မိုင်းယော်ဒေသခံ ၇ ဦးသတ်ခံရမှု ၂၁ ရာစု ပင်လုံညီလာခံ ထိခိုက်စေနိုင်သည်ဟု ဒေသခံ အဖွဲ့များ ပူးတွဲသဘောထားထုတ်ပြန်



သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်တွင် ပြီးခဲ့သော ရက်သတ္တပတ်က ဒေသခံ ရ ဦး သတ်ဖြတ်ခံရသည့် ကိစ္စသည် လက်ရှိဖော်ဆောင်နေသော ပြည်တွင်း ငြိမ်းချမ်းရေး နှင့် ၂၁ ရာစု ပင်လုံညီလာခံ ကို များစွာ ထိခိုက်စေနိုင်သည်ဟု ဂျူလိုင် ၄ ရက်နေ့ ရက်စွဲဖြင့် သျှမ်းပြည်အခြေစိုက် လူမှုအဖွဲ့ ၅ ခု က စုပေါင်းကာ သဘောထား ထုတ်ပြန်ခြင်းဖြစ်သည် ။


၂၁ ရာစု ပင်လုံညီလာခံသည် အမျိုးသားရင့်ကြားစေ့ရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကျင်းပမှာဖြစ်ပြီး ယခုလို တိုင်းရင်းသားဒေသတွင် မတရား သတ်ဖြတ် မှုများစွာရှိနေသော ကြောင့် တိုင်းရင်းသားအားလုံးက ညီလာခံအပေါ် ယုံကြည်မှု နည်းလာနိုင်ပြီး ၂၁ ရာစု ပင်လုံ ညီလာခံကို ထိခိုက်နိုင်စေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ် ကွန်ရက် TYN ဦးဆောင်ကော်မတီထဲမှ တာဝန်ရှိသူ နန်းဆိုင်လောဝ်က ပြောသည် ။


“၂၁ ရာစု ပင်လုံညီလာခံက ယုံကြည်မှုကို တည်ဆောက်ရမှာ ၊ အမျိုးသားရင်ကြားစေ့ရေးကို တည် ဆောက်ရမှာ တစ်နိုင်ငံလုံးအဆင့် ငြိမ်းချမ်းရေးကိုဖော်ဆောင်ရမှာဖြစ်တဲ့အတွက် အခုက မငြိမ်း ချမ်း တဲ့ပုံစံဖြစ်နေတာ ပြည်သူလူထုတွေက မတရားခံနေရတယ် ။ အလကား သတ်ဖြတ် ခံနေရတဲ့အတွက် ဒီငြိမ်းချမ်းရေးဆိုတာကြီးကို ပြည်သူလူထုတွေက ဘယ်လိုယုံကြည်နိုင်မလဲ တကယ်လို့ ပြည်သူ လူထု တွေ မယုံကြည့်တဲ့ ငြိမ်းချမ်းရေး ညီလာခံကြီးကို အကောင်အထည် ဖော်မယ်ဆိုရင် စစ်မှန်တဲ့ အဖြေရ လာနိုင်မှာမဟုတ်ပါဘူး ” ဟု ၄င်းကပြောသည် ။


မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ကွန်ရက် (T.Y.N) ၊ တအာင်းကျောင်းသားနှင့် လူငယ်များ အဖွဲ့ ၊ ကချင်လူငယ်အဖွဲ့အစည်းများ (သျှမ်းပြည်) ၊ တအာင်းအမျိုးသမီးအဖွဲ့အစည်း ၊ တအာင်းကျောင်းသား လူငယ်များအဖွဲ့ နှင့် အရပ်ဘက်အဖွဲ့အစည်း တို့ က ပူးတွဲကာ သဘောထားထုတ်ပြန်ကြေညာ ခြင်းဖြစ်သည် ။


“၂၁ ရာစုကို ဘယ်လို ထိခိုက်စေနိုင်လည်းဆိုတော့ အခုလို သူတို့က တိုင်းရင်းသား ပြည်သူ တွေကို ဦးတည်ချက်ရှိရှိနဲ့ အဲ့လိုတိုက်ခိုက်တာက ဒီစစ်ရေးပဋိပက္ခကို ပိုမို ကြီးမားအောင် တွန်းအားပေး တယ်လို့ထင်တယ်ပေါ့နော် ။  အဲလိုဖြစ်နိုင်တဲ့အတွက် ၂၁ ရာစု ပင်လုံကို ထိခိုက်တယ် ပေါ့ ” ဟု တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ တွဲဖက်အတွင်း ရေးမှူး (၂) မိုင်းမျိုးအောင် ကပြောသည် ။


အဆိုပါ ထုတ်ပြန်ကြောညာချက်တွင် မိုင်းယော် ဒေသခံ ရ ဦး သတ်ဖြတ်ခံရမှုသည် မြန်မာ့ တပ်မ တော် ၏ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်း ၊ ပြည်သူလူထု နှင့် တပ်မတော်အကြား ၊ တိုင်း ရင်းသားနှင့် တပ်မတော်အကြား ယုံကြည်မှု ပျက်ပြားစေသည့်အပြင် လက်ရှိအစိုးရမှ ခေါ်ယူ ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံကိုများစွာ ထိခိုက်စေသည့်အတွက် ပြည်သူလူထုအား ရက်စက်စွာ သတ်ဖြတ်မှုနေမှုများကို ရပ်တန့်ပေးရန် ၊ အစိုးရ နှင့် သက်ဆိုင်ရာ အဖွဲ့အစည်း များမှ အမှန်တရား နှင့် ဖြစ်စဉ်အမှန်ပေါ်ပေါက်လာရန် အမြန်ဆုံး ဖော်ထုတ်အရေးယူပေးပါရန် အတွက် သဘောထားထုတ်ပြန်ခဲ့သည် ။


လားရှိုးမြို့နယ် မိုင်းယော် ဒေသခံ ရ ဦး သတ်ဖြတ်ခံရမှုသည် မြန်မာအစိုးရတပ်မတော်၏ လက်ချက်ဟု ဒေသခံများကပြောဆိုနေကြသော်လည်း အစိုးရတပ်မတော်ပိုင် မြဝတီ သတင်းစာတွင်မူ ပြီးခဲ့သည့် ဂျွန် ၂၅-၂၆ ရက်နေ့က မြန်မာ့တပ်မတော်နှင့် တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားပြီး သေနတ်ဒဏ်ရာဖြင့်သေဆုံးနေသည့် TNLA တပ်သား ရ ဦးအား မြေမြှုပ်ပေးခဲ့ သည်ဟု ရေးသားဖော်ပြထားသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates