနေတာဝန်ယူရမယ် ။ တာဝန် လည်းရှိတယ် ” - ဟု တိုင်းရင်းသားဒေသများ၏ လူ့အခွင့်ရေးအခြေနေကို သွားရောက်လေ့လာခဲ့သူ ကုလကိုယ်စားလှယ် မစ္စယန်ဟီလီက ဆိုသည် ။


ယင်းအပြင် တိုင်းရင်းသားဒေသများတွင် မတရားဥပဒေများဖြစ်သည့် ပုဒ်မ ၁၇ (၁) မတရားအသင်း ဆက်သွယ်မှု ဥပဒေ ဖြင့် ဖမ်းဆီးခံရသူများ ဥပဒေမဲ့ အနိုင်ကျင့်နှိပ်စက်ခံရသူများလည်းရှိနေကြောင်း မစ္စယန်ဟီလီကဆို သည် ။


နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးပြုလုပ်ရာတွင် အားလုံးပါဝင်ရန်လို အပ်ကြောင်းလည်း သူမက ပြောကြားသည် ။


ထို့အပြင် လူ့ဂုဏ်သိက္ခာအတွက်ကော တရားမျှတမှုအတွက်ကော အတိတ် သမိုင်းအတွက်ပါ အရေးပါသည့် ရုပ်ရှင်ကို အစိုးရ သစ်လက် ထက် မှ ပြသခွင့် ပိတ်ပင်ခံရခြင်းမှာ လူ့အခွင့်ရေး လူ့ဂုဏ်သိက္ခာအတွက် မကောင်းသည့် အနေထားဖြစ်ကြောင်းလည်း ယန်ဟီလီက ထောက်ပြသွားသည် ။


မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သော ကုလကိုယ်စားလှယ်အနေဖြင့် သျှမ်းပြည်မြောက်ပိုင်း၊ ကချင် ၊ ရခိုင်စသဖြင့် တိုင်းရင်းသားဒေသများကို သွားရောက် ခဲ့ပါသည်။ သျှမ်းပြည်နယ်ရှိ လူ့အခွင့်ရေးချိုး ဖောက်မှုများဖြစ်ပေါ်ခဲ့သည့် ကွတ်ခိုင်နှင့် ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်းရှိ လိုင်ဇာဒေသသို့ သွားရောက်ခွင့်ကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ငြင်းပယ်ခံခဲ့ရသည် ။


မစ္စရန်ဟီလီမြန်မာနိုင်ငံတွင် ရှိနေစဉ်အတွင်း အရပ်သားများသတ်ဖြတ် ခံရမှုများ ၊ ဘာသာရေးအဆောက်အုံများ ဖျက်ဆီးခံရမှုများ လည်းရှိခဲ့ပါသည် ။


တိုင်းရင်းသားဒေသများရှိ စစ်ဘေးရှောင်စခန်းများအခြေနေမှာ ဆိုးဝါးနေပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်းဖြစ်သည့် TNLA နှင့် RCSS/ SSA တို့ အကြားတိုက်ပွဲများကြောင့်လည်း တိုင်းရင်းသားမျိုးနွယ်စု အချင်းချင်းတွင်ပင် စိတ်ဝမ်းကွဲပြားမှု လက္ခဏာများမြင်တွေ့နေရသည်ဟု မစ္စယန်ဟီလီက ပြောသည် ။


မြန်မာတနိုင်ငံလုံး၏ လူ့အခွင့်ရေးအခြေနေမှာ ယခင်အစိုးရ လက်ထက် အတိုင်းပင် စိုးရိမ်စရာ အခြေနေတွင်ရှိနေဆဲဖြစ်ပြီး လူ့အခွင့်ရေးချိုးေ ဖာက်မှုများမှာ အစိုးရသစ်လက်ထက်အထိ ရှိနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူ့အခွင့်ရေးကောင်စီသို့ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ အစီရင်ခံစာ တင်သွင်းခွင့်ရှိသူ မစ္စယန်ဟီလီကဆိုသည် ။


ဘာသာရေးအကြောင်းပြု ခွဲခြားဆက်ဆံမှုများ ၊ ဘာသာခြားများ၏ ဘာသာရေး အဆောက်ဦးများ တိုက်ခိုက်ခံရမှုများမှာ အစိုးရအနေဖြင့် လူနည်းစုများကို အကာကွယ်ပေးရန် လိုအပ်နေကြောင်း ပြသရာရောက်ေ နသည်ဟု မစ္စယန်ဟီလီက ဂျူလိုင်လ ၁ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်း လင်းမှု တွင်ပြောဆိုခဲ့ပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates