ဖက်ဒရယ်အကြောင်းပြောရအောင်



ဖက်ဒရယ်ဆိုတဲ့ အသုံးအနှုန်းကို ခုဆိုရင် လူတွေတော်တော် များများက ပြော လာကြပြီဖြစ်တယ် ။ စစ်အာဏာရှင် အစိုးရတွေ အုပ်ချုပ်နေစဉ်တုန်းကတော့ ဒီစကားလုံးကို ပြောတဲ့သူဆိုရင် လိုက်ဖမ်းတော့တာပါပဲ ။ စစ်ဆေး မေးမြန်း တာတောင် မလုပ်ဘဲ ထောင်ထဲ တန်းပို့တော့တာပါပဲ ။ ပြီးတော့ ဖက်ဒရယ် ဆိုတာဟာ တိုင်းပြည်ကို အစိတ်စိတ်အမွှာမွှာ ပြိုကွဲစေမယ့်အရာလို့ ပြည်သူ လူထု တစ်ရပ်လုံးကိုသာမက ကျောင်းသားလူငယ်တွေကိုပါ ရိုက်သွင်း ထား ခဲ့ကြတယ် ။ သူတို့ပြောတာကတော့ ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေးတဲ့ ။


ကနေ့ဆိုရင် ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို ရပ်ထဲရွာထဲမှာ လည်း ပြောနေကြ ပြီ ။ လွှတ်တော်ထဲမှာလည်း ပြောနေကြပြီ ။ အစိုးရအဖွဲ့ကလည်း တရားဝင် သုံးစွဲလာကြပြီ ။ အပြောအများဆုံးကတော့ နိုင်ငံရေးသမား တွေပဲပေါ့ ။ ဗမာနိုင် ငံရေးသမား တွေလည်း ပြောတာပဲ ။ တိုင်းရင်းသား နိုင်ငံရေးသမားတွေ လည်း ပြောတာပဲ ။ ဒီစကားလုံးမပါရင်ကိုပဲ ဆားမပါတဲ့ ဟင်းလိုပါပဲ ။ ဒီစကား လုံးကို မသုံးရင် ခေတ်မမီတဲ့ နိုင်ငံရေးသမားလို့ သတ်မှတ်ခံရမယ့် အခြေအနေ ပါပဲ ။ စကားလုံးတစ်လုံးရဲ့ အနက်အဓိပ္ပာယ်မှန်ဟာ နှစ်ပေါင်း ၆၀ ကျော်ကြာ တဲ့အခါမှာ ပြန်လည်ရှင်သန်ခွင့်ရလာပြီလို့ ဆိုရမလားပါပဲ ။


ဖက်ဒရယ် အကြောင်းပြောတဲ့အသံတွေ မိုးလုံးညံလာတယ် ။
ဖက်ဒရယ် အကြောင်း ရေး သားထားတဲ့ စာအုပ်တွေ ပလူပျံလာတယ်။
ဖက်ဒရယ်လေ့လာရေးခရီးစဉ်တွေ ဗွက်ပေါက်ကုန်တယ် ။
ဖက်ဒရယ်အလုပ်ရုံဆွေးနွေးပွဲတွေ ခြိမ့်ခြိမ့်သဲကုန်တယ်ပေါ့ဗျာ ။


သူများတကာတွေ လုပြောနေကြလွန်းလို့ ဖက်ဒရယ် ဆိုတဲ့စကားလုံးကို ကိုယ်ကျိုးစွန့်ပြီး တစိုက်မတ်မတ် ပြောလာခဲ့တဲ့ SNLD က ခွန်ထွန်းဦးလို ပုဂ္ဂိုလ်မျိုးတောင် ပါးစပ်ဟောင်းလောင်းနဲ့ ငေးကြည့်နေရတဲ့ အချိန်မျိုးပေါ့ ။


ဖက်ဒရယ်ဆိုတဲ့ အဓိပ္ပာယ်

ဖက်ဒရယ်ဆိုတာ ဘာပါလိမ့်။ သေချာတာတစ်ခုကတော့ ဖက်ဒရယ်ဆိုတာ သျှမ်းစကားမဟုတ်တာပါပဲ။

ဖက်ဒရယ်ရဲ့ အဓိပ္ပာယ်ကို Oxford Advanced Learner’s Dictionary မှာ ဒီလိုပြောထားလေရဲ့-- Federal: Having a system of government in which the individual states of a country have control over their own affairs, but are controlled by a central government for national decisions

နောက်ပြီး မြန်မာစာအဖွဲ့က ထုတ်ဝေတဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာတော့ ဒီလိုဖော်ပြထားပါသေးတယ် ။

Federal : ဗဟိုအစိုးရနှင့် သီးခြားပြည်နယ်များအကြား အာဏာကန့်သတ်ခွဲဝေမှု ရှိသော/ထားသော လို့ဆိုထားပါတယ် ။

Federal System/ Federalism/ Federation စတဲ့ စကားလုံးရဲ့ အရင်း အမြစ်ဟာ လက်တင်ဘာသာစကား Foedus ကနေ ဆင်းသက်လာတာဖြစ်ပြီး သဘောတူညီမှု ကတိကဝတ် သို့မဟုတ် သဘောတူညီမှုစာချုပ်လို့ အဓိပ္ပာယ်ရပါတယ်။ နိုင်ငံရေးသိပ္ပံ စာအုပ်တွေထဲမှာတော့ Faderalism ဆိုတဲ့ ဝေါဟာရကို ယနေ့ထိ စာတစ်ကြောင်းတည်းနဲ့ အပြည့်အစုံ အဓိပ္ပာယ်ဖွင့်ဆို ရှင်းပြနိုင်ခြင်း မရှိသေးပါဘူး ။ နိုင်ငံရေးသိပ္ပံပညာရှင်တွေ သတ်မှတ်ထားတဲ့ ဖက်ဒရယ်ဆိုတာကို တိုတိုရှင်းရှင်း ပြောရမယ်ဆိုရင် အချက် သုံးချက်ပဲ ရှိပါတယ်။

(၁) အစိုးရနှစ်ရပ် သို့မဟုတ် နှစ်ရပ်ထက်ပိုတဲ့ အစိုးရအဖြစ် ခွဲခြားထားခြင်း

(၂) ၎င်းအစိုးရနှစ်ရပ်ရဲ့ လုပ်ပိုင်ခွင့်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ အတိအကျ ခွဲခြားသတ်မှတ်ထားခြင်း

(၃) အစိုးရနှစ်ရပ်အကြားမှာ ပေါ်ပေါက်လာတဲ့ အငြင်းပွားမှုတွေကို သီးခြားလွတ်လပ်တဲ့ တရားရုံးက အဆုံးအဖြတ် ပေးရခြင်းတို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း တပ်မတော်က လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဖက်ဒရယ်နိုင်ငံရေးစနစ်ကို ဖော်ညွှန်းတဲ့ ဝိသေသလက္ခဏာရှိတယ်လို့ ယူဆထားပါတယ် ။


ဖက်ဒရယ်စနစ်ဟာ မတူညီကွဲပြားနေတဲ့ ပြည်နယ်တွေ ၊ လူမျိုးစုတွေ ၊ အုပ်စုတွေကို စုစည်းတဲ့နေရာမှာ အချုပ်အခြာ အာဏာကို ခွဲဝေကျင့်သုံးကြတဲ့ အယူအဆ သဘောတရား တစ်ရပ်ဖြစ်ပါတယ် ။ ဖက်ဒရယ်စနစ်ကို ကျင့်သုံး တဲ့ နိုင်ငံများမှာ အဖွဲ့ဝင်ပြည်နယ်တွေကို ကိုယ်စားပြုပြီး တစ်နိုင်ငံ လုံးအတွက် ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်အစိုးရ (သို့) ပြည်ထောင် စုအစိုးရ (သို့) ဗဟိုအစိုးရ ဆိုတာရှိသလို နယ်မြေဒေသအလိုက် ၊ အုပ်စုအလိုက် ၊ ယူနစ်အလိုက် ဖွဲ့စည်း ထားတဲ့ ပြည်နယ်အစိုးရ (သို့) ဒေသန္တရအစိုးရများလည်း ရှိပါတယ် ။


ဖက်ဒရယ်စနစ်ကို ကျင့်သုံးရာမှာ အရေးကြီးတဲ့ အချက်တစ်ခုကတော့ အဖွဲ့ ဝင်ပြည်နယ်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရာမှာ ဘယ်သူ တစ် ဦး တစ်ယောက်ကမှ လွှမ်းမိုးမှုမရှိစေရဘူး ဆိုတဲ့သဘောကို အဓိက ဖော်ဆောင် ပါတယ်။ အဖွဲ့ဝင်ပြည်နယ်တွေရဲ့ သဘောတူညီချက်နဲ့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့သာ အုပ်ချုပ်ရပါတယ်။ အဖွဲ့ဝင်ပြည်နယ် အချင်းချင်း စည်းလုံးညီညွတ်မှုဟာ စစ်မှန်တဲ့ စိတ်ရင်းစေတနာနဲ့ အပြန် အလှန် လေးစား အသိအမှတ်ပြုမှု အပေါ်မှာ အခြေခံပါတယ် ။


ဖက်ဒရယ်စနစ်ရဲ့ သမိုင်းနောက်ခံ

ဖက်ဒရယ်စနစ်ကို တီထွင်ပြီး ပထမဦးဆုံး လက်တွေ့ကျင့်သုံးခဲ့တဲ့ နိုင်ငံ ကတော့ အမေရိကန်ပြည်ထောင်စု ဖြစ်ပါတယ်။ ၁၇၀၀ ပြည့်နှစ် နှောင်းပိုင်းက တည်းက ကျင့်သုံးခဲ့တာပါ။ ဒါပေမယ့် မတူညီတဲ့ လူမျိုးစုကို အကြောင်းပြုပြီး ဖက်ဒရယ်စနစ်ကို ကျင့်သုံးခဲ့တာတော့ မဟုတ်ပါဘူး ။


သူတို့ပြည်နယ်တွေကို ပြည်ထောင်စုအဖြစ် စုစည်းခဲ့ကြတဲ့ အဲဒီအချိန် မှာ ပြည် နယ်တိုင်းဟာ သူ့သမိုင်း ကြောင်း နဲ့သူ ရှိပြီးဖြစ်ပါတယ်။ ပြည်နယ်တွေက ဗဟိုအစိုးရကို အပြည့်အဝ မယုံကြည်နိုင်သေးတဲ့အတွက် ဖက်ဒရယ် စနစ်ကို ကျင့်သုံးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် အစပိုင်းမှာ ပြည်နယ်တွေကို လုပ်ပိုင်ခွင့် ပိုပေးခဲ့ရပါတယ်။ နောက်ပိုင်း ပြည်နယ်များ အကြားမှာ ယုံကြည်မှု ပိုမိုခိုင်မာလာတော့မှ ဗဟိုအစိုးရ (ပြည်ထောင်စုအစိုးရ) ကို လုပ်ပိုင်ခွင့်ပိုပေးလာခဲ့ခြင်း ဖြစ်ပါတယ် ။


ဒါပေမယ့် နိုင်ငံတော်ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးရာကိစ္စများမှာတော့ မူလ ကတည်းကရင်း ဗဟိုအစိုးရကိုသာ ဆုံးဖြတ်ပိုင်ခွင့် အာဏာကို ပေးအပ် ထား ပါတယ် ။


ဖက်ဒရယ်စနစ် ကျင့်သုံးသည့်နိုင်ငံများ

ဒီမိုကရေစီနိုင်ငံတိုင်း ဖက်ဒရယ်စနစ်ကို မကျင့်သုံးပေမယ့်လည်း ဖက်ဒရယ် စနစ်ကို ကျင့်သုံးနေတဲ့ နိုင်ငံ အားလုံးနီးပါးဟာ ဒီမိုကရေ စီနိုင်ငံ ဖြစ်နေတာကို စိတ်ဝင်စားဖွယ် တွေ့ရှိရပါတယ်။ ဖက်ဒရယ်ရဲ့ အဓိကဝိသေသ လက္ခဏာ ကတော့ ဗဟိုနဲ့ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအကြား အာဏာကို ခွဲဝေ အုပ်ချုပ်ကြခြင်းပဲ ဖြစ်ပါ တယ်။ ဒါ့အပြင် ဖက်ဒရယ်စနစ်ဟာ တရား ဥပဒေ စိုးမိုးရေးအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ အခြေခံတဲ့ ဒီမို ကရေစီ နည်းကျ အစိုးရပုံစံတစ်ရပ်ကိုလည်း ဖြစ်ထွန်းစေပါတယ်။ ဒါကြောင့် လည်း ပညာရှင် တွေက ဖက်ဒရယ်စနစ်ဆိုတာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရကြား ဆက်ဆံရေးကို အမည်တပ်ပေး လိုက်တာပဲလို့ ဆိုကြပါတယ် ။


ယနေ့အခါမှာ တိုင်းပြည်ဧရိယာ ကြီးမားကျယ်ပြန့်ပြီး လူဦးရေများပြားတဲ့ ဒီမို ကရေစီနိုင်ငံ အားလုံးလောက် နီးပါးဟာ ဖက်ဒရယ်စနစ်ကို ကျင့်သုံးနေကြ ပါတယ်။ အထူးသဖြင့် တိုင်းပြည်အတွင်းမှာ လူမျိုးပေါင်းစုံ ရောနှောေ နထိုင် လျက်ရှိပြီး၊ လူဦးရေထူထပ်တဲ့၊ နယ်မြေဧရိယာ ကြီးမားကျယ်ပြန့် တဲ့ နိုင်ငံတွေ မှာ ခိုင်မာတဲ့ ပြည်ထောင်စုအဖြစ် တည်ထောင်ကြတဲ့အခါ ဖက်ဒရယ်စနစ်ကို ကျင့်သုံးရေးဟာ အလွန်အရေးပါတဲ့ အချက်ဖြစ်ပါတယ်။ ဒါကို အိန္ဒိယနဲ့ အမေရိကန်နိုင်ငံတွေက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဆိုလို့ရှိရင် ဖက်ဒရယ်စနစ်ကို ချမှတ်ကျင့်သုံးနိုင်ခဲ့တဲ့အတွက် ဒီမိုကရေစီနိုင်ငံကို ငြိမ်းချမ်းစွာ ထူထောင်နိုင်ခဲ့ပြီး ယခုအခါ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် ရပ်တည်လျက် ရှိနေပါတယ် ။


ဒီနေ့အချိန်မှာ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ရှိတဲ့ နိုင်ငံပေါင်း ၂၈ နိုင် ငံမှာ ဖက်ဒရယ်စနစ် သို့မဟုတ် ဖက်ဒရယ်လို့ ဆိုနိုင်တဲ့ နိုင်ငံရေးစနစ်မျိုးကို ကျင့်သုံးလျက်ရှိပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ ကမ္ဘာ့အချမ်းသာဆုံးနဲ့ အတိုး တက်ဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်လိုနိုင်ငံမျိုး ပါဝင်သလို ကမ္ဘာ့အသေးငယ်ဆုံး ကျွန်းနိုင်ငံတွေဖြစ်တဲ့ မိုက်ကရိုနီးဆီးယား (Micronesia) နဲ့ စိန့်ကစ်နှင့် နီဗစ် (St. Kits and Nevis) တို့လည်း ပါဝင်ပါတယ်။ ထို့အတူပဲ လူဦးရေ သန်းပေါင်း ၁၀၀၀ ကျော်ရှိတဲ့ အိန္ဒိယလို နိုင်ငံမျိုးပါသလို လူဦးရေ လေး ငါးသောင်းလောက်သာ ရှိတဲ့ ကျွန်းစုနိုင်ငံလေးတွေလည်း ပါပါတယ်။ အမေရိကန်ပြည်ေ ထာင် စုနှင့် ဆွစ်ဇာလန် နိုင်ငံတွေဟာ ကမ္ဘာ့ သက်တမ်း အရင့်ဆုံး ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေဖြစ်ကြပါတယ် ။


ဒီမိုကရေစီကမ္ဘာ့ရေစီးကြောင်းဖြစ်စဉ် (Democratization) အရ အာဂျင် တီးနား၊ ဘရာဇီးလ်၊ မက္ကဆီကို အစရှိတဲ့ လက်တင်အမေရိကနိုင်ငံတွေလည်း ဖက်ဒရယ်စနစ်ကို ကျင့်သုံးလာကြပါတယ်။ အရင်က တစ်ပြည်ထောင်စနစ် (Unitary State) ကို ကျင့်သုံးခဲ့တဲ့ နိုင်ငံတွေဖြစ်ကြတဲ့ ဘယ်လ်ဂျီယံ၊ အီသီ ယိုးပီးယားနှင့် စပိန်နိုင်ငံတို့ဟာလည်း ဖက်ဒရယ်နိုင်ငံများ ဖြစ်လာကြပါ တယ်။ ဘော့စနီးယား၊ ကွန်ဂို၊ အီရတ်၊ ဆူဒန်နှင့် တောင်အာဖရိ ကလို နိုင်ငံတွေဟာလည်း ပဋိပက္ခတွေ ဖြေရှင်းပြီးနောက်ပိုင်းမှာ ဖက်ဒရယ်ဝါဒကိုပဲ ကျင့်သုံးလာကြပါတယ်။ ယခုအခါ တောင်အာရှဒေသက သီရိလင်္ကာနှင့် နီပေါနိုင်ငံတို့ဟာလည်း ဖက်ဒရယ်စနစ်ကို ကျင့်သုံးဖို့ ပြင်ဆင်လျက်ရှိပါတယ်။ ဥရောပသမဂ္ဂ (European Union) ဆိုရင်လည်းပဲ ဖက်ဒရယ်အသွင်လက္ခဏာ အများအပြား ပါဝင်လျက် ရှိနေပြီဖြစ်ပါတယ် ။


ယခင် ဆိုဗီယက်ပြည်ထောင်စုနဲ့ ယူဂိုဆလားဗီးယားနိုင်ငံတွေဟာလည်း ဖက်ဒရယ်စနစ်ကို ကျင့်သုံးခဲ့ကြပါတယ်။ ဆိုဗီယက်နဲ့ ယူဂိုဆလား ဗီး ယားနိုင် ငံတို့ရဲ့ အချုပ်အခြာအာဏာ ပြိုကွဲရခြင်းအကြောင်းရင်းကို သုံးသပ်မယ်ဆိုရင် အစဉ်အဆက်က စစ်အာဏာရှင်အစိုးရတွေ ဝါဒဖြန့်ခဲ့သလို ဖက်ဒရယ် စနစ်ကြောင့် တိုင်းပြည်ပြိုကွဲရတာ မဟုတ်ဘဲ ဖက်ဒရယ်စနစ်နဲ့ ကိုက်ညီ တဲ့ နိုင်ငံရေး စနစ် မရှိခဲ့ခြင်းကြောင့် ဆိုတာကို တွေ့ရမှာဖြစ်ပါတယ် ။


ဖက်ဒရယ်စနစ်နဲ့ မကိုက်ညီတဲ့ နိုင်ငံရေးစနစ်ကို ကျင့်သုံးခြင်းကသာ အချုပ် အခြာအာဏာကို ထိခိုက်စေတာဖြစ်ပြီး အဲဒီလိုဖြစ်လာခဲ့ရင် ကမ္ဘာမှာ အင်အား အတောင့်တင်းဆုံး စာရင်းဝင် ဆိုဗီယက်စစ်တပ်ကြီးတောင်မှ ဘယ်လိုမှ အကာအကွယ်မပေးနိုင်ခဲ့ဘူး ဆိုတာကို ထင်ရှား စွာ တွေ့ရမှာဖြစ်ပါတယ် ။


ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံမဟုတ်ရင်တော့ ဖက်ဒရယ်စနစ်ဆိုတာ အတုအယောင်သဘောပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ် အောင်မြင် ဖို့အတွက် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရမယ်လို့တော့ ဆိုလိုတာမဟုတ်ပါ။ ဒါပေမယ့် ဒီမိုကရေစီ မထွန်းကားဘဲနဲ့တော့ ဖက် ဒရယ် ပြည်ထောင်စုကို တည်ဆောက်လို့ မရနိုင်ဘူးဆိုတာကိုတော့ အခိုင် အမာ ပြောလို့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဖက်ဒရ ယ်ပြည်ေ ထာင်စု ပေါ်ပေါက်လာဖို့အတွက်ဆိုရင် တပ်မတော်တစ်ရပ်ကသာ လွှမ်းမိုးကြီး စိုးထားပြီး ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပေ ဒ အောက်မှာဆိုရင်တော့ မဖြစ်နိုင်သေးပါဘူး။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ေ ထာင် စုကို မတည်ဆောက်နိုင်ရင် ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ဆိုတာကလည်း အလှမ်းဝေးနေဦးမှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အိမ်နီးချင်းနိုင်ငံတွေကို မီဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သေးပါ ။


Forum of Federations မှ သတ်မှတ်ထားသော ပြည်ထောင်စု (ဖက်ဒရေးရှင်း) စနစ် ကျင့်သုံးသည့်  ကမ္ဘာ့နိုင်ငံ (၂၈) နိုင်ငံစာရင်း


Argentina, Australia, Austria, Belgium, Bosnia  & Herzegovina*, Brazil, Canada, Comoros, Democratic Republic of Congo*, Ethiopia, Germany, India, Iraq*, Malaysia, Mexico, Micronesia, Nigeria, Pakistan, Russia, St. Kits and Nevis, South Africa, Spain, Sudan*, Switzerland, United Arab Emirates, United States of America, Venezuela.


*ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း ဤကြယ်ပွင့်ပါနိုင်ငံများ၏ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ခိုင်မာမှုမရှိသေးပေ ။


ဖက်ဒရယ်စနစ်ရဲ့အာနိသင်

မျက်မှောက်ခေတ်မှာတော့ အောက်ပါ အကြောင်းရင်း တစ်ရပ်ရပ်ကို အခြေခံစဉ်းစားပြီး ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံများအဖြစ် တည်ဆောက်ကြတာကို တွေ့ရပါတယ် ။


(၁) လူဦးရေ များပြားပြီး ပထဝီဝင်နယ်နမိတ် အလွန်ကျယ်ပြန့်ခြင်း

ဒီလို အခြေအနေမျိုးမှာ ဗဟိုအစိုးရတစ်ခုတည်းက အစစအရာရာ တာဝန် ယူကိုင်တွယ်ဖို့ရာ အလွန်ခက်ခဲပါတယ်။ မလိုအပ်တဲ့ ဝန်ထုပ် ဝန်ပိုးတွေကို ထမ်းထားရာရောက်ပြီး ကြိုးနီစနစ်ကို အမြစ် တွယ်စေပါတယ်။ ၎င်းအစား ဒေသန္တရအစိုးရတွေကို မိမိတို့တာဝန်ယူနိုင်တဲ့ အပိုင်းတွေကို မိမိဖာသာ တာဝန်ယူစေခြင်းအားဖြင့် လုပ်ငန်း ပိုမိုလွယ်ကူ ထိရောက်ပြီး အုပ်ချုပ်ရေးယန္တရားကို ပိုမိုလျင်မြန်သွက်လက်စေပါတယ် ။


အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ သြစတြေးလျ၊ အိန္ဒိယ၊ မက်ဆီကို၊ ယခင်ဆိုဗီယက်ပြည်ထောင်စုနှင့် ယခု ရုရှားနိုင်ငံတွေဟာ အချုပ်အခြာအာဏာပိုင်နယ်မြေ နယ်နမိတ် အလွန်ကြီးမားတဲ့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံများ ဖြစ်ကြပါတယ် ။


(၂) လူမျိုးနှင့် ကိုးကွယ်ရာဘာသာ ကွဲပြားခြားနားခြင်း

ဖက်ဒရယ်စနစ်ဟာ နိုင်ငံအတွင်းမှာရှိတဲ့ လူနည်းစုတွေရဲ့ မတူကွဲပြားခြား နားတဲ့ ယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု စတာတွေကို အသိအမှတ်ပြုတဲ့ စနစ်ဖြစ်ပါတယ်။ ဒါကြောင့် ဖက်ဒရယ်စနစ် ဟာ နိုင်ငံ တစ်ခုအတွင်းရှိ လူမျိုးရေးပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ အကောင်း ဆုံးသော ဆေးတစ်ခွက်ဖြစ်ပါတယ်။ ဥပမာ - ဆွစ်ဇာလန်နှင့် အိန္ဒိယနိုင်ငံ ။


(၃) ဒီမိုကရေစီကို အားပေးမြှင့်တင်လိုခြင်း၊ ဒီမိုကရေစီကို ခိုင်မာစေခြင်း

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ဟာ အပြန်အလှန်အားပေးတဲ့ နိုင်ငံရေး စနစ် များ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီမရှိဘဲနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်လို့ မရနိုင်ဘူးလို့ နိုင်ငံရေးသိပ္ပံပညာရှင် အချို့က အခိုင် အမာ ထောက်ပြကြပါတယ်။ ဖက်ဒရယ်စနစ်ဟာ ဗဟိုဦးစီးစနစ်နှင့် ဆန့်ကျင် ဖက်ဖြစ်တဲ့အတွက် တိုင်းပြည်တွင်းမှာ အာဏာသိမ်းခြင်း အန္တရာယ်ကို တာဆီးကာကွယ်ဖို့အတွက်လည်း အထောက်အကူပြုပါတယ်။ ဗဟိုနှင့် ပြည်နယ်များအကြား အာဏာကို ခွဲဝေကျင့်သုံးကြတဲ့အတွက် ခိုင်မာတဲ့ ပြည်ထောင်စုကို ဖြစ်ပေါ်စေပါတယ် ။


ဖက်ဒရယ်စနစ်ရဲ့ ရည်ရွယ်ချက်များ

၁။ ယဉ်ကျေးမှုဓလေ့ တစ်ခုမကရှိတဲ့ နိုင်ငံတွေမှာ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့အသီးသီးရဲ့ အမှတ်အသားသရုပ် (Identity) ကို ထိန်းသိမ်းထားနိုင်ရန်

၂။ ဒေသတွင်းရဲ့ ပြဿနာတွေကို ဒေသခံလူထုကသာ အသိနားလည် ဆုံးဖြစ်လို့ ဒေသခံတွေကိုယ်တိုင် မိမိတို့ရဲ့ ပြဿနာကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခွင့် ရစေရန်

၃။ ဒေသခံလူထုကို မိမိတို့ဒေသရဲ့ အစိုးရအဖွဲ့ထဲမှာ တက်တက်ကြွကြွ ပါဝင်ခွင့်ရစေရန်

၎။ ဗဟိုအစိုးရ (Central Government) နဲ့ ဒေသန္တရအစိုးရ (Local Government) အကြား အပြန်အလှန် ထိန်းညှိနိုင်စေရန်

၅။ ပြည်ထောင်စုအဖြစ် စုစည်းနေထိုင်ကြတဲ့ လူမျိုးစုအားလုံး တန်းတူညီ မျှမှုအခြေခံနဲ့ တစ်စုတစ်စည်းတည်း ဖြစ်စေရန်

စတဲ့ အချက်များအပေါ် အခြေခံပြီး ဖက်ဒရယ်စနစ်ကို လက်တွေ့ အကောင်အထည်ဖော် ကျင့်သုံးကြခြင်း ဖြစ်ပါတယ် ။


ဖက်ဒရယ်စနစ်ရဲ့ အားသာချက်/ အားနည်းချက်များ

ဖက်ဒရယ်စနစ်မှာ အားကောင်းချက်တွေ ရှိသလို အားနည်းချက်တွေလည်း ရှိမယ်ဆိုတာ သဘာဝကျပါတယ်။ ဖက်ဒရယ်စနစ်ရဲ့ အားသားချက်လို့ ဆိုရမယ့်အချက်တွေကတော့

•         တစ်သီးပုဂ္ဂလစနစ် အားကောင်းလာစေတယ်။

•         အာဏာကို ခွဲဝေကျင့်သုံးဖို့ အားပေးတယ်။ နိုင်လိုမင်းထက် စိုးမိုးမှုများကို ကာကွယ်ပေးတယ်။

•         ပြည်နယ်တွေက ပြည်ထောင်စုအပေါ် သစ္စာရှိမှုကို မြှင့်တင်ပေးနိုင် တယ်။ ပြည်နယ်အစိုးရတစ်ခုရဲ့ အောင်မြင်မှု၊ ရှုံးနိမ့်မှုတွေကို အခြားေ သာပြည်နယ်များက လေ့လာသင်ယူနိုင်တယ်။

•         ကိုယ်ပိုင်ပြဌာန်းမှုရှိတဲ့အတွက် ပြည်သူလူထုနဲ့ နီးစပ်တဲ့ အစိုးရကို ပေါ်ထွန်းစေတယ်။

•         တိုင်းသူပြည်သားတွေကို ဒီမိုကရေစီဖြစ်စဉ်တွေမှာ ပိုမိုပါဝင်လာစေတယ်။

•         နယ်မြေဒေသအလိုက်ရဲ့ လိုအပ်ချက်တွေကို ပိုမိုဖြည့်ဆည်းေ ဆာင်ရွက်ပေးလာနိုင်တယ်။ ဒေသတွင်းပြဿနာ တွေကို လက်တွေ့ ကျကျ ဖြေရှင်းပေးနိုင်တယ်။ စွမ်းဆောင်ရည် ပိုမြင့်မားလာစေတယ်။

•         ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးတယ်။ နိုင်ငံရေးတည်ငြိမ်မှုကို ရရှိစေတယ် ။


ဖက်ဒရယ်စနစ်ရဲ့ အားနည်းချက်လို့ ဆိုနိုင်မယ့်အချက်များကတော့

 •         မညီမျှမှုတွေကို တိုးပွားလာစေတယ်။

•         ဆင်းရဲချမ်းသာကွာဟမှုကို ကြီးထွားလာစေပြီး လူတန်းစားညီမျှမှုကို ထိခိုက်စေတယ်။

•         လူနည်းစုရဲ့ သည်းခံမှုကို ပျက်စီးစေတယ်။

•         ကျဉ်းမြောင်းတဲ့ အကျိုးတရားဖြစ်ထွန်းမှုကို ပေါ်ပေါက်စေတယ်။

•         အစိုးရအချင်းချင်းကြား ရှုပ်ထွေးမှုကို ဖြစ်ပေါ်စေတယ်။

•         ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရအကြား အပြန်အလှန် ငြင်းခုန်ခြင်း၊ အပြစ်တင်ခြင်းများကြောင့် လုပ်ငန်းများ နှောင့်နှေးကြန့်ကြာစေတယ်။

•         တာဝန်ခံမှု တာဝန်ယူမှု လျော့နည်းလာပြီး ဧရိယာအချို့တွင် နိုင်ငံတော်အဆင့် ပြုပြင်ဖို့ ခက်ခဲစေတယ်။ တစ်မျိုးသားလုံး လက္ခဏာဆောင်တဲ့ ပေါ်လစီတွေကို ချမှတ်ရာမှာ အခက်အခဲဖြစ်စေတယ်။

ဖက်ဒရယ်အမျိုးမျိုး

 ကမ္ဘာပေါ်ရှိ ဖက်ဒရယ်စနစ်ကို ကျင့်သုံးနေတဲ့နိုင်ငံတွေဟာလည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပုံစံချင်းမတူကြပါဘူး။ နိုင်ငံရဲ့ ကွဲပြားခြားနားတဲ့ ပထဝီအနေအထား၊ လူမျိုးနဲ့ ကိုးကွယ်ယုံကြည်တဲ့ ဘာသာအပေါ် အခြေခံပြီး ကျင့်သုံးပုံအမျိုးမျိုး ရှိနိုင်ပါတယ်။ နိုင်ငံတစ်ခုချင်းစီရဲ့ စုဖွဲ့မှုမှာ အခြေခံအားဖြင့် နှစ်မျိုးရှိပါတယ် ။


အဲဒါကတော့ တစ်ပြည်ထောင် (Unitary) ပုံစံစုဖွဲ့မှုနဲ့ ပြည်ထောင်စု (Federal) ပုံစံစုဖွဲ့မှုတို့ ဖြစ်ပါတယ်။ ပြည်ထောင်စုပုံစံစုဖွဲ့မှုမှာလည်း ဗဟိုချုပ်ကိုင်မှုကဲေ သာ ပြည်ထောင်စု (Centralized Federal System) ပုံစံ (ဥပမာ - အိန္ဒိယနို င်ငံ) နဲ့ ဗဟိုချုပ်ကိုင်မှု လျှော့ချထားသော ပြည်ထောင်စု (Decentralized Federal System) ပုံစံ (ဥပမာ - ဆွစ်ဇာလန်နိုင်ငံ) ဆိုပြီး ရှိပါသေးတယ် ။


အလားတူပဲ အချိုးမညီဖက်ဒရယ်ပုံစံ (Asymmetric Federalism) နဲ့ အချိုး ညီဖက်ဒရယ်ပုံစံ (Symmetrical Federalism) ဆိုတာကလည်း ရှိပါသေး တယ်။ ဖက်ဒရယ်စနစ်အောက်မှာ အချို့ပြည်နယ်တွေဟာ အခြား ပြည်နယ်ေ တွ ထက် လုပ်ပိုင်ခွင့်အာဏာ ပိုရှိတာကို တွေ့ရတတ်ပါတယ် ။


ဒါနဲ့ပတ်သက်လို့ ဒေသအသီးသီးရဲ့ အခိုင်အမာ လိုအပ်ချက်တွေပေါ် မူ တည်ပြီး ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းကာ ဘယ်ပြည်နယ်ကိုတော့ လုပ်ပိုင်ခွင့် ပိုပေးရမယ်ဆိုတာကို ဆုံးဖြတ်ကြရပါတယ်။ ပြည်နယ်အစိုးရကြား ကိုယ်ပိုင် အုပ်ချုပ်ရေး (Autonomy) ရရှိတဲ့ အတိုင်းအတာ မတူကြရင် ဒီပုံစံမျိုးကို အချိုးမညီဖက်ဒရယ် လို့ခေါ်ပါတယ်။ ပြည်နယ်အစိုးရများအကြား ညီမျှတဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ရရှိရင် အချိုးညီဖက်ဒရယ်လို့ ခေါ်ပါတယ် ။


အချိုးညီ သို့မဟုတ် အချိုးမညီ ဖြစ်သင့် မဖြစ်သင့် ဆိုတာကိုတော့ သက်ဆိုင် ရာဒေသများရဲ့ ပကတိအရှိတရားအပေါ် အခြေခံ ဆုံးဖြတ်ကြရ ပါတယ်။ နိုင် ငံရေး အဝန်းအဝိုင်းတစ်ခုမှာ ငြိမ်းချမ်းရေးရဖို့နဲ့ ဆန္ဒအလျောက် ပူးပေါင်း ပါဝင်လာဖို့ဆိုရင် အကြောင်းအရာကိစ္စရပ်အပေါ်မှာ အပေးအယူ အလျော့ အတင်းလုပ်ပြီး စေ့စပ်ညှိနှိုင်းရတာတွေ ရှိပါတယ်။ အဲဒီလို အပြုအမှုမျိုးကို အချိုးညီပုံစံမှာ ပုံမှန်အားဖြင့် လက်ခံလေ့မရှိကြဘဲ အချိုးမညီပုံစံမှာသာ လက်ခံကြတာကို တွေ့ရပါတယ် ။


အမေရိကန်လို ဖက်ဒရယ်စနစ်ကို စတင်ကျင့်သုံးခဲ့တဲ့ နိုင်ငံတွေကတော့ အချိုးညီပုံစံကို ကျင့်သုံးကြပြီး ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်းမှ ပေါ်ထွန်းလာ တဲ့ ဖက်ဒရယ်နိုင်ငံအများစုမှာတော့ ပြည်နယ်ရဲ့ လူဦးရေ၊ ချမ်းသာမှုနဲ့ မဟာဗျူဟာ ကျမှုအပေါ်မှာ မူတည်ပြီး ကြီးစဉ်ငယ်လိုက်သဘောဖြင့် အချိုး မညီပုံစံကို ကျင့်သုံးကြတာ များပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ဒီမိုကေ ရစီကို ထိန်းသိမ်းတဲ့နေရာမှာ အချိုးညီဖက်ဒရယ်စနစ်နဲ့ သမ္မတ စနစ်ကြောင့် အကြီးအကျယ် အောင်မြင်ထားပါတယ်။ ဒါကလည်း အမေရိ ကန်ပြည်ထောင် စုဟာ တိုင်းပြည်အသီးသီးကနေ ပြောင်းရွှေ့ဝင်ရောက် လာတဲ့ သူတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုံတဲ့ သဘောကို အားကောင်းမောင်း သန် မတွေ့ရခြင်းကြောင့်ပါ။ ထို့အတူ အချိုးမညီဖက်ဒရယ်စနစ်ကို ကျင့်သုံး တဲ့နိုင်ငံ ထဲမှာတော့ အိန္ဒိယနိုင်ငံဟာ အအောင်မြင်ဆုံးဖြစ်ပါတယ် ။


ဖက်ဒရယ်စနစ်ဟာ တူညီတဲ့ပန်းတိုင်ကို အတူလျှောက်လှမ်းကြတဲ့ေ နရာ မှာ ပြည်သူလူထု ပူးပေါင်းပါဝင်လာစေမှုကို လွတ်လပ်စွာ လမ်းဖွင့်ပေး ထားပါတယ်။ ဖက်ဒရယ်စနစ်မှာ ပြည်နယ်တွေကို ဖွဲ့စည်းကြတဲ့အခါ နည်းလမ်းအမျိုးမျိုးကို အခြေခံပြီး ဖွဲ့စည်းကြရပါတယ်။ ပြည်နယ်တစ်ခုမှာ လူမျိုးစုတစ်ခုထဲပဲရှိရင် အခက်အခဲပြဿနာ နည်းပါးပြီး လူမျိုးစုံပါဝင်နေတယ် ဆိုရင်တော့ ရှုပ်ထွေးလာနိုင်ပါတယ်။ မတူညီတဲ့ လူမျိုး၊ ဘာသာ၊ ယဉ်ကျေး မှုတွေကို အခြေခံပြီး အားလုံးလက်ခံနိုင်မယ့် သဘောတူညီချက် အတိုင်း သာ ပြည်နယ်ဖွဲ့စည်းမှုကို ဖော်ဆောင်နိုင်ရင် အကောင်းဆုံးဖြစ်ပါတယ် ။


ဖက်ဒရယ်စနစ်မှာ လူနည်းစု အခွင့်အရေးတွေကို သတ်မှတ်ပြဌာန်းဖို့ တာဝန်ရှိပေမယ့်လည်း ပြည်နယ်အသစ် တောင်းဆိုလာမှုအပေါ်မှာတော့ လက်ခံနိုင်ရန် မလွယ်ကူပါ ။


ဘာလို့လဲဆိုတော့ ပြည်နယ်သစ်တွေ ပေးလိုက်ခြင်းအားဖြင့် နောက်ထပ် ပြည်နယ်အသစ်ပေးဖို့အတွက် ထပ်မံ တောင်းဆိုမယ့်သူတွေ တသီတ တန်းကြီး ပေါ် လာနိုင်တဲ့အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် စီမံခန့်ခွဲမှုဌာနတွေ တိုးလာတဲ့ အတွက်လည်း ဝန်ဆောင်မှုကုန်ကျစရိတ်များ ပိုမိုကြီးထွားလာမှာ ဖြစ်ပါတယ် ။


ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ရာမှာ မိမိတို့နိုင်ငံရဲ့ မတူကွဲပြားတဲ့ သမို င်းကြောင်း၊ နိုင်ငံရေးလက္ခဏာ သတ်မှတ်ချက်တွေကို အသေ အချာ လေ့လာ ဆန်းစစ်ပြီးသုံးသပ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော ဖက်ဒရယ် တိုင်ြး ပည်များရဲ့ သင်ခန်းစာများကို ထုတ်နုတ်ပြီး မိမိနိုင်ငံနဲ့ ကိုက်ညီမယ့် အနေအ ထားကို ဆက်စပ်သွားရမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်ခုဟာ ပြောဆိုသုံးစွဲတဲ့ ဘာသာစကားတွေက စုံလင်များပြားနေတယ် ဆိုရင်၊ တိုင်းရင်းသား လူမျိုးတွေ လည်း အများကြီးရှိနေတယ် ဆိုရင်၊ နယ်မြေ အကျယ်အဝန်းအားဖြင့်လည်း ကြီးမားတယ်ဆိုရင် ဖက်ဒရယ်စနစ်ကို ရွေးချယ်ပြီး ကျင့်သုံး အကောင်အထည်ဖော်မှသာ ဒီမိုကရေစီနဲ့ ပိုပြီး နီးစပ်နိုင်မှာဖြစ်ပါတယ် ။


ဖက်ဒရယ်ပြည်ထောင်စုနှင့် လက်နက်ကိုင်တပ်များ

ဖက်ဒရယ်စနစ်ကို ကျင့်သုံးတဲ့နိုင်ငံတွေမှာ အများအားဖြင့် လက်နက်ကိုင် တပ်ဖွဲ့တွေ ကို နိုင်ငံတော်ကာကွယ်ရေး အတွက် ပြည်ပနိုင်ငံများနဲ့ စစ်မက်ြ ဖစ်ပွားတဲ့အခါ ပြည်ထောင်စုအစိုးရရဲ့ ထိန်းချုပ်မှုနဲ့ အမိန့်ပေးမှု အောက်မှာ ထားရှိကြပါတယ် ။


သာမန်အချိန်တွေမှာတော့ ပြည်ထောင်စုအတွင်း ဖြန့်ကျက်ထားပြီး ဘယ်သူ တစ်ဦးတစ်ယောက်၊ အုပ်စုတစ်ခုကမှ လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် အမိန့် ပေး ထိန်းချုပ်မှု အလွယ်တကူ မလုပ်နိုင်အောင်၊ လက်နက်ကိုင်တပ် တွေကို တလွဲအသုံးမချနိုင်အောင် စီစဉ်ထားလေ့ရှိပါတယ်။ ဘယ်လိုစစ်တပ်မျိုးမဆို ဗဟိုဦးစီးချုပ်ကိုင်မှု  အပြည့်အဝနဲ့ တည်ထောင်ထားတာဖြစ်လို့ တစ်ဦး တစ်ယောက်က ဒါမှမဟုတ် အုပ်စုတစ်ခုက အမိန့်ပေးနိုင်မယ့် အခွင့်အာဏာ ရှိနေမယ် ဆိုရင် အဲဒါကို အားကိုးလက်ကိုင်ပြုပြီး နိုင်ငံရေးမှာ လက်နက်အား ကိုးနဲ့ ဝင်ရောက်စွက်ဖက် ခြယ်လှယ်နိုင်ပါတယ်။ စစ်တပ်ဟာ ဒီမိုကရေစီရဲ့ ရန်သူဖြစ်ကြောင်း နိုင်ငံရေးသိပ္ပံပညာရှင်တွေကလည်း ထောက်ပြကြပါတယ် ။


ပြည်ထောင်စုတပ်မတော်ကို ပြည်နယ်တွေက သော်လည်းကောင်း၊ ပြည်ထောင်စုက သော်လည်းကောင်း နိုင်ငံရေးပြဿနာမှာ အသုံးမပြုနိုင်ခြင်း ဟာ ပြည်ေ ထာင်စုတပ်မတော်အတွက် မရှိမဖြစ်လိုအပ်တဲ့ စံတစ်ရပ်ဖြစ်ပါ တယ်။ ပြည်ေ ထာင်စုတပ်မတော်ဟာ ပြည်ထောင်စုအစိုးရရဲ့ အမိန့်ပေးမှုကို နာခံရန်လိုအ ပ်ပါတယ်။ ပြည်ထောင်စုအစိုးရက မတရားတဲ့ အမိန့်တစ်ရပ် ကို ပေးလာ ရင် ပြည်နယ်အသီးသီးကလည်း ပြည်ထောင်စုတပ်အတွင်းမှာ တာဝန်ထမ်းေ ဆာင်နေတဲ့ ၎င်းတို့ရဲ့ စစ်တပ်တွေကို ဗဟိုအစိုးရရဲ့ အမိန့်ကို မနာခံအောင် တပြိုင်တည်း အမိန့်ပေးခြင်းအားဖြင့် ပြည်ထောင်စုအစိုးရရဲ့ မတရားတဲ့ အမိန့် ပေးမှုကို ကာကွယ်နိုင်ပါတယ်။ ပြည်နယ်တစ်ခုဟာ ၎င်းတို့ရဲ့တ ပ်အင် အားကို ပြည်ထောင်စုတပ်ဖွဲ့ရဲ့ အင်အားထက်ဝက်ကျော်တဲ့အထိ ပါဝင်ဖွဲ့စည်း ခွင့်ရခြင်းဟာ အဲဒီပြည်နယ်အတွက် အားကိုးတ စ်ရပ် ဖြစ်ပေါ်ေ စပါတယ် ။


ပြည်ထောင်စုတပ်မတော်ကို ပြည်နယ်တွေက သော်လည်းကောင်း၊ ပြည်ထောင်စုက သော်လည်းကောင်း နိုင်ငံရေးပြဿနာမှာ အသုံးမပြုနိုင်ခြင်း ဟာ ပြည်ေ ထာင်စုတပ်မတော်အတွက် မရှိမဖြစ်လိုအပ်တဲ့ စံတစ်ရပ်ဖြစ်ပါတ ယ်။ ပြည်ေ ထာင် စုတပ်မတော်ဟာ ပြည်ထောင်စုအစိုးရရဲ့ အမိန့်ပေးမှုကို နာခံရန်လို အပ်ပါတယ်။ ပြည်ထောင်စုအစိုးရက မတရားတဲ့ အမိန့်တစ်ရပ် ကို ပေးလာ ရင် ပြည်နယ်အသီးသီးကလည်း ပြည်ထောင်စုတပ်အတွင်းမှာ တာဝန်ထ မ်းဆောင်နေတဲ့ ၎င်းတို့ရဲ့ စစ်တပ်တွေကို ဗဟိုအစိုးရရဲ့ အမိန့်ကို မနာခံအောင် တပြိုင်တည်း အမိန့်ပေးခြင်းအားဖြင့် ပြည်ထောင်စုအစိုးရရဲ့ မတရားတဲ့ အမိန့်ပေးမှုကို ကာကွယ်နိုင်ပါတယ်။ ပြည်နယ်တစ်ခုဟာ ၎င်းတို့ရဲ့တပ် အင်အားကို ပြည်ထောင်စုတပ်ဖွဲ့ရဲ့ အင်အားထက်ဝက်ကျော်တဲ့အထိ ပါဝင်ဖွဲ့စည်းခွင့်ရခြင်းဟာ အဲဒီပြည်နယ်အတွက် အားကိုးတစ် ရပ် ဖြစ်ေ ပ်ါစေပါတယ် ။


မြန်မာ့ဖက်ဒရယ်ရေးအစ ရှမ်းမူက

မြန်မာ့နိုင်ငံရေးလောကမှာ ၁၉၆၀ ပြည့်လွန်နှစ်များ မတိုင်မီအချိန်ထိ ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရဟာ ရှေ့တန်းရောက်မလာသေးပါဘူး။ ပြန်ကြည့်မယ်ဆိုရင် ၁၉၆၀ ပြည့်နှစ် စက်တင်ဘာလ ၂၂ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော် ပါလီမန် အစည်းအဝေးမှာ တရားရေးဌာနဝန်ကြီး ဒေါက်တာအေးေ မာင်က ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အဆိုတင်သွင်းခဲ့ပါတယ် ။


သူ့ရဲ့အဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့တာကြောင့် ၁၉၆၀ နိုဝင်ဘာ လ ၁၀ ရက်နေ့မှာ နိုင်ငံတော်သမ္မတကြီးက ဖွဲ့စည်းပုံအခြေခံပြင်ဆင်ေ ရး ကော်မတီကို ဖွဲ့စည်းပေးခဲ့ပါတယ် ။


အဲဒီမှာ ဦးတင်အေး၊ ဦးထွန်းမြင့်(တောင်ကြီး)၊ ဦးထွန်းဖေ တို့ဦးဆောင်တဲ့ ရှမ်းပြည်နယ်ကိုယ်စားလှယ် တစ်စုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဖို့အ တွက် တောင်ကြီးမှာ ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ နောက်တော့ ဦးထွန်းမြင့် (တောင်ကြီး) ကို တာဝန်ပေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒါနဲ့ ဦးထွန်းမြင့်က လည်း ၁၉၆၀ ဒီဇင်ဘာ ၆ ရက်နဲ့ ၈ ရက်နေ့အထိ ထုတ်ဝေခဲ့တဲ့ ဗိုလ်တစ်ေ ထာင် သတင်းစာမှာ “ကျွန်တော်တို့လိုလားသော ပြည်ထောင်စုစနစ်” လို့် ခေါင်း စဉ်တပ်ပြီး အခန်းဆက် ဆောင်းပါးရှည်ကြီးကို ရေးသားခဲ့ပါတယ်။ ဒါဟာ ဖက်ဒရယ်မူ ပေါ်ပေါက်လာစေမယ့် ရှေ့ပြေးအကြောင်းတရားတစ်ခုပဲ ဖြစ်ပါတယ် ။


ပြည်သူ့လွှတ်တော်က ဆုံးဖြတ်အတည်ပြုလိုက်တဲ့ အခြေခံဥပဒေပြင်ဆ င်ရေး ကို အထူးစိတ်ဝင်စားပြီး အရေးတယူ ဆောင်ရွက်ခဲ့တာကတော့ အဲဒီအချိန်က ရှမ်းပြည်နယ်အစိုးရပဲ ဖြစ်ပါတယ်။ ပြည်နယ်အစိုးရက ကမကထလုပ်ပြီးတော့ ၁၉၆၀ နိုဝင်ဘာလ ရ ရက်နေ့မှာ တောင်ကြီးမှာ အစည်းအဝေးတစ်ရပ် ကျင်း ပကြပါတယ်။ အဲဒီအစည်းအဝေးမှာ အခြေခံဥပဒေ စိစစ်ရေးကော်မတီကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ကော်မတီရဲ့တာဝန်ကတော့ အခြေခံဥပဒေ ကို လေ့ လာပြီး ပြင်ဆင်ဖို့လိုအပ်တာတွေကို အကြံပြုဖို့ဖြစ်ပါတယ် ။


ပထမအကြိမ်အစည်းအဝေးမှာပဲ ကော်မတီရဲ့အမည်ကို “ပြည်ထောင် စုမြန်မာနိုင်ငံ အခြေခံဥပဒေပြင်ဆင်ရေးဆွဲရေး (ရှမ်းပြည်နယ်ဆိုင်ရာ) ကြိုးကိုင်ကော်မတီ” လို့ ပြင်ဆင်လိုက်ပါတယ်။ အဲဒီနောက် “ရှမ်းပြည်နယ်မှ တင်သွင်းသော ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေ ခံဥပေ ဒ ပြင်ဆင်ရေးစာတမ်း” ကို ပြုစုခဲ့ကြပါတယ်။ ဒီစာတမ်းကို ၁၉၆၁ ဖေဖော် ဝါရီလအတွင်း တောင်ကြီးမှာ ကျင်းပတဲ့ ရှမ်းပြည်နယ်လုံးကျွတ် ညီလာခံက အတည်ပြုခဲ့ပါတယ် ။


ဒီစာတမ်းကိုပဲ လူမျိုးစုအားလုံးက အကျေအလည် ညှိနှိုင်းဆွေးနွေးနိုင်ဖို့အ တွက် ဝန်ကြီးချုပ်ဦးနုဆီမှာ တရားဝင်ခွင့်ပြုချက် ရယူပြီး ပြည်နယ်ေ ပါင်းစုံညီ လာ ခံကို ကျင်းပဖို့စီစဉ်ခဲ့ပါတယ်။ ၁၉၆၀ ဇွန်လ ၈ ရက်နေ့ကနေ ၁၆ ရက်နေ့ အထိ တောင်ကြီးမြို့ရှိ စားမြိန်ရိပ်သာမှာ “တောင်ကြီး လူမျိုးပေါင်းစုံ ညီလာ ခံကြီး” ကို ကျင်းပခဲ့ကြပါတယ်။ အဲဒီပွဲကို ကချင်၊ ကယား၊ ကရင်၊ ရှမ်းနဲ့ ချင်းဝိသေသတိုင်းက ကိုယ်စားလှယ်တွေအပြင် ဝန်ကြီးချုပ်ထံ က ပြည်နယ်ေ ပးမယ်လို့ ကတိရထားတဲ့ မွန်နဲ့ ရခိုင် ကိုယ်စားလှယ်တွေလည်း တက်ရောက် ကြ ပါတယ်။ ကိုယ်စားလှယ်ပေါင်း ၂၂၆ ဦးနဲ့ လေ့လာသူ ၁၀၄ ဦး တက်ရောက် ခဲ့ပါတယ် ။


တောင်ကြီးညီလာခံကနေ “ပြည်နယ်များ ညီညွတ်ရေးအဖွဲ့” ဖွဲ့စည်းဖို့ကိုလည်း သဘောတူခဲ့ကြပါတယ်။ ပြီးတော့ ရှမ်းပြည်နယ်က တင်သွင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စာတမ်းကိုလည်း အတည်ပြုခဲ့ကြပါတယ်။ ဒီစာတမ်းကို ရှမ်းပြည်နယ်အစိုးရ ပြန်ကြားရေးဌာနက ၁၉၆၁ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ စာတမ်းရဲ့ တရားဝင်အမည်က “ဖက်ဒရယ်မူ” ဖြစ်ပေမယ့် ရှမ်းပြည်နယ်က ဦးဆောင်ပြီး တင်သွင်းတာဖြစ်လို့ “ရှမ်းမူ” လို့ပဲ လွယ်လွယ်ခေါ်ခဲ့ကြပါတယ်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာတော့ “ဖက်ဒရယ်မူ” လို့ လူသိများထင်ရှားခဲ့ပါတယ်။ ဒါဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ တိုင်းရင်းသားလူမျိုးများကိုယ်တိုင် တင်သွင်းလာတဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသော မူဝါဒဆိုင်ရာ ကြေညာစာတမ်းလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ် ။


တကယ်တော့ “ဖက်ဒရယ်မူ” မှာ လူတွေအထင်မှားသလို ခွဲထွက်ရေး ကို တောင်းဆိုထားတာ မဟုတ်ပါဘူး။ အဲဒီတုန်းက ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်ထောင်စုလို့ တရားဝင်ဆိုထားပေမယ့် လက်တွေ့ကျင့် သုံးတဲ့နေရာမှာ တစ်ပြည်ထော င်ပုံစံ ဖြစ်နေတဲ့အတွ  က် ပြန်လည်ပြင်ဆင်ရေးဆွဲဖို့ကို အဆိုပြုထားခြင်းသာ ဖြစ်ပါတယ်။ ဖက်ဒရယ်မူထဲမှာ ခွဲထွက်ခွင့်ဆို တာ တစ်လုံးတစ်ပါဒမှ မပါသလို အဲဒီတုန်းက ရှမ်းအပါအဝင် တိုင်းရင်း ခါင်းဆောင်တွေရဲ့ သဘောဆန္ဒကို ကြည့်မယ်ဆိုရင် လည်း ပြည်ထောင် စုကြီးကနေ ခွဲထွက်လိုတဲ့ ပြည်ထောင်စုကြီးကို ပြိုကွဲစေလိုတဲ့ စိတ်ဆန္ဒ လုံးဝမရှိတာကိုလည်း တွေ့ရမှာဖြစ်ပါတယ် ။


“ဖက်ဒရယ်မူ” ထဲမှာ အဆိုပြုထားတဲ့ အရေးကြီးတဲ့ အဓိကအချက်လေးတွေကို ထုတ်နုတ်ဖော်ပြရမယ်ဆိုရင်

(၁) ဗမာပြည်နယ်ဖွဲ့စည်းရေး (ရှစ်ပြည်နယ်မူ)

(၂) အထက်လွှတ်တော် (လူမျိုးစုလွှတ်တော်) ကို ပြည်နယ်တိုင်းက တူညီတဲ့ ကိုယ်စားလှယ်အရေအတွက်ကို စေလွှတ်ရေး

(၃) အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်ကို အာဏာတူပေးရေး

(၄) ဗဟိုအစိုးရ (ပြည်ထောင်စုအစိုးရ) ကို အောက်ပါဌာနတွေကလွှဲပြီး ကျန်တဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို ပြည်နယ်အစိုးရထံ လွှဲအပ်ရေး

            (က) နိုင်ငံခြားဆက်သွယ်ရေး
            (ခ) ကာကွယ်ရေး
            (ဂ) ဘဏ္ဍာရေး
            (ဃ) ငွေဒင်္ဂါးနှင့် ငွေစက္ကူထုတ်ဝေရေး
            (င) စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး
            (စ) ရထား၊ ရေကြောင်း၊ လေကြောင်း ဆက်သွယ်ရေး
            (ဆ) တရားစီရင်ရေး
            (ဇ) ပင်လယ်ဆိပ်ကမ်းခွန်ကောက်ရေး

(၅) ပြည်ထောင်စုဘဏ္ဍာတော်ကို မျှတစွာခွဲဝေရေး တို့ပဲ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အာဏာခွဲဝေမှု

လက်ရှိမြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြည်ထောင်စု အစိုးရ အပြင် ပြည်နယ်/တိုင်းဒေသကြီး အစိုးရ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ တိုင်း/ဒေသ အစိုးရဆိုပြီး အုပ်ချုပ်ရေးအဖွဲ့တွေကို ခွဲခြားထားပါတယ်။ ထို့အတူ ဥပဒေပြု ဖို့အတွက် ပြည်ထောင်စုလွှတ်တော် ရှိသလို ပြည်နယ်လွှတ်တော်တွေလည်း ရှိပါတယ်။ ဒါ့အပြင် ပြည်နယ်ဥပဒေပြုစာရင်း ဆိုတာကိုလည်း သတ်မှတ်ပေး ထား ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင် စုနှင့် ပြည်န ယ်အစိုးရများအကြားက အာဏာခွဲဝေမှု အနေအထားကို လေ့ လာကြည့် ရင် ပြည်ထောင်စုအစိုးရမှာ ဥပဒေပြုခွင့်အာဏာပေါင်း ၁၃၀ ခု ပါရှိပြီး ပြည် နယ်အစိုးရတွေရဲ့ ဥပဒေပြုခွင့်အာဏာကတော့ ၄၁ ခု ရှိပါသည် ။


ပြည်နယ်ဥပဒေပြုစာရင်းကိုကြည့်ရင် ပြည်နယ်အစိုးရအနေနဲ့ သစ်တော ကဏ္ဍမှာဆိုရင် ကျေးရွာထင်းစိုက်ခင်း လောက်ပဲ စီမံခန့်ခွဲပိုင်ခွင့်ရှိပြီး စက်မှုလက်မှု ကဏ္ဍမှာဆိုရင်လည်း အသေးစား အိမ်တွင်းစက်မှုလုပ်ငန်းလောက်သာ ကြီးကြပ်ပိုင်ခွင့် ရှိတယ်ဆိုတာကို တွေ့ရပါတယ်။  ပြည်နယ်အစိုးရရဲ့ လုပ်ပိုင် ခွင့်ကို ကြည့်မယ်ဆိုရင်လည်း စည်ပင်သာယာရေး ကိစ္စကလွဲပြီး ကျန်ဥ ပဒေပြုခွင့်အာဏာ အားလုံးကို ပြည်ထောင်စုကသာ လွှမ်းမိုးချယ် လှယ်ထား တာ ဖြစ်လို့ စည်ပင်သာယာရေး ကော်မတီအဆင့်လောက်သာ ရှိတဲ့သေ ဘာဖြစ်ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတက တိုက်ရိုက်ခန့်အပ်တာ၊ အာဏာခွဲဝေရေးအပိုင်းမှာ ပြုလွယ်၊ ပြင်လွယ်ဖြစ်အောင် ပြဌာန်းမထားတာ စတာတွေဟာလည်း ဖက်ဒရယ်စနစ်နှင့် လွဲချော်နေတဲ့ အချက်တွေဖြစ်ပါတယ် ။


နောက်ထပ်တစ်ခုကတော့ အမျိုးသားလွှတ်တော် (ရှေးအခေါ် လူမျိုးစုလွှတ်တော်) မှာ ကိုယ်စားလှယ်ပေါင်း ၂၂၄ ဦး ရှိတဲ့အနက် ပြည်နယ်တွေကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ တစ်နည်းအားဖြင့်ဆိုရင် လူမျိုးစုငယ်များ သို့တည်းမဟုတ် လူနည်းစု (Minority) များကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် အရေအတွက်က တစ်ပြည်နယ်ကို ၁၂ ဦးနှုန်းနဲ့ ရ ပြည်နယ်ပေါင်းလျှင် ၈၄ ဦးသာ ရှိပါတယ်။ ဒါပေမယ့် တိုင်းဒေသကြီး ရ ခုကို အခြေခံတဲ့ တစ်နည်းအားဖြင့်ဆိုရင် Majority လူများစုကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟာ ၈၄ ဦးရှိတဲ့အပြင် ထပ်ပြီးတော့မှ တပ်မတော်သားကိုယ်စားလှယ် ဦးရေကလ ည်း ၅၆ ဦး ပါဝင်လျက်ရှိပါတယ်။ ဒါဟာ ဖက်ဒရယ်ဆိုတဲ့ လူနည်းစုကို အကာအကွယ်ပေးတဲ့ စံနှုန်းနဲ့လည်း မကိုက်ညီပြန်ပါဘူး ။


ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖက်ဒရယ်ပြည်ထောင်စုဖြစ်စေမှုကို လမ်းချော်စေတဲ့ အဓိကအချက်နှစ်ခုကိုလည်း တွေ့ရပါတယ်။ အဲဒါကတော့ သယံဇာတခွဲဝေရေး (Resource Sharing) နဲ့ အခွန်ကောက်ခံမှု စနစ်တို့ ဖြစ်ပါ တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်နယ်တွေကို အာဏာခွဲဝေပေးတဲ့နေရာမှာ ဥပဒေပြုခွင့်အာဏာ အများစုကို ဗဟိုကသာ ချုပ်ကိုင်ထားပြီး သဘာဝသယံ ဇာတခွဲဝေရေး အပိုင်းမှာလည်း ဗဟိုကပဲ အလုံးစုံချုပ်ကိုင်ထား တာ ဖြစ်တဲ့ အတွက်ကြောင့် ပြည်နယ်အစိုးရအဖွဲ့တွေအတွက် အကျိုးခံစားခွင့် မညီမ မျှဖြစ်စေပါတယ်။ အခွန်ကောက်ခံရာမှာလည်း ပြည်နယ်နှင့် တိုင်းဒေသကြီး များရဲ့ အခွန်ကောက်ခံပိုင်ခွင့် ဇယား (၅) အရ အခွန်ငွေရလမ်းဟာ နည်းပါးလွန်းတဲ့အတွက်ကြောင့် ပြည်နယ်အစိုးရများဟာ မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် စီမံကိန်းတွေကို အကောင်အထည်ဖော်တဲ့အခါ လိုအပ်တဲ့ဘတ်ဂျက်ကို ဗဟိုအစိုးရထံက အမြဲတမ်း လက်ဖြန့်တောင်းနေရမှာ ဖြစ်ပါတယ် ။


နိဂုံး

နောက်ဆုံးအနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒုတိယမြောက် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် ပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ပဲ အဆုံးသတ်ကြရေ အာင်ပါ။

“မိမိရဲ့နိုင်ငံကို စနစ်တကျ မှန်ကန်စွာ ချစ်မြတ်နိုးပြီး အခြားရဲ့ ယဉ်ကျေးမှုတိုင်း လူမျိုးတိုင်းအပေါ် လျော်ကန်သင့်မြတ်တဲ့ အလေးထား လေးစားမှုရှိတဲ့ စိတ်ဓာတ်ဟာ အပြုသဘောဆောင်တဲ့ လူမျိုးရေးဝါဒဖြစ်တယ်။

အခြားသူတွေကို ထိခိုက်နစ်နာစေပြီး မိမိတို့ရဲ့ ကိုယ်ပိုင် ကောင်း ကျိုးချမ်း သာကို ရှာဖွေတာ၊ တခြားသူတွေရဲ့ ယဉ်ကျေးမှုနဲ့ လူမျိုးရေးအပေါ် အထင်သေး အလေးမထားမှုကို သင်ကြားပေးတဲ့ အမျိုးသားရေးဝါဒ ဟာ ဖောက်ပြန် မှားယွင်းတဲ့ ပုံစံဖြစ်ပြီး ဒါဟာ အဖျက်သဘောဆောင်တဲ့ အမျိုးသားရေး ဝါဒ ဖြစ် တယ်” ဆိုတာပါပဲ။ မြန်မာနိုင်ငံအနေနဲ့ တည်ငြိမ်တဲ့ ဒီမိုကရေစီနိုင်ငံတစ် ခု ဖြစ် လာစေဖို့ဆိုရင် လက်တွေ့အလုပ်ဖြစ်တဲ့ ဖက်ဒရယ်စနစ်မျိုးကို ကြိုးစား တည်ဆောက်ရလိမ့်မယ်လို့ သုံးသပ်မိပါတယ် ။


စိုင်းနေမင်း ( ဆောင်းပါးရှင် )


ကိုးကား-

      i.        ဖက်ဒရယ်ဂျာနယ်၊ ၂၀၁၃ ဧပြီလ။

     ii.        ဖက်ဒရယ်ဝါဒမိတ်ဆက်၊ အေးမောင်ကျော်၊ ဓူဝံစာပေ၊ ပထမအကြိမ်၊ ၂၀၁၃ ဇူလိုင်လ။

    iii.        ဘာကြောင့်ဖက်ဒရယ်လဲ ဘာကြောင့်ငြိမ်းချမ်းရေးလဲ၊ အေးမောင်ကျော်၊ ဓူဝံစာပေ၊ ပထမအကြိမ်၊ ၂၀၁၃ ဇွန်လ။

    iv.        ဖက်ဒရယ်ရေးရာ၊ ခင်မောင်ရှိန် (ဥပဒေ)၊ မြန်မာ့ခေတ်စာပေ၊ ပထမအကြိမ်၊ ၂၀၁၃ ဇူလိုင်လ။

     v.        ဖက်ဒရယ်မူ သဘောတရားနှင့် လက်တွေ့၊ ကျော်ဝင်း၊ တကောင်းစာပေ၊ ပထမအကြိမ်၊ ၂၀၁၃ ဇူလိုင်လ။

    vi.        ဖက်ဒရယ်လေ့လာရေးစာစဉ်၊ ABSDF ဗဟိုကော်မတီဌာနချုပ်၊ လင်းစာပေ၊ ပထမအကြိမ်၊ ၂၀၁၄ အောက်တိုဘာလ။

   vii.        အမျိုးသားရေးဝါဒနဲ့ လူမျိုးစုပြဿနာ၊ သက်တင် (မန္တလေး)၊ နှင်းဆီနီစာပေ၊ ပထမအကြိမ်၊ ၂၀၁၄ မတ်လ။

  viii.        ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးဖြတ် သန်းမှုသမိုင်း (၁၉၈၈-၂၀၁၃)၊ ပ-အကြိမ်၊ ၂၀၁၄ မတ်လ။

    ix.        Professor Mr. Eric Bjornlund ၏ Federalism အကြောင်းပို့ချချက်၊ အမေရိကန်စင်တာ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates