၂၀၀၈ ဖွဲ့စည်းပုံ မပြင်ဘဲ အမျိုးသားရင့်ကြားစေ့နိုင်မည်မဟုတ်ဟု ခွန်ထွန်းဦးပြော



စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မည်ဆိုလျှင် ကြိုတင် ကန့်သတ်ချက်များ ကြို တင် စည်း တားချက်များ မရှိရန်လိုအပ်ကြောင်းနှင့် အမျိုးသားပြန်လည်ရင့်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးရ ပြီးမှ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်မည်ဟူသည်မှာ လုံးဝမဖြစ်သင့်ကြောင်း ဂျွန် ၃၀ ရက်နေ့ က ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ ခွန်ထွန်းဦးက ပြောဆိုပါသည် ။

UNA နှင့် ENAC တို့ ပူးပေါင်းပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ (Photo- SNLD) 


၂၀၁၆ ဂျွန် ၃၀ မှ ဂျူလိုင် ၂ ရက်နေ့အထိ စည်းလုံးညီညွှတ်သော တိုင်းရင်း သားလူမျိုးများ မဟာမိတ် အဖွဲ့ (UNA) နှင့် တိုင်းရင်းသား လူမျိုးများရေးရာ စင်တာ (ENAC) တို့ ပူးပေါင်းကာ အလုပ်ရုံဆွေး နွေးပွဲ ကျင်းပခဲ့သည် ။


ထိုအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲတွင်  UNA  ဥက္ကဌ ခွန်ထွန်းဦး က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မှုမရှိဘဲ ငြိမ်းချမ်းရေးရနိုင်မည် မဟုတ်ကြောင်း နှင့် အမျိုးသားပြန်လည်ရင့်ကြားရေးကို ရှေးရှုနိုင်မည် မဟုတ်ဟု ပြောကြားသွားသည် ။


“ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မပြင်ဆင်ဘဲနဲ့ ကျနော်တို့ ငြိမ်းချမ်းရေး ရနိုင်မှာ မဟုတ်ဘူး ။ နောက် အမျိုးသားပြန်လည် ရင့်ကြားရေးကို လည်း ရှေ့ ရှုနိုင်မှာ မဟုတ်ဘူး အဓိက အားဖြင့်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိုပြင်ကို ပြင်ရမယ်” ဟု  ခွန်ထွန်းဦး ကပြောသည် ။


ထို့ပြင် မြန်မာနိုင်ငံ၏ အဓိက ပြသနာသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မလွှဲမ သွေ ပြင်ရမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ သည်ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD မှပြောရေးဆို ခွင့်ရှိသူ စိုင်းလိတ်က သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


 “ ဘာကြောင့် အလုပ်ရုံဆွေးနွေးပွဲလုပ်တာလဲဆိုတော့ သြဂတ်စ်လ မှာ နိုင် ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ကနေ ဦးဆောင်ပြီးတော့ ပြည်ထောင်စု ငြိမ်း ချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို ကျင်းပမယ်ပေါ့နော် ။ အဲ့လိုကျင်းပ တဲ့ခါကျရင် ရည်ရွယ်ချက်က ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးလို့ သူတို့ အမည်ပေးထားပါတယ် ။ အဲ့လို ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ပြီဆိုတဲ့ခါကျရင် ဘယ်လို ဖက်ဒရယ်စနစ်မျိုးဟာ အနာဂတ် မြန်မာ နိုင်ငံအတွက် ပိုပြီးသင့်တော်မလဲ ၊ တိုင်းရင်းသားတွေရဲ့ အခွင့် အရေး နောက် တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးရဲ့ တန်းတူညီမျှမှု ရရှိရေးပေါ့ ။ အဲ့ဒါတွေရရှိဖို့အတွက် ဘယ်လို အခြေနေမျိုးနဲ့ ဖန်တီးမှ ဘယ်လိုပုံစံမျိုးနဲ့ ဖန်းတီးမှ အဆင်ပြေမလဲဆိုတာ ကို ဝိုင်းဝန်းဆွေးနွေးကြ တာ” ဟု စိုင်းလိတ် ကပြောသည် ။


အဆိုပါ ဆွေးနွေးပွဲတွင် UNA ဥက္ကဌ ကြီး ဦးခွန်ထွန်းဦး ၊ သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကောင်စီ JAC ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ကြီးဆေထင် ၊ ENAC အဖွဲ့ဒါရိုက်တာ ဒေါ်နော်စီဖိုးရာစိန် နှင့် အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဌ ဦးအေးသာအောင် တို့ တက် ရောက်ပြီး UNA အဖွဲ့၏ အလုပ်အဖွဲ့ဝင် ၁၅ ဦး ၊ နိုင်ငံရေးပါတီ ၁၈ ပါတီ နှင့် အရပ်ဘက်လူမှုအခြေပြု အဖွဲ့အစည်း ၄ ဖွဲ့ တက်ရောက်ကြောင်း သိရသည် ။


ယခုကဲ့သို့သော ဆွေးနွေးပွဲမျိုးကို စဉ်ဆက်မပြတ်လုပ်သွားရန်လိုအပ်ပြီး တစ်ဘက် နှင့် တစ်ဘက် ယုံကြည်မှု တည်ဆောက်သွားရန်၊ အစိုးရ နှင့် စစ်တပ်ကြား ၊ စစ်တပ် နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ကြား ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း နှင့် အစိုးရကြား အစရှိသည့် အဖွဲ့များ အားလုံး ပါဝင်နိုင် အောင် ဖန်တီးပေး  သွားရန် လိုအပ်သည်ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD  ကယုံကြည်ကြောင်းပြောဆိုပါသည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates