စစ်ပွဲများ အမြန်ဆုံး ရပ်တန့်ရေး ကျားခေါင်းပါတီအမတ်၏အဆိုကို လွှတ်တော်အတည်ပြု



ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္တနေ့တွင် သျှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသောစစ်ပွဲများ အမြန်ဆုံး ရပ်တန့်ရေး နှင့် စစ်ရေးတင်းမာမှုများ အတွက် ဆက်လက်မဖြစ်ပွားရေး အဆိုကိုတင်သွင်းရာ သျှမ်းပြည်နယ်လွှတ်တော်၌ အတည်ပြုလိုက်ကြောင်း သိရသည် ။


အဆိုတင်သွင်းသော သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) သျှမ်းပြည်နယ်လွှတ်တော်အမတ် နန်းစမ်းစမ်းအေး မှ သျှမ်းပြည်နယ် အစိုးရသော်လည်းကောင်း ၊ ပြည်ထောင်စု အစိုးရသော်လည်းကောင်း သျှမ်းပြည်အတွင်း ဖြစ် ပွားနေသော စစ်ပွဲများအမြန်ဆုံးရပ်တန့်ရေးနှင့် ကြားဝင်ပြန်ဖြေရေး ၊ အနာဂတ်တွင် ဆက်လက်မဖြစ်ပွားရေး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် တိုက်တွန်းရာ လွှတ်တော်၌ အတည်ပြုလိုက် ကြောင်း ပြောသည် ။


“ လွှတ်တော်ဆုံးဖြတ်ချက်မှာ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင်က မှတ်တမ်းတင် ပေးမယ်လို့ပြောတယ် ။ မှတ်တမ်းတင်နဲ့ အတည်ပြုရမှာလေ ။ မှတ်တမ်းတင်ရုံဘဲဆိုရင် စာရွက်ထဲဘဲရှိမှာ သူတို့ မလုပ်ဆောင်ဘူး ။ အ တည်ပြုရင် သူတို့ အတည်ပြုထားတဲ့ဟာ တကယ်လုပ်ဆောင်ရတော့မယ် ကတိပေးထားသလိုမျိုး ” ဟု ၄င်းက ပြောသည် ။


သျှမ်းပြည်တွင်း တိုင်းရင်းသားအားလုံး ကိုယ်စားပြုပြီး ပြည်သူလူထု ဘဝလုံခြုံမှုရှိရန်အတွက် တင်သွင်းထား သည့်အဆိုဖြစ်သည် ။ ထို့ကြောင့် လွှတ်တော်၏ ဆုံးဖြတ်ချက်ရယူပြီး လွှတ်တော်အတွင်း လွှတ်တော် အမတ် များ အားလုံး မဲခွဲဆုံးဖြတ်ရာတွင် အဆို ထောက်ခံသူ ရ၆ ဦး ၊ ကန့်ကွက်သူ ၅၇ ဦးရှိပြီး အများစု တွင် တပ် မတော်သား လွှတ်တော်ကိုယ်စားလှယ် ဖြစ်ကြောင်း နန်းစမ်းစမ်းအေး ကပြောသည် ။


 “ ကျေနပ်သွားတာက တိုင်းရင်းသားအားလုံးပါဝင်တယ် ။ ဘယ်ပါတီမဆို ကြံ့ခိုင်ရေးပါတီအပါအဝင် သျှမ်းတိုင်း ရင်းသားဖြစ်တဲ့ ဝန်ကြီးလည်းပါတယ် ၊ ကျားဖြူပါတီလည်း ထောက်ခံပေးတယ် ၊ တိုင်းရင်းသား ပါတီအားလုံး အကုန်လုံး ထောက်ခံပေးတယ် ၊ ကြံ့ခိုင်ရေးပါတီထဲက သျှမ်းအမတ်တွေလည်း အားလုံးထတာ ၊ သျှမ်းပြည် ကောင်းကျိုးအတွက်ဆိုရင် သျှမ်းပြည်သူလူထု အမှန်တကယ် ရွေးချယ်တင်မြောက်လိုက်တဲ့ သျှမ်းပြည်ဖွား လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး ဝိုင်းဝန်းထောက်ခံခဲ့ပါတယ် ” ဟု ပြောသည် ။


သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ၊ သီပေါမြို့နယ် ၊ နမ္မတူမြို့နယ် နှင့် မိုင်းရှုးမြို့နယ် စသည့် ဒေသတွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် ပြည်သူလူထုများ ထွက်ပြေးပုန်းရှောင်ရပြီး အိုးအိမ်များ ပျက်စီးဆုံးရှုံးပြီး ကျွဲ ၊ နွား တိရစ္ဆာန်များ သေကြေကုန်ပြီး ကျောင်းနေအရွယ်ကလေးများလည်း ကျောင်းမနေခွင့်မရဘဲ ထွက်ပြေးပုန်း ရှောင်နေရပြီး စစ်ပွဲကြောင့် ပြည်သူလူထုများ ဒုက္ခရောက်ကြောင်း နန်းစမ်းစမ်းအေး ကပြောသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates