သီပေါကျေးလက်ဒေသခံသားအဖ မြေမြှုပ်မှိုင်းနင်းမိ သမီးဖြစ်သူ ဒဏ်ရာပြင်းထန်



သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ထဲမှာ ထင်းခုတ်သွားဖို့သားအဖ ၂ ဦး မိုင်းနင်းမိလို့ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြပါတယ် ။

မိုင်းနင်းမိလို့ ဒဏ်ရာရရှိသွားသည့် သားအဖ
ဂျူလိုင် ၁၈ ရက် နေ့ခင်း ၃ နာရီလောက်မှာ သီပေါမြို့နယ် ကျောင်းစုအုပ်စု  သဲကုန်းရွာနေ အဖဖြစ်သူ စိုင်းသိန်းအောင် အသက် ၄၀ ကျော်နဲ့ သမီးဖြစ်သူ နန်းမိုလိုင်း အသက် ၈ နှစ်တို့သားအဖ နေရပ်ရွာကနေ ကုန်းကောဝ် ဘက်ထင်း ၊ ထင်းရှူးသွားခုတ်ရာမှာ ကုန်းကောဝ် နဲ့ ပန်ညောင်ရွာကြားမှာ ထောင်ထားနဲ့ မိုင်း နင်းမိတာဖြစ်ပါတယ် ။


သီပေါမြို့က သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင်စိုင်စိုင်းက “  သမီးဖြစ်သူက ခြေထောက်တွေမှာ လက်တွေမှာ ကိုယ်တွေမှာဒဏ်ရာရတယ် ။ သူ့အဖေက ခြေထောက်မှာနဲ့ ပုခုံးမှာ ထိခိုက်ဒဏ်ရာရတယ် ။  ညနေ ၅ နာရီလောက်မှာ သီပေါဆေးရုံရောက်တယ် ။ ဒဏ်ရာပြင်းလို့ ည ၇ နာရီလောက်မှာ လားရှိုးဆေးရုံပို့လိုက်ရတယ် ” လို့သျှမ်းသံတော်ဆင့်ကိုပြောပါတယ် ။


ထောင်မိုင်းဟာ ဘယ်သူ့လက်ချက်မှန်းတော့မသိရသေးပါဘူး ။


အခင်းဖြစ်ပွါးရာ ဒေသမှာတော့ အစိုးရတပ်မတော်အပြင်  တအာင်းတပ်ဖွဲ့ TNLA ၊ သျှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ  RCSS/SSA နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA လို့လှုပ်ရှား သွားလာ နေပါတယ် ။


သျှမ်းပြည်မြောက်ပိုင်းစစ်ရေးပဋိပက္ခများမချုပ်ငြိမ်းနိုင်သေးတဲ့ သီပေါ ၊ ကျောက်မဲ ၊ လားရှိုး ၊ နမ္မတူဘက်မှာ ဒေသခံလူထုဟာလည်းမကြာခဏ မိုင်းနင်းမိ၊ ဒဏ်ရာရ သေဆုံးမှုတွေ ဖြစ်ပေါ်နေပါတယ် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates