မျက်နှာစုံညီအစည်းအဝေးကြီး တက်ရောက်ရန် သျှမ်းအင်အားစုများ မိုင်ဂျာယန်သို့ ရောက်ရှိ



ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်တွင်ပြု လုပ်ကျင်းပမည့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ မျက်နှာစုံညီ အစည်းအဝေးကြီး တက်ရောက်ရန် သျှမ်း အင်အားစုများသည် ယနေ့ ဂျူလိုင်လ ၂၅ ရက်နေ့ တွင် မိုင်ဂျာယန်သို့ ရောက်ရှိလာကြသည် ။

မိုင်ဂျာယန်ရောက်  SSPP ကိုယ်စားလှယ်တော်ကြီး ဗိုလ်ချုပ်စိုင်းထူး
သျှမ်းအင်အားစုများဖြစ်သည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ၊ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းတပ်မတော် ၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ( တောင်ပိုင်း ) ၊ သျှမ်း အမျိုး သမီးများ လှုပ်ရှားမှုကွန်ယက်မှ ကိုယ်စားလှယ်အချို့သည် မိုင်ဂျာယန် သို့ ရောက်ရှိနေခြင်းဖြစ်သည် ။


“ ကျနော်တို့က အားလုံးအတွက် လမ်းကြောင်းတစ်ခုပေါ် လာမလားဆိုပြီး လာတာပါ ။ အသေးစိပ်ဘာဆွေးနွေးမယ်ဆိုတာတော့ ပြောလို့ မရသေးပါဘူး ” - ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းလက ပြောသည် ။


သျှမ်းပြည်တိုးတက်ရေးပါတီ ကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်ချုပ်စိုင်းထူးမှ ဦးဆောင်လာခဲ့ပြီး ၊ RCSS/SSA ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စဝ်ပေါင်ခေးမှ ဦးဆောင်လာခဲ့သည် ။


သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး (၂) စိုင်းကျော်ညွှန့်မှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာ မိတ်အဖွဲ့ ကိုယ်စားလှယ်အဖြစ် ပါ  တက်ရောက်မည်ဖြစ်ပြီး အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ ယိင်းဟန်ဖမှာမူ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ၏ ကိုယ် စားလှယ်အဖြစ်ပါ တက်ရောက်မည်ဖြစ်သည် ။ ကျားဖြူပါတီတွင် ပါဝင်နေသော ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းမှ ကိုယ်စားလှယ်များလည်း မိုင်ဂျာ ယန်အစည်းဝေးကို တက်ရောက်မည်ဖြစ်သည် ။


သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အတွင်းရေးမှူး (၂) စိုင်းကျော်ညွှန့်မှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာ မိတ်အဖွဲ့ ကိုယ်စားလှယ်အဖြစ်ပါတက်ရောက်မည်ဖြစ်ပြီး အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ ယိင်းဟန်ဖမှာမူ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ၏ ကိုယ် စားလှယ်အဖြစ်ပါ တက်ရောက်မည်ဖြစ်သည် ။ ကျားဖြူပါတီ ပါဝင်နေသော ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းမှ ကိုယ်စားလှယ်များလည်း မိုင်ဂျာ ယန်အစည်းဝေးကို တက်ရောက်မည်ဖြစ်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates