အစိမ်းရောင်စွမ်းအင်မူဝါဒချမှတ်နိုင်ရေးကျားခေါင်းအမတ်များတောင်ကြီးမြို့၌ဆွေးနွေး
သျှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့ချယ်ရီကွင်းဟော်တယ် (Cherry Queen Hotel) ၌စွမ်းအင်နှင့်ပတ်သက် သည့် မူဝါဒများချမှတ်နိုင်ရန်သျှမ်းတိုင်းရင်း သား များဒီမိုကရေစီအဖွဲ့ချုပ် (S.N.L.D) ခေါ် ကျားခေါင်းပါတီမှ အစိမ်းရောင် စွမ်းအင်မူဝါဒချမှတ်ရေးခေါင်းစဉ်ဖြင့်အလုပ်ရုံ ဆွေးနွေးပွဲကျင်းပခဲ့ကြောင်းသိရသည် ။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင်ကျားခေါင်းပါတီမှလွှတ်တော်ကိုယ်စားလှယ်အမတ်များတက်ရောက်ပြီးဂျူလိုင်၉ရက်နေ့မှ ၁၀နှစ်ရက်နေ့အထိ နှစ်ရက်တာဆွေးနွေး မည်ဖြစ်ပြီးလျှပ်စစ်စွမ်းအင်နှင့် ပတ် သက်ပြီး အားနည်းချက် နှင့် အားသာချက်များကို Mekong Energy and Ecology Network (MEE Net) အဖွဲ့မှလာရောက်ဦးဆောင်ေ ဆွးနွေးကြောင်းသိရသည် ။
“ မြန်မာနိုင်ငံကလျှပ်စစ်နဲ့ပတ်သက်ပြီးမူဝါဒတွေမရှိသေးဘူး။ဒါကြောင့်ဒီဆွေးနွေးပွဲကနေနည်းလမ်းရှာပြီးလျှပ်စစ်နဲ့ပတ်သက်တဲ့မူဝါဒတွေ ၊ဥပဒေတွေလွှတ်တော်မှာတင်သွင်းနိုင်အောင်လို့ပါ ” - ဟုလားရှိုး ခရိုင်အမျိုးသား လွှတ်တော်အမတ်စိုင်းဝမ်းလျဲန်းခမ်းကပြောသည် ။
လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရန်သျှမ်းပြည်တွင်း၌သံလွင်မြစ်ရေကာတာစီမံကိန်းကြီးများရှိကြောင်းရေကာတာစီမံကိန်း၏ကောင်းကျိုးထက်ဆိုးကျိုးပိုမိုများမည်ဖြစ်သည့်အတွက်လွှတ်တော်ကိုယ်စားလှယ်များသိထားသင့်သည့်အတွက်အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်းစိုင်းဝမ်းလျှန်းခမ်းကပြောသည် ။
“လျှပ်စစ်ကလိုအပ်တယ်။အဲ့ဒါကိုထိခိုက်မှုသိပ်မရှိအောင်ကောင်းကျိုးများများရှိပြီးဆိုးကျိုးနည်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာပညာတတ်တွေဘက်က သုတေသနလုပ်ထားတာတွေကိုလာဆွေးနွေး တယ်။ လွှတ်တော်အမတ်တွေစဉ်းစားတွေးခေါ်တတ်ဖို့ဆွေးနွေးတင်ပြတတ်ဖို့ပါ” ဟု၎င်းကပြောသည် ။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကျားခေါင်းပါတီမှ ထိပ်ပိုင်းခေါင်းဆောင် အချို့အပါအဝင် ကျားခေါင်း ပါတီ လွှတ်တော် အမတ်မင်း ၄၀ အနက် စိုင်းထွန်းဉာဏ် ကျောက်မဲနှင့် စိုင်းအောင်ကျော်ဦး ကွန်ဟိန်း တို့ နှစ်ဦးသာပျက်ကွက်သည် ။
Tags: News, politic