မိုင်ဂျာယန်ညီလာခံကြီး၌ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးကိစ္စအပြင် ဖက်ဒရယ်ဖွဲ့စည်းပုံ (မူကြမ်း) ကိစ္စ ပါဆွေးနွေးမည်



ဂျူလိုင် ၂၆- ၂၉ ရက်နေ့အထိ မိုင်ဂျာယန်တွင် ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များ မျက်နှာစုံညီအစည်းအဝေး၌ ဖက်ဒရယ် ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေး ၊ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ပါ အဓိက ခေါင်းစဉ်ကြီး ၄-၅ ခု ဆွေးနွေးမည်ဟု သိရသည် ။


ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်၌ ၄ ရက်ကြာ ကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ မျက်နှာစုံညီအစည်းအဝေး၌ - ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေး ၊ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေး ၊ နိုင်ငံရေးဆွေးနွေးရေးမူဘောင် ပြင် ဆင်ရေး ၊ ပင်လုံလက်စွဲ (မူကြမ်း) စာတမ်း သတ်မှတ်ရေး နှင့် ဖက်ဒ ရယ်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) စသည့်အကြောင်းအရာများ အဓိက ဆွေးနွေး မည်ဟု သိရသည် ။


“ ဟုတ်တယ် ။ အဲ့ဒီလိုကြားတယ် ။  ဒီ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေ ခံဥပဒေ ကိစ္စ ဆွေး နွေးမဲ့ဟာက အစိုးရတပ်မတော် ဘက်က သိပ် သဘော မကျဘူး ။ ၂၀၀၈ ကို ယှဉ်ပြိုင်တဲ့ ဖွဲ့စည်းပုံလို့ သူတို့မြင်တယ် ။ သူတို့ရဲ့ ၂၀၀၈ ဖွဲ့စည်း ပုံလဲ ရှိပြီးသားဘဲ ၊ ထပ်မလုပ်သင့်တော့ဘူးပေါ့ ။ ဒါ့ကြောင့် သူတို့ လက် မခံချင်ဘူးလို့ကြားတယ် ” - ဟု တက်ရောက်သူ ကိုယ်စား လှယ်ေ တ်ာကြီး တဦး က ပြောသည် ။


“ အစတုန်းက အဓိက အကြောင်းအရာ ၄ ခုပေါ် မူတည်ပြီးဆွေးနွေးမယ်ပြော တယ် ။ UNFC ကနေ တင် သွင်းလာတဲ့ ဒီ ဖက်ဒရယ်ပြည်ထောင်စု သမ္မတ မြန် မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ အကြောင်းလဲ ဆွေး နွေးမယ်ဆိုတာ မသိ လိုက်ဘူး ။ UNFC ကနေ ပြန်ပြင် ထားတဲ့ အချက်ကို သူတို့က တင်ပြမယ် ။ အချိန် တော့ လောက်မလားမပြောတတ်ဘူး ဆွေးနွေးပြီးသဘောတူဖို့က ” - ဟု ပြည်ထောင်စု အင်စတီ ကျု ဒါရိုက်တာ ဦးခွန်စိုင်းက သျှမ်းသံတော်ဆင့် သို့ ပြောသည် ။


ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) အား ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေ ခံဥပဒေ (မူကြမ်း) ရေးဆွဲရေး နှင့် ညှိနှိုင်း မှု ကော်မတီ FCDCC က ရေးဆွဲပြီး ၂၀၀၈ ခု က ဒုတိယ - မူကြမ်း အဖြစ် သဘောတူထားသည်။ အခန်းကြီး ၁၄ ခန်း ပုဒ်မ ၂၀၃ ခု  ရှိ အဆိုပါမူကြမ်း အား ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC သုတေသန နှင့် ဥပဒေ ရေးဌာန မှ မွမ်း မံဖြည့်စွက်တင်ပြထားသော အချက်များက အခန်းကြီး ၁၅ ခန်း ပုဒ်မ ၁၉၂ ခု ရှိသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates