ရွာအတွင်းဗုံးမှိုင်းထောင်ပြီး ကင်းစောင့်ခိုင်းသည့်ကိစ္စအား တာဝန်ယူ စီစစ်ပေးပါရန်



သို့- သျှမ်းသံတော်ဆင့် သတင်းဌာနမှတဆင့် ကချင်လွတ်လပ်ရေး တပ်မတော်ထံသို့

ကျနော်တို့ ကချင်ပြည်နယ် မန်စီမြို့နယ် မန့်ကောင်းဆိုင်ရွာ အခြေစိုက်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ က ရွာသားများအား အလှည့်ကျ ကင်းစောင့်ခိုင်းနေသည့်ကိစ္စ ၊ ရွာတွင်မှိုင်းဗုံးများ ထောင် ထား သည့်ကိစ္စများ တာဝန်ယူဖြေရှင်းပေးပါရန်  တင်ပြတောင်းဆိုအပ်ပါသည် ။


KIA တပ်မဟာ ၆ သည် ကျနော်တို့ ရွာသားများအား ယခုဂျူလိုင်လ ၈ ရက်နေ့မှစ၍  နေ့ရောညပါ ကင်းစောင့်ခိုင်း၏။ ရွာသား များအား တခါခေါ်လျှင် ၅ ယောက်တကြိမ် အလှည့်ကျ ကင်းစောင့်ခိုင်း၏။ စဝ်ဝတ်စုံများ ၊ သေနတ်များ ကိုင်ဆောင် စေကာ ကချင်စစ်သားကဲ့သို့ နေထိုင်စေ၏။ ကျနော်တို့ ရွာသားများအနေဖြင့် စစ်ပညာ မသင်ကြား ရသောကြောင့် တိုက်ပွဲဖြစ်ပွားမည်ကို ထူးစိုးရိမ်ရပါသည် ။ တိုက်ပွဲကြောင့် ကျေးရွာ မီးရှို့ ခံရမည်ကို လည်း အထူး စိုးရိမ်ရပါသည် ။


၎င်းအပြင် ဂျူလိုင် တရက်နေ့က စလို့ ချိန်ကိုက်ဆွဲမှိုင်း မှိုင်းထောင်သည့်ကိစ္စက အထူးစိုးရိမ်ရပါသည် ။ ကျေးရွာအဝင်လမ်း ၊ ဘုန်းကြီးကျောင်းသွားလမ်း ၊ လယ်ယာဆင်းလမ်းတို့တွင်လည်းကောင်း ၊ သစ်ပင်ကြီး တချို့ပေါ်တွင်သော်လည်းကောင်း ၊ ခြံစည်းရုံးတို့တွင်လည်းကောင်း မှိုင်းများထောင်ထားသည် ။ ထိုနေရာများ တွင် ကလေး များ သွားရောက်ဆော့ကစားချင်းမပြုဖို့ အသွားအလာဆင်ခြင်ဖို့ လည်း အဆိုပါ တပ်မဟာ ၆ လက် အောက်ခံ စစ်ကြောင်းမှူးက သတိပေးပြောဆိုထားသည် ။


ဗိုလ်တန်ကွန်း ဦးဆောင်သည့် KIA တပ်မဟာ ၆ သည် မန့်ကောင်းဆိုင်ရွာတွင် လာရောက်နေထိုင် လာသည်မှာ ရ ခန့်ရှိပြီး ဖြစ်သည် ။ ယခုကဲ့သို့ ရွာသားများအားကင်းစောင့်ခိုင်းမှုသည် ပထမဦးဆုံးအကြိမ်ဖြစ် ပါသည် ။ သို့သော်  သဘာဝအလျောက်နေထိုင်စားသောက်အလုပ်လုပ်ကိုင်နေသောရွာသားများအား နိုင်ငံရေး ၊ စစ်ရေးပြသနာအတွင်းမဆွဲထည့်ပါရန် ၊ ဓါးစာခံအဖြစ်မသုံးပါရန် အနူးအညွတ်တောင်းဆိုလိုက်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates