အရပ်သားများအပေါ် လက်နက်ကိုင်အဖွဲ့စည်းအချို့ ဥပဒေမဲ့သတ်ဖြတ်မှုသည် အစိုးရအပေါ် ယုံကြည်မှု လျော့ကျစေဟု ကျားခေါင်းပါတီ ကြေငြာချက်ထုတ်ပြန်



သျှမ်းပြည်နယ်မြောက်ပိုင်းတွင်အပြစ်မဲ့ အရပ်သားများအား လက်နက်ကိုင် အဖွဲ့အစည်း အချို့ မှ  ဥပဒေမဲ့ပစ်ခတ်သတ်ဖြတ်မှု ကြုံနေရခြင်းသည် တရားဥပဒေစိုးမိုးမှုကင်းမဲ့ကြောင်း ပြသရာ ရောက်ပြီး တက်သစ်စ အစိုးရအပေါ် လူထုယုံကြည်မှု ကျဆင်းစေသည်ဟု ကျားခေါင်းပါတီက ကြေငြာချက်ထုတ်ပြန်သည် ။


" အပြစ်မဲ့ပြည်သူလူထုကိုလက်နက်အားကိုးပြီးတော့မှ  အနိုင်ကျင့်သတ်ဖြတ်နေတဲ့ကိစ္စကို ကျနော်တို့ ပြစ်တင်ရှုံ့ချပြီးတော့မှ အဓိက တာဝန်ကျတဲ့ သျှမ်းပြည်အစိုးရနဲ့ အဖွဲ့အစည်း တွေ ကိုလည်း ပြည်သူ လူထုကို စာနာငဲ့ညာသနားသောအားဖြင့် တရားဥပဒေစိုးမိုးရေး ရှိအောင်ဝိုင်း ဝန်းဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ် ။ "- ဟု သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ ချုပ် ပြောခွင့်ရစိုင်းလိတ်က သျှမ်းသံတော်ဆင့်အား ပြော သည် ။


ဥပဒေမဲ့ ပစ်ခတ်သတ်ဖြတ်ခြင်း ၊ ပြည်သူလူထုအပေါ် လက်နက်ဖြင့် ခြိမ်းခြောက်အနိုင် ကျင့်ခြင်းများကို ကျားခေါင်းပါတီအနေဖြင့် ကန့်ကွက်ကြောင်းနှင့် တရားဥပဒေစိုးမိုးမှု ပိုမိုအား ကောင်း လာစေရန် သျှမ်းပြည်နယ်အစိုးရနှင့် တကွ သက်ဆိုင်သူအားလုံးကို တိုက်တွန်း ကြောင်း လည်း သျှမ်းတိုင်းရင်း သား များ ဒီမိုကရေစီအဖွဲ့ချုပ်၏ ဂျူလိုင် ၁၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည် ။


" အခုက လူတွေက မြို့ပေါ်မှာတောင် မလုံမခြုံဖြစ်နေတယ် ။ ဖြစ်သမျှကျူးလွန်မှုတွေကိုလည်း ဖြေရှင်းပေးမှုမရှိတော့ အစိုးရအပေါ်လူထု ယုံကြည်မှု လျော့ကျစေတယ်လေ " ဟု SNLD အထွေထွေအတွင်းရေးမှူး   စိုင်းညွှန့်လွင်က မှတ်ချက်ပြုပြောဆိုသည် ။


ဂျူလိုင်လ ၁၃ ရက်နေ့က မူဆယ်ခရိုင်နမ့်ခမ်းမြို့နယ်တွင် ပညာရည်ချွန်ဆုပေးပွဲအခမ်း အနား မှ ပြန်လာသည့် SNLD ပါတီဝင်တဦးအား ဆိုင်ကယ်စီး သေနတ်သမား ၂ ဦးက လုပ်ကြံ သတ် ဖြတ် ခဲ့သည် ။ အလားတူ ဂျွန်လ ၂၅ ရက်နေ့ကလည်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်တွင် ဒေသခံ ရ ဦးသည် လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့၏ တရားမဲ့ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရ သည် ။ အဆိုပါ ဖြစ်ရပ်များအပေါ်အခြေခံပြီး SNLD က ကြေငြာချက်ထုတ်ပြန် လိုက်ခြင်း ဖြစ်သည် ။


သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရစိုင်းလိတ်က - " အဓိကပြသနာ ၂ ရပ် ရှိတယ်။ တဖက်က အစိုးရက ငြိမ်းချမ်းရေးကို ကိုယ်တိုင်က ကြိုးပမ်းအားထုတ်နေ တယ် ဆိုတာ မြင်တွေ့ နေရတယ် ။ နောက်တဖက်က တပ်မတော်ရဲ့အပိုင်း ကဏ္ဍရှိပါတယ် ။ လုံခြုံ ရေးကိုအဓိက တာဝန် ယူထားတဲ့ပြည်ထဲရေးဝန်ကြီးဌာနပေါ့နော် ။ နောက်တပ်မတော် ။ ဒီအဖွဲ့ အစည်း ၂ ရပ်ကနေပြီးတော့မှ တာဝန်ယူမှုရှိစွာနဲ့ဆောင်ရွက်မယ် ဆိုရင် ဒီတရား ဥပဒေစိုးမိုးမှု ကပိုပြီးတော့ပီပြင်မှာပေါ့နော် ။ အဲ့ကြောင့်မို့လို့ အစိုးရနဲ့တပ်မတော် အစိုးရနဲ့ပြည်ထဲရေးဝန်ကြီးဌာန အပေးအယူမျှမျှနဲ့ ဝိုင်းဝန်းကြိုးပမ်းကြမယ်ဆိုရင် ဒီထက်မက လုံခြုံရေးတွေပိုပြီး စိတ်ချလာရ မယ်လို့မြင်ပါတယ် ။" ဟုပြောဆိုသည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates