အပစ်မဲ့အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်မှု ရပ်တန့်ရေး လားရှိုးတွင် လူထု ၁၀၀၀ ကျော် စီတန်းလှည့်လည်ဆန္ဒပြ



သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ဒေသတွင်း ပြည်သူလူထုစုပေါင်းကာ အပစ်မဲ့အရပ်သားများအား ပစ် မှတ် ထား တိုက်ခိုက်မှု ရပ်တန့်ရေး ၊ ငြိမ်း ချမ်းလုံခြုံစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေး ၊ တရားဥပဒေ စိုးမိုးရေး အတွက်ရည်ရွယ်သည့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြ ပွဲကျင်းပ သည်ဟုသိရသည် ။

လားရှိုးမြို့တွင် ငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက် ပြည်သူလူထု ချီတက်ဆန္ဒပြကြသည့်ပုံရိပ်
ဂျူလိုင်လ ၁၆ ရက် နံနက် ၉ နာရီမှစ၍ လားရှိုးမြို့ ရပ်ကွက် ၁ ကချင် နှစ်ခြင်း ဘုရားကျောင်းမှစ၍ စုပေါင်း ချီတက်ကာ ဆန္ဒပြပွဲတရပ် ကျင်းပနေကြောင်း ၊ လားရှိုးမြို့တွင်း နှင့် ဒေသန္တရအတွင်း လူထုအင်အားစုစုပေါင်း ၁၂၀၀ ထက် မနည်းပူးပေါင်းပါဝင်သည်ဟု ပါဝင်သူလူငယ်တဦးကပြောသည် ။


သျှမ်းလူငယ်ကွန်ယက်မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းနော်ဆိုင်က -" ကျနော်တို့ဒေသခံ ပြည်သူလူထု မတရား ဖမ်းဆီးသတ်ဖြတ်ခံနေရတယ် ။ တာဝန်ယူမှု တာဝန်ခံမှုတွေမရှိဘူး ။ ဒါ့ကြောင့်တပ်မတော် အပါအဝင် တိုင်းရင်း သားလက် နက်တွေကအစ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ပါ ။ ကျနော်တို့တောင်းဆိုတာ ကတော့ ရ ချက်ရှိပါတယ် " -ဟု သျှမ်းသံတော်ဆင့် သို့ပြောသည် ။


လူထုတောင်းဆိုချက် ရ ချက်မှာ - စစ်ဒဏ် သင့်ပြည်သူများ ဘေးကင်း လုံခြုံစွာ နေရပ်ပြန်နိုင်ရေး ၊ တရားဥပဒေစိုးမိုးရေး ၊ အပစ်မဲ့ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှု များရပ်တန့်ပေးရေး ၊ ပြည်သူများအေးချမ်းစွာ သွားလာအသက်ရှင်နေထိုင်နိုင်ရေး ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ရေး ၊ တနိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေး ၊ တိုင်းရင်းသားများ၏အခွင့်အရေးကို အာမခံသည့် ဖက်ဒရယ် Federal ပြည်ထောင်စုပေါ်ပေါက်လာရေး စသဖြင့်ပါဝင်ပါသည် ။


ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒပြနိုင်ရန်အတွက် သျှမ်းလူငယ်များကွန်ယက် ၊ သျှမ်းလူငယ်အဖွဲ့၊ ကချင်လူငယ်အဖွဲ့အစည်း (ရှမ်းပြည်) တအာင်း အမျိုးသမီးအဖွဲ့အစည်း ၊ တအာင်းကျောင်း သားနှင့် လူငယ်များအဖွဲ့တို့မှ ဦးဆောင်ဦးရွက်ပြု စီစဉ်ပေးကြောင်းသိရသည် ။


" အထက ၁ နာက ကချင်နှစ်ချင်းဘုရားကျောင်းကနေ စထွက်တာ ။ သိန္နီလမ်း မကြီး ၊ ရပ်ကွက် ၃ ၊ မြို့တော်ခန်းမ ၊ ဆေးရုံ ၊ အမှတ် ၁ ရဲစခန်း ဘက်ကို သွား ကြမှာ ။ ခွင့်ပြုချက်က လူငယ်အား ၁၂၀၀ တင်ထားတယ် ။ အခုလာပြီး ပူးပေါင်း ကြတဲ့ လူအင်အား ၁၀၀၀ ကျော်ရှိနေပြီ ။ အခြေအနေကတော့ အေးဆေးဘဲ ၊ ရဲတပ်ဖွဲ့ထဲကပုဂ္ဂိုလ်တွေ အာဏာပိုင် တချို့လည်းပူးပေါင်းတယ် ။" ဟု စိုင်းလွယ်မံစမ် ကပြောသည် ။


စီတန်းလှည့်လည်ရေးအား နံနက် ၉ နာရီမှ ၁၂ နာရီအထိ လားရှိုးမြို့ ရဲတပ်ဖွဲ့မှူးကခွင့်ပြုချက်ပေး ထားကြောင်းသိရသည် ။


သျှမ်းပြည်မြောက်ပိုင်းအတွင်း စစ်ရေးပဋိပက္ခကြောင့် ကျေးရွာမီးရှို့ခံရ မှု ၊ ဒေသတွင်းလူငယ်နှင့် ခရီးသွားများ ဖမ်းဆီးခံရမှု ၊ အကြောင်း မသိရဘဲပျောက်ဆုံးသွားမှု ၊ ဒေသခံများ ဖမ်းဆီးသတ်ဖြတ်ခံရမှု ၊ ဂျွန် ၂၅ ရက်နေ့က လားရှိုးကျေးလက်ဒေသခံ ရ ဦး ပစ်သတ်ခံရမှုအပေါ် အကြောင်းပြုကာ ဒေ သ ခံလူထု ၁၀၀၀ ကျော်တို့ စုပေါင်းချီတက် ဆန္ဒပြရခြင်းဖြစ်ကြောင်း ဦးဆောင်မှုပြုသည့် လူငယ်များအဖွဲ့ကပြောပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates