လူငယ်များအတွက် ဖက်ဒရယ် နှင့် ငြိမ်းချမ်းရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ တောင်ကြီးမြို့တွင် ပထမအကြိမ်ကျင်းပ



သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ဟတ်ဟွမ် ဟော်တယ်၌ RCSS /SSA နှင့် တိုင်းရင်းသား လူမျိုးရေးရာ ဖွံ့ဖြိုးရေး နှင့် သုတေသနအသင်းတို့ပူးပေါင်းပြီး ပထမအကြိမ် သျှမ်းပြည်တွင်းရှိ လူငယ်များအား ဖက်ဒရယ် နှင့် ငြိမ်းချမ်းရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ကျင်းပကြောင်း သိရသည် ။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဂျူလိုင် ၂၀ မှ ၂၂ ရက်ထိ ကျင်းပပြုလုပ်ပြီး NCA သဘောတူ စာချုပ်များ ရှင်းပြခြင်း ၊၂၁ ရာစု ပင်လုံညီလာခံတွင် အမျိုး သမီးပိုမို ပါဝင်နိုင်ရေး ၊ ဖက်ဒရယ် ပြည် ထောင်စု တည် ဆောက် ရာတွင် ပြည် နယ် အာဏာခွဲဝေရေးကိစ္စ ၊ အထက်လွှတ်တော်တွင် အရေးပါရန် ၊ နိုင်ငံရေးဆွေး နွေးပွဲ၏ သဘောသဘာဝကို ရှင်းပြခြင်းနှင့် ပြည်နယ်တိုင်းတွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရှိသင့် / မရှိ သင့် ဆွေးနွေးကြောင်း Center for Development and Ethnic Studies ( C D E S) တိုင်းရင်းသား လူမျိုးရေး ရာ ဖွံ့ဖြိုးရေး နှင့် သုတေသနအသင်း သုတေသန ဒါရိုက်တာ မိုးစက်စ်စီးတေလှို ကပြောသည် ။


“ လူငယ်တွေ နိုင်ငံရေးကို သိနားလည် သင့်တယ် ။ ဒီနေ့လူငယ်ဟာ နက်ဖြန် သဘန်ခါ ခေါင်းဆောင်တွေဖြစ် လာ နိုင်တယ် ။ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်တော့မယ်ဆိုရင် ဖက်ဒရယ်ကဘာလဲ ငြိမ်းချမ်းရေးက ဘာလဲ ဆိုတာ လူငယ်တွေ မယ်မယ်ရရ နားလည်စေချင်တယ် ။ ဖက်ဒရယ် နဲ့ ငြိမ်း ချမ်းရေးဟာ ဆက်စပ်မှုရှိတယ် ။ ဖက် ဒရယ်ပြည်ထောင်စုတာ မတည်ထောင်နိုင်ရင် ငြိမ်းချမ်းရေးမရနိုင်ဘူး ။ ဒါကြောင့် ဖက်ဒရယ်ကိစ္စဟာ တိုင်းရင်း သားလူမျိုးထဲမှာ မကဘဲ တစ်နိုင်ငံလုံး နားလည်ဖို့လိုတယ် ” ဟု ၄င်းကပြော သည် ။


RCSS /SSA ဘက်မှ သတင်း နှင့် ပြန်ကြားရေးဌာနတာဝန်ခံ (တောင်ကြီးရုံး) ဗိုလ်ကြီး စိုင်းကျော်က လူငယ် များသည် ဖက်ဒရယ် နှင့် ငြိမ်းချမ်းရေး ပိုမို နားလည်လာစေရန် ၊ ဖက်ဒရယ်တွင် ပြည်သူများ အတွက်သာမကဘဲ တိုင်းပြည်တစ်ပြည် ၊ လူမျိုးတစ်မျိုး အတွက် မည်မျှအရေးကြီး လိုအပ်ကြောင်း လူငယ် များ သိစေချင်သည့် ရည်ရွယ် ချက်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပကြောင်း ပြောသည် ။


“ လူငယ်တွေ ဖက်ဒရယ်ကို နားလည်လာအောင် ၊ ဦးနေဝင်းတို့ခေတ် တုန်း ကဆို ဖက်ဒရယ် အကြောင်း ပြောလို မရဘူး ။ ဘာဖြစ်လဲဆို ဖက်ဒ ရယ်ပြောရင် ခွဲထွက်ရေးပေါ့ ၊ အခုက ဖက်ဒရယ်အကြောင်း ပြန်ပြော လာပြီ ၊ ဒါကြောင့် လူငယ်တွေ ဖက်ဒရယ် ကိုသိစေချင်တယ် ” ဟု ၄င်းကပြောသည် ။


RCSS /SSA ( သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / သျှမ်းပြည်တပ် မတော်) နှင့် Center for Development and Ethnic Studies ( C D E S) တိုင်းရင်းသားလူမျိုးရေးရာ ဖွံ့ဖြိုးရေး နှင့် သုတေသနအသင်းတို့ ပူးပေါင်းပြီးဖွင့် လှစ်ပေးသည့်အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင်  သျှမ်းပြည် အရှေ့ပိုင်း ၊ မြောက် ပိုင်း နှင့် တောင်ပိုင်း ၌ လူငယ် ၅၀ ခန့် တက်ရောက်ကြောင်း သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates